"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 20, 2020

ကျွန်းသာယာ သတင်းစဉ် (၁၃)


 


                         



***





အရေးကြီးသတင်း


မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်း
 ဒေသကြီးတို့အိမ်တွင်နေထိုင်ရန်(Stay at Home) အမိန့်ထုတ်ပြန် 


၂၅-၉ -၂၀


ကိုဗစ်ကာလ စိတ်ဖိစီးမှုသတိပြုရန်
စိတ်ကျန်းမာရေးပညာအဖွဲ့သတိပေးနှိုးဆော်



အထူးလေ့ကျင့်ထားသည့်လူမှုဝန်ထမ်းများက
စိတ်ဓာတ်မြှင့်တင်ရေးကူညီပေးမည်



ကိုဗစ်-၁၉ ဒီရေလှိုင်း

သင်္ဃန်းကျွန်း၅၂ မရမ်းကုန်း - ၄၇၊ မင်္ဂလာတောင်ညွန့်- ၃၉၊ 
တောင်
ဥက္ကလာပ- ၃၈၊ 
ဒဂုန်မြို့ သစ်(မြောက်)- ၃၀ 
သာကေတ-၂၉ တာမွေ-၂၇၊ ပန်းဘဲတန်း-၂၆၊ ဒဂုံမြို့ နယ်-၂၀

ရန်ကုန်တိုင်း၅၇၂ ရခိုင်ပြည်နယ်၃၂ဧရာဝတီတိုင်း၃၀၊ မန္တလေး၁၈၊ 
ပဲခူးတိုင်း၁၀ 
စစ်ကိုင်းတိုင်း
 မွန်ပြည်နယ်၁၀နေပြည်တော်-ကရင်ပြည်နယ်-၊ 
ချင်းပြည်နယ်၊ 
တနင်္သာရီတိုင်းဒေသကြီး- ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ



***


၂၄-၉ -၂၀



ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး
အမြဲရှိနေတယ်






တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု

ယခင် ၃၄% မှ ယခုအခါ ၅၄% ရှိလာ




၂၃-၉ -၂၀

၂၃-၉ -၂၀

ဒလ - ၃၇၊ 
ဒဂုန် - ၂၄ ရွှေပြည်သာ - ၂၁၊ 
တောင်
ဥက္ကလာပ- ၁၉၊ မရမ်းကုန်း - ၁၈၊ 
လှိုင်သာယာ- ၁၇အင်းစိန်- ၁၆၊ သာကေတ၁၆၊ 
မြောက်
ဥက္ကလာပ - ၁၅
၊ 
မင်္ဂလာဒုံ - ၁၃၊ 
တွံတေး - ၁၂၊ 
ကြည့်မြင်တိုင်
၁၁
 


အနံ့ပျောက်တာ မပေါ့ဆသင့်
ဆေးခန်းသွားပြရန်လိုအပ်





အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်ပေးခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၆၅) ဦးအား မြန်မာပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ စက် တင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

တစ်ချိန်တည်းမှာ မလေးရှားနိုင်ငံရောက်အထောက်အထားမဲ့မြန်မာနိုင်ငံသားများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံခဲ့ရသည့်မြန်မာနိုင်ငံသားများအား နိုင်ငံသားမှန်ကန်ကြောင်းအထောက်အထားများစိစစ်ပြီး
မြန်မာနိုင်ငံသို့ မြန်မြန်ပြန်လည်ခေါ်ဆောင်လာနိုင်ရန် မလေးရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မလေးရှားမှ မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့သည်မှာ ယခုအခါ ၁၅ ကြိမ်ရှိသွားပြီဖြစ်ကြောင်းသိရသည်။
 

၂၂-၉ -၂၀




ရန်ကုန်ရဲ့ ကိုဗစ်တိုက်ပွဲနည်းဗျူဟာ


ပါမောက္ခဒေါက်တာဇော်ဝေစိုး (ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ်)




ရန်ကုန်တိုင်းဒေသကြီးမှပြည်သူအားလုံး
နေအိမ်အတွင်း၌သာ နေကြရမည်

 
 
 
 


ပြည်သူလူထုပါဝင်ရေး

 ပါမောက္ခဒေါက်တာဇော်ဝေစိုး (ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ်)



ကရင်ပြည်နယ်မှ သူနာပြု ၂၀ 
ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) မှာ
အားဖြည့်တာဝန်ထမ်းဆောင်ကြမည်

ကြေးမုံ ၂၂-၉ -၂၀

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် ရောဂါအတည်ပြုလူနာများ အထူးကြပ်မတ်ကုသစောင့်ရှောက်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီတာဝန်ယူဆောင်ရွက်ပေးကြမည့် ကရင်ပြည်နယ်မှသူနာပြုဆရာ ဆရာမ ၂၀ ဦးတို့သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဘားအံမြို့  ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့်ထွက်ခွာသွားကြောင်းသိရသည်။        

၂၁-၉ -၂၀



ကိုဗစ်-၁၉ အရေးပေါ်လူနာများကုသပေးနိုင်မည့်
Critical Care Unit 
သုဝဏ္ဏ
၌ဆောက်နေပြီ

(မြန်မာ့အလင်း ၂၂၊၉ ၊၂၀)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လိုအပ်ချက်နှင့်ညွှန်ကြားမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ကြီးကြပ်မှုတို့ဖြင့် ဧရာဝ တီဖောင်ဒေးရှင်းက 
အမျိုးသားဘောလုံးေ
လ့ကျင့်ရေးကွင်း
(သုဝဏ္ဏ
 Intensive Care Unit(ICU) နှင့် High Dependency Unit(HDU) တို့ကို တည်ဆောက်ပေးလျက်ရှိပြီး လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများ၏နေ့စဉ်စားသောက်နေထိုင်ရေးကိစ္စအ၀၀တို့ကိုလည်းဧရာ ၀တီဖောင်ဒေးရှင်းမှပင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။      


ကိုဗစ်ရောဂါကာကွယ်ရေး
ကြက်ခြေနီစေတနာရှင်များကူညီနေ

နိုင်ငံအနှံ့အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော ကိုဗဏ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များနှင့်ပူးပေါင်းလျက် စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးနေကြကြောင်းသိရသည်။ 





 ကိုဗစ်လူနာ ၄ ထောင်ကျော်နေစရာ
ရန်ကုန် အမြန်ဆုံးပြင်ဆင်နေ

ရန်ကုန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းမြန်ဆန်မြင့်မားလာသည့်အတွက် လူနာ ၄ ထောင်ကျော်ထားနိုင်မည့်နေရာများ အမြန်ဆုံးစီစဉ်ဆောင်ရွက်လျက်ရှိနေသည်။

ယခုအခါဖောင်ကြီး(၁၁၄၀)၊ ဝေဘာဂီ(၇၀)၊ တောင်ဥက္ကလာပအထူးကုဆေးရုံ(၇၀)၊ ဒဂုံဆိပ်ကမ်းယာယီဆေးရုံ(၆၀၀)၊ လှိုင်တက္ကသိုလ်(၅၀၀)၊ စုစုပေါင်းလူနာ ၂၃၈၀ ဦးထားရှိနိုင်ပြီး 
အ မျိုးသားဘောလုံးေ
လ့ကျင့်ရေးကွင်း
(သုဝဏ္ဏ
)
၌ 
မကြာမီရက်ပိုင်းမှာ 
လူနာ ၄၀၀ ဦးထားရှိနိင် မည်ဖြစ်ကြောင်း၊ နောက်ထပ် ဒဂုံဆိပ်ကမ်း(ရိုးမ)ကုသရေးစင်တာမှာ လူနာ ၁၅၀၀၊ လှိုင်ကုသရေးစင်တာမှာ လူနာ ၁၀၀၀ ထားနိုင်ရန်ဆောင်ရွက်နေကြောင်းေ
ဆးတက္ကသိုလ်(၁)ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးကပြောကြားသည်။


 

စက်တင်ဘာ ၂၀ ရက် ၂၀၂၀




ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ


မန္တလေးက သုံးဘီးယာဉ်မောင်းများ
NLD ပါတီကို ထောက်ခံလှည့်လည်ကြ

မဇ္ဈိမမြန်မာသတင်း (MizzimaTV) ၂၅-၉-၂၀


ကိုဗစ်-၁၉ရောဂါပိုးနှင့်

ကာရာအိုကေဆိုင်များအန္တရာယ် 




ဆောင်းပါးရှင် မောင်ငြိမ်းအေး၏ 'ဓါးသွားပေါ်က ပျားရည်စက်' ဆောင်းပါးမှ ကောက်နှုတ်ချက် (ကြေးမုံ၊ ၁၄-၉ -၂၀)


ပြည်ပနိုင်ငံများတွင် အခက်အခဲတွေ့ မြန်မာနိုင်ငံသား ၁၂၉ ဦးကို 
MAI ဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့

နိင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသောမြန်မာနိုင်ငံသား (၁၂၉) ဦး (ကာတာ-၆၊ ဘာရိန်း-၃၊ အာရပ်စော်ဘွားများပြည်ထောင်စု-၈၆၊ ကူဝိတ်-၃၊ တောင်အာဖရိက-၄၊ ပြင်သစ်-၂၊ သီရိလင်္ကာ-၄၊ ဂျာမနီ-၃၊ ဘယ်လ်ဂျီယံ-၃၊ နော်ဝေ-၂၊ အစ္စရေး-၁၊ ဘရာဇီး-၄၊ အင်္ဂလန်-၈၊ စုစုပေါင်း ၁၂၉  ဦး)အား မြန်မာပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။


မြန်မာရွေ့ ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

စက်တင်ဘာ ၁၉  ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား ၁၆၇ ဦး(အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၅၅ ဦး)သည် 
မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြသည်။

စက်တင်ဘာ ၂၀  ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား ၁၄၀ ဦး(အမျိုးသား ၈၈ ဦးနှင့် အမျိုးသမီး ၅၂ ဦး)သည် 
မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြသည်။


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း

စက်တင်ဘာ ၂၆ ရက် ၂၀၂၀





ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး
ကော်မရှင်က ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိ


စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မောင်စာဂ၏ "ရွေးကောက်ပွဲ၊ ကိုဗစ်-၁၉ နှင့် နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်၊ ကိုယ်စီတာဝန်" ဆောင်းပါးမှကောက်နှုတ်ချက်။ 
 


စာတစ်ကြောင်းသတင်း
(News In One Sentence)


အခမဲ့ဖျားနာကုဆေးခန်း မုံရွာမြို့ ၌ဖွင့် 

ဖျားနာကုဆေးခန်းတွင် အသက် ၁၂ နှစ်အထက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားကုန်ခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့မရခြင်း၊ အရသာပျောက်ခြင်းဖြစ်သည့်လူနာများအပြင် မိမိကိုယ်ကို ကိုဗစ်-၁၉  သံသယလူနာ သို့မဟုတ် ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့ထား စစ်ဆေးလိုလျှင် အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်းသိရသည်။


 ဖတ်စရာ မှတ်စရာ 

(၂၁-၉ -၂၀)
  
 

****

                                                                              (၂၀-၉ -၂၀)

 




 ရွှေ  ငွေကြေး  စက်သုံးဆီ 
         ၂၃ -၉ -၂၀ 



ကျန်းမာရေး

ကိုဗစ်-၁၉ ကာလမှာ ကျန်းမာကြံ့ ခိုင်ဖို့

လေ့ကျင့်လှုပ်ရှားကြပါစို့



ယခုအချိန်ကာလကဲ့သို့ အပြင်သို့သွားလာခြင်းတားဆီးပိတ်ဆို့မှုများနှင့်အိမ်တွင်းအခန်းအောင်းနေနေရချိန်တွင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ရန်အခက်အခဲရှိပါမည်။  

မည်သို့ဆိုစေ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခြင်းကို နေ့စဉ်ဘ၀၏တစ်စိတ်တစ်ပိုင်းအဖြစ်ပြုလုပ်ရန် (make movement a part of your daily routine) နည်းလမ်းများရှိနေဆဲဖြစ်သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုကို ယခင်ကလောက် များများမပြုလုပ်နိုင်သော်လည်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်မှာ ယခင်ကထက်များစွာ အရေးကြီးလှပါသည်။ 

အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကိုဗစ်ရောဂါပိုးကြောင့်ဖြစ်လာသည့် စိုးရိမ်သောကအပေါ် များစွာကောင်းကျိုးသက်ရောက်စေသည့်အပြင် စိတ်ဓာတ်ကျခြင်းနှင့်စိတ်ဖိစီးခြင်းတို့မှ သက်သာစေမည်လည်းဖြစ်သည်။

(၁) အပြင်သို့ထွက်ပြီး လေ့ကျင့်ပါ (Get outside if you can)

အစိုးရ၏ထုတ်ပြန်လမ်းညွှန်ချက်များကို အသေးစိတ်လေ့လာသတိပြုလျက် အကွာအဝေးစည်းကမ်းများတိတိကျကျလိုက်နာပြီး အပြင်မှာလမ်းလျှောက်ခြင်းနှင့်စက်ဘီးစီးခြင်းများလုပ်ပါ။

(၂) လူအများနှင့်စုပေါင်းလေ့ကျင့်ပါ (Make it a social activity)

မိမိနှင့်အတူ ကွာရန်တင်းနေကြရသူအချင်းချင်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်က ပျော်ရွှင်စရာကောင်းပါမည်။ 

မိမိ၏အိမ်နားနီးချင်းများနှင့်လည်း အကွာအဝေးစည်းကမ်းများလိုက်နာလျက် ကိုယ်လက်လှုပ်ရှားမှုများ အတူပြုလုပ်နိုင်သည်။ 

(၃) လှုပ်ရှားလေ့ကျင့်မှုမှတ်တမ်းဖြင့်လေ့ကျင့်ပါ (Track your workouts)

ကြံ့ ခိုင်မှုပြအပလီကေးရှင်း (fitness trackers, apps) တစ်ခုခု သို့မဟုတ် လက်ရေးမှတ်တမ်း (journal) ထားပြီး လေ့ကျင့်ခြင်းဖြင့် အကျိုးရလာဒ်များကို မျက်ခြည်မပြတ်သိရှိကာ စိတ်အားတက်ကြွမှုဖြစ်စေနိုင်သည်။

(၄) နေ့တဓူဝအလုပ်များတွင် ထည့်သွင်းလေ့ကျင့်ပါ (“Sneak” movement into your routine)

အကယ် အိမ်မှုအလုပ်ကိစ္စများကြောင့် ကိုယ်လက်လှုပ်ရှားမှုအတွက်သီးသန့်အချိန်မပေးနိုင်ပါက နေ့စဉ်အလုပ်များကို  အောက်ပါအတိုင်းအနည်းငယ်ပြုပြင်ပြောင်းလဲကာ လှုပ်ရှားလေ့ကျင့်မှု ပြုလုပ်ပေးနိုင်သည်။  

- ကြမ်းတိုက်ခြင်းနှင့်တံမြက်စည်းလှဲခြင်းတို့ကို ခပ်သွက်သွက်လေးအားထည့်လုပ်ခြင်း
- တီဗီကြည့်နေစဉ် ကြော်ညာလာသည့်အခါတိုင်း ထိုင်ထလုပ်ခြင်း (squats)၊ ကြမ်းပေါ် သို့မဟုတ် နံရံပေါ်မှောက်ခုံထိုးခြင်း (push-ups) တို့လုပ်ခြင်း
- တစ်ဦးဦးအား ထိုင်/ရပ်ပြီးစောင့်နေချိန် သို့မဟုတ် Zoom meting အတွက်စောင်းနေရချိန်တွင် ခြေလက်မြှောက်လှုပ်ရှားခြင်းနှင့်ယောဂအနေအထားလေ့ကျင့်မှုများပြုလုပ်ခြင်း
- ဖုန်းပြောနေစဉ် လမ်းလျှောက်ခြင်း၊ပစ္စည်းတစ်ခုခုသွားယူ သွားထားရာတွင် အကြိမ် သို့မဟုတ် အကွာအဝေး ပိုလျှောက်ပေးခြင်း

Exercise During Coronavirus: Tips for Staying Active, Help Guide, April 2020 (သတင်းဘာသာပြန်  ကျွန်းသာယာ)






 ကမ္ဘာနှင့်ကိုရိုနာသတင်း 








Globally, as of 10:34am CEST, 25 September 2020, there have been 32,029,704 confirmed cases of COVID-19, including 979,212deaths, reported to WHO.






စက်တင်ဘာ ၂၅  ရက် နံနက် ၁၀ နာရီ ၃၄ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် 

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - သန်း ၃၀ ကျော် (၃၂,၀၂၉ ,၇၀၄ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း - ၉ သိန်းကျော် (၉၇၉ ,၂၁၂ ဦး)  ရှိသွားပြီ။


****









ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ
၃ သိန်းခွဲကျော်ရှိသွားပြီ 

ဘင်္ဂလားဒေ့ရှ် စက်တင်ဘာ ၂၁ ရက် တစ်နေ့တည်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၀၅ ဦးရှိပြီး လူ ၄၀ ထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူပေါင်း ၅၀၀၇ ဦးရှိသွားသည်။ 

ရောဂါအတည်ပြုလူနာစုစုပေါင်းမှာ ၃ သိန်းကျော် (၃၅၂,၁၇၈) ဖြစ်သွားကြောင်းသိရသည်။  




No comments:

Post a Comment