မေး။ ။ ဆရာရေ အခုဆိုရင် ဆရာစီစဉ်ထုတ်ဝေလိုက်တဲ့ ကျွန်းသာယာသတင်းစဉ်က အမှတ် (၁၀) တောင်ရောက်သွားခဲ့ပြီနော်။
ဆေးဆောင်ပါးတွေ .. အထူးသဖြင့်တော့ ဆရာသင်ယူတတ်မြောက်ခဲ့တဲ့ အကြောအဆစ်ကုပညာအကြောင်းကို တစိုက်မတ်မတ် ပညာပေးရေးသားလာခဲ့ရာက အခုလိုမထင်မှတ်ဘဲ သတင်းစဉ်လေးတစ်ခု ထုတ်ဖြစ်ဖို့စိတ်ကူးမိတဲ့အကြောင်းလေး ပြောပြပါလား။
ဒါကို ဆရာ့စာဖတ်ပရိသတ်နဲ့မိတ်ဆွေတွေကသိရင် စိတ်ဝင်စားကြမှာ အသေချာပဲလေ။
အယ်။ ။ ဒါက သတင်းတွေကို အမြဲစိတ်ဝင်စားတတ်တာကြောင့်ပါ။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ သတင်းတွေကို အမြဲစိတ်ဝင်စားတယ်ဆိုတာက...။
အယ်။ ။ အေးဗျာ ပြောရရင်တော့ အရှည်ကြီးပါ။ ဘာ့ကြောင့်လဲဆိုတော့ ဖြတ်သန်းလာခဲ့တဲ့အရွယ်အဆင့်ဆင့်တိုင်းမှာ ကျနော် သတင်းစာကို စွဲစွဲမြဲမြဲမဖတ်ဖြစ်ခဲ့တာရယ်လို့ မရှိခဲ့ဖူးဘူး။
သုံးတန်း လေးတန်းအရွယ်ကစပြီး တက္ကသိုလ်ရောက်တဲ့အထိ၊ အဲဒီကနေ အလုပ်လုပ်တဲ့အထိ၊ လူလွတ်ဘ၀ကရော အိမ်ထောင်သည်ဘ၀မှာရော၊ နောက်ဆုံး အလုပ်ကနေ အခုလိုအနားယူလိုက်တဲ့အချိန်အထိဆိုပါတော့ဗျာ။
ဒါပေမယ့် တတ်နိုင်သလောက် အကျဉ်းရုန်းပြီးပဲပြောပါ့မယ်။
တကယ်တော့ ကျနော်က သတင်းစာနဲ့ကြီးလာတာဗျ။
ဆိုလိုတာက စာဖတ်တတ်စအရွယ်ကတည်းက သတင်းစာကို နှစ်နှစ်ခြိုက်ခြိုက်ဖတ်ပြီး ကြီးပြင်းလာခဲ့တာဖြစ်လို့ သတင်းစာတွေကို နေ့စဉ်မပြတ်ဖတ်လေ့ရှိခဲ့တာ။
မြန်မာလိုဖတ်တာအပြင် အင်္ဂလိပ်လိုလဲပဲ ဖတ်ခဲ့သေးတာ။
မေး။ ။ ဟုတ်ကဲ့ပါ။ အင်္ဂလိပ်ဖတ်ခဲ့တာက သတင်းစာပဲလားဆရာ။
အယ်။ ။ ဟုတ်ပါတယ်။ ကျနော်တို့ တက္ကသိုလ်ရောက်တဲ့အချိန်က မဆလ လို့အတိုခေါက်ခေါ်လေ့ရှိတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်ပြီး ကျနော်မှတ်မိသရွေ့  အဲဒီအချိန်က မြန်မာသတင်းစာ (၄) စောင်နဲ့အင်္ဂလိပ်သတင်းစာ (၂) စောင် အစိုးရကထုတ်တယ်။
မေး။ ။ အဲဒီတုန်းက မြန်မာနဲ့အင်္ဂလိပ်သတင်းစာတွေက အခုထက်များတယ်နော်ဆရာ။
အယ်။ ။ ဟုတ်တယ်။ မြန်မာသတင်းစာ (၄) စောင်က လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း၊ ကြေးမုံနဲ့ ဗိုလ်တထောင်ပါ။
အင်္ဂလိပ်သတင်းစာ ၂ စောင်ကတော့ The Working People's Daily နဲ့ The Guardian တွေဖြစ်တယ်။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment