"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 7, 2020

ရောဂါကာကွယ်ဆေး

 

တွေ့လား ဒီမှာဆေးထိုးခဲ့တာ။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မိမိအလုပ်လုပ်နေသောဆေးရုံတွင် ရာသီတုတ်ကွေးရောဂါကာကွယ်ဆေးထိုးရသည်။  

သူနာပြုဆရာမကြီး (Sister) က ဆေးကိုထိုးနှံပေးပါသည်။

ဆရာမကြီးက ဆေးမထိုးမီ ဘယ်ဘက်လက်မောင်းလား ညာဘက်လက်မောင်းလားဟုမေးသည်။

မိမိက မည်သည့်ဘက်ဖြစ်ဖြစ် အဆင်ပြေကြောင်းပြောလိုက်သည်။

သို့သော် သူက ညာဘက်လက်က အလုပ်လုပ်တာများသည့်အတွက် ဘယ်ဘက်ကိုထိုးပေးခဲ့သည်။

ဆေးရုံတွင် ၀န်ထမ်းဖြစ်ပြီးကတည်းက တုတ်ကွေးရောဂါကာကွယ်ဆေးကို ယခုနှစ်မှာ ဒုတိယအကြိမ်ထိုးရခြင်းဖြစ်သည်။ 

ပထမတစ်ကြိမ်မှာ ဇွန်လကဖြစ်သည်။ 


သင်နှင့်သင့်မိသားစု ကာကွယ်ဆေးထိုးနှံပါ။
          


ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင်တွေ့ရသည့် 
ကာကွယ်ဆေးထိုးရန်အသိပေးကြော်ငြာဆိုးင်းဘုတ်


ကာကွယ်ဆေးထိုးခြင်းအားဖြင့် 
ခန္ဓာကိုယ်အတွင်းမှာ အင်တီဘော်ဒီများ (antibodies) ထွက်ပေါ်လာပြီး ပြင်ပက၀င်လာသည့်ရောဂါပိုးများကို ခုခံပြန်ချနိုင်စွမ်းရှိလာသည်။

မိမိကဲ့သို့ ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသူအဖို့ ရာသီတုတ်ကွေးရောဂါကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။

ထို့အပြင် အခြားသောကာကွယ်ဆေးများ ပြည့်ပြည့်စုံစုံ ထိုးနှံထားရန်လည်း လိုအပ်ပါသေးသည်။

မိမိသည် ဆေးရုံရှိအကြောအဆစ်ကုဌာန၏ပညာရှင်လိုအပ်ချက်အရ ယခင်နှစ်များက ယာယီဝန်ထမ်း (Locum Physiotherapist) အဖြစ် အလုပ်လုပ်ခဲ့စဉ်တွင် ကာကွယ်ဆေးများ အပြည့်အစုံထိုးနှံထားခြင်း ရှိ မရှိကို မေးမြန်းခြင်းမခံခဲ့ရသော်လည်း ၀န်ထမ်းအဖြစ်သို့ပြောင်းလဲခန့်အပ်သောအခါမှာကား ကာကွယ်ဆေးများ အပြည့်အစုံထိုးနှံထားရန်လိုအပ်သောကြောင့် ဆေး (၅) မျိုးကို အသက် ၇၀ ကျော်ပြီးကာမှ ပိုလီကလင်းနစ် (Polyclinic) သို့သွားပြီး ထိုးနှံခဲ့ရပါတော့သည်။ 



ယခုလည်း ၀န်ထမ်းအားလုံးအား ရာသီတုတ်ကွေးရောဂါကာကွယ်ဆေးထိုးနှံကြရန် ဆေးရုံက အီးမေးမှတစ်ဆင့် အသိပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

မိမိတို့တာဝန်ကျရာ လူနာဆောင်အလိုက် ကာကွယ်ဆေးထိုးပေးမည့်နေ့၊ အချိန်နှင့် နေရာတို့ကို ကြိုတင်သတ်မှတ် ပေးထားသည်။

ယင်းသို့ကာကွယ်ဆေးထိုးရခြင်း၏အဓိကရည်ရွယ်ချက် ၂ ခုမှာ ..
၁) လူနာများကို ရောဂါပိုးမကူးစက်စေရေး
၂) ဆေးရုံဝန်ထမ်းများကို  ရောဂါပိုးမကူးစက်စေရေးတို့ဖြစ်သည်။



ထိုနေ့က အိမ်ကိုပြန်ရောက်သောအခါ ရေချိုးရန် အင်္ကျီချွတ်သောအခါတွင်မှ လက်မောင်းပေါ်က ပလာစတာကိုတွေ့မိသဖြင့် ဓာတ်ပုံရိုက်ခဲ့ပါသည် (အပေါ်ပုံ)။
  


No comments:

Post a Comment