"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, August 29, 2020

ကျွန်းသာယာ သတင်းစဉ် (၁၀)

 




***



အရေးကြီးသတင်း

(ည ၈ နာရီ၊ ၄ ရက် စက်တင်ဘာ)
လူနာအသစ် ၆၀ ဦးထပ်တွေ့ သဖြင့်

ဓာတ်ခွဲအတည်ြ့ပုလူနာ စုစုပေါင်း ၁၁၇၁ ဦးရှိသွားပြီ 





ရခိုင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခ 
အရပ်သားများ ရတက်မအေးဖွယ်

ရခိုင်ပြည်နယ်တွင် ကူးစက်မြန်ကိုဗစ်-၁၉ မြင့်မားလာနေချိန်မှာ မျှော်လင့်ထားသလို လက်နက်ကိုင်အဖွဲ့ အစည်းတို့၏ပဋိပက္ခများ ရပ်စဲခြင်းမရှိသေးသဖြင့် လက်နက်ကြီးကျည်ကျခြင်းနှင့် သေနတ်ပစ်ခတ်ခြင်းတို့ကြောင့် ပြီးခဲ့သောသြဂုတ်လအတွင်းက ဒေသခံအရပ်သား ၁၁ ဦးဒဏ်ရာရရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။




လူနာအသစ် ၉၅ ဦးထပ်တွေ့ သဖြင့်

ဓာတ်ခွဲအတည်ြ့ပုလူနာ စုစုပေါင်း ၈၈၂ ဦးရှိသွားပြီ






အကြောင်းရင်းမတွေ့ ရသောကူးစက်မှု
လူနာ ၃ ဦး ရန်ကုန်မှာတွေ့ 

ခရီးသွားရာဇ၀င်မရှိခြင်း၊ ပိုးတွေ့ လူနာနှင့်ထိတွေ့ ခြင်း မရှိခဲ့သော်လည်း ရောဂါကူးစက်မှုဖြစ်ပွားသည့်လူနာ ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီးတွင် သြဂုတ် ၂၉  ရက်ကတွေ့ ရှိခဲ့သည်။

၎င်းလူနာ ၃ ဦးသည် ရန်ကင်းမြို့ နယ် ၅ လမ်း ရွှေအုန်းပင်အိမ်ရာ (၂) တောင်ကြီးမှလာသူ။ တောင်ဥက္ကလာပ ၁၂ ရပ်ကွက် မာဃ (၆)လမ်း သင်္ဘောသား။ သင်္ဃန်းကျွန်းမြို့ နယ် သုဝဏ္ဏ ၂၉  ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းတို့ကဖြစ်ကြသည်။

 
ထိုသို့ ရောဂါပိုးတိတ်တဆိတ်သယ်ဆောင်သူများ များပြားလာနိုင်သည့်အခြေအနေဖြစ်နေသည့်အတွက် ပြည်သူများအနေဖြင့် အသွားအလာအနေအထိုင် ဂရုတစိုက်ရှိဖို့လိုကြောင်း ကျန်းမာရေးနှင့်အားကစားစန်ကြီးဌာနကထုတ်ပြန်ထားကြောင်းသိရသည်။






သြဂုတ် ၂၈ ရက်နေ့က လူနာအသစ် (၄၁) ဦး



**********************


ရန်ကုန်ဆိပ်ကမ်းအလုပ်သမားများ အလုပ်အကိုင်အဆင်ပြေ


ရန်ကုန်ဆိပ်ကမ်းမှမော်ကျွန်း၊ ဘိုကလေး၊ 
ဖျာပုံ၊ ဒေးဒရဲ အစရှိသောဧရာဝတီတိုင်းရှိ
မြို့ များသို့ ခရီးသည်တင်နှင့်ကုန်တင်ရေ
ယာဉ် များပြေးဆွဲပြီး စားသောက်ကုန်နှင့်
လူသုံးကုန်ပစ္စည်းများ တင်ပို့နေသောကြောင့် 

ဆိပ်ကမ်းအလုပ်သမားများ တစ်ရက်မှာ ငွေကျပ် ၁၀၀၀၀ ခန့်ရရှိလျက် အလုပ်အကိုင်အဆင်ပြေနေသည်။ 

ရန်ကုန်ဆိပ်ကမ်း ဘောတံတား ၁၈ ခုအနက် ၇ ခုတွင် ကုန်စည်စီးဆင်းမှုရှိနေပြီး အလုပ်သမား ၁၀၀၀ ကျော်ဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းသိရသည်။


Mask မတပ်သူ ၄၀၁၇ ဦး
စစ်ကိုင်းတိုင်းအတွင်းအရေးယူခဲ့

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ၃ လကျော်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့ နယ်များတွင်  နှာခေါင်းစည်းမတပ်ဘဲ အိမ်အပြင်ထွက်ကြသူ ၄၀၁၇ ဦးအား ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရအရေးယူခဲ့ကြောင်းသိရသည်။ 



နိုင်ငံဝန်ထမ်းများ မလိုအပ်ဘဲ
ခရီးမသွားကြရန်ထုတ်ပြန်

သြဂုတ် ၂၇ ရက်နေ့မှစပြီး နိုင်ငံဝန်ထမ်းများသည် မလိုအပ်ဘဲခရီးသွားလာခြင်းမပြုကြရန် ကိုဗစ်-၁၉  ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း(အားလုံး)၊ ပြည်ထောင်စုဝန်ကြီးဌာန(အားလုံး)သို့ အကြောင်းကြားစာကို သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံဝန်ထမ်းများသည် တာဝန်အရဖြစ်စေ လူမှုရေးအရဖြစ်စေ ခရီးသွားလာရန်လိုအပ်ပါက သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပေးထားသည့်ခရီးသွားလာခွင့်အမိန့်/အထောက်အထားပါရှိမှသာ သွားလာရမည်ဖြစ်ကြောင်းသိရသည်။





ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေသည့် 
ရခိုင်မှခိုးဝင်ဘင်္ဂလီများဖမ်းမိ

ကူးစက်မြန်ကိုဗစ်ရောဂါပိုး ဆက်တိုက်ဖြစ်ပွားလျက်ရှိသည့်ရခိုင်ပြည်နယ်မှခိုးဝင်လာသည့် အထောက်အထားမဲ့ဘင်္ဂလီ  ၄၂ ယောက် (ကျား ၁၁၊ မ ၂၉ ၊ ကလေး ၂)ကို မော်လမြိုင်ကျွန်းမြို့ နယ်နှင့်၁၅ မိုင်ခန့်အကွာမြစ်ကြောင်းမှာ စက်လှေတစ်စီးနှင့်အတူဖမ်းမိခဲ့သည်။ 

ယင်းသို့ ဧရာဝတီအောက်ပိုင်းက ဘိုကလေး၊ ဖျာပုံဒေသတွေအထိ ခိုးဝင်ဘင်္ဂလီများရောက်အောင်ဝင်လာကြခြင်းကို ဒေသခံပြည်သူများအတွက် များစွာစိုးရိမ်စရာအခြေအနေတစ်ရပ်ဖြစ်နေကြောင်း၊ ထိုကဲ့သို့ အထောက်အထားမဲ့ဘင်္ဂလီများ မကြာခဏခိုးဝင်လာနေကြခြင်းကို နိုင်ငံတော်အစိုးရက အရေးယူဆောင်ရွက်နိုင်မှုမရှိခြင်းအပေါ် ပြည်သူများက စိတ်ပျက်လျက်ရှိကြောင်းသိရသည်။


 

ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ

သရုပ်ဆောင်မင်းရာဇာနှင့် ၃ ဦး
ရုံးထုတ်စစ်ဆေး

ဧပြီ ၁၀၊၂၀၂၀။ ဓာတ်ပုံ - Nay Naw

အိမ်အကူမိန်းကလေးငယ်အား အိမ်သာပေါ်တွန်းလှဲချပစ်ပြီး ဂုတ်၊ ဗိုက်နှင့်မိန်းမကိုယ်နေများကို အက်စစ်နှင့်လောင်းခြင်းအပါအ၀င် လူမဆန်စွာရိုက်နှက်ညှင်းပန်းနှိပ်စက်မှုဖြင့် ရွှေပေါက်ကန်ရဲစခန်းတွင် ဧပြီး ၇ ရက်က တရားစွဲခံ ထားခဲ့ရသော သရုပ်ဆောင်မင်းရာဇာ၊ ဇနီး မဖူးငုံပွင့်၊ ယောက္ခမ ဦးမောင်မောင်အေး၊ မင်းရာဇာ၏မန်နေဂျာ အောင်လွင်စိုး ခေါ် ရခိုင်လေးတို့ကို စက်တင်ဘာ ၂ ရက်နေ့က ၁၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။


အခြေခံပညာကျောင်းများ 
တစ်နှစ်နားမည့်သတင်း မဟုတ်မှန်

အခြေခံပညာကျောင်းများ တစ်နှစ်နားထားမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ကိုဗစ်ကူးစက်ရောဂါပြန့်ပွားမှုအခြေအနေများကောင်းလာပါက အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောကြောင်းသိရသည်။


****

ဂျပန်နိုင်ငံအခက်အခဲတွေ့နေသည့်  မြန်မာနိုင်ငံသားများကို 
ပြန်လည်ခေါ်ဆောင်ပေးခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၄၃) ဦးအား တိုကျိုမြို့  နာရီတာလေဆိပ်မှ NI Nippon Airways (ANA) လေကြောင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် စက်တင်ဘာ ၃ ရက်နေ့က ပြန်လည်ခေါ်ဆောင်လာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
ဖိလစ်ပိုင်နိုင်ငံမှပြန်လည်ခေါ်ဆောင်ပေးခဲ့







ဓာတ်ပုံ-မြန်မာ့အလင်း


နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၃၉ ) ဦးအား သြဂုတ် ၂၈ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 




(၅ ရက် စက်တင်ဘာ၊ ၂၀၂၀)

(၂၉  ရက် သြဂုတ်၊ ၂၀၂၀)
ရွေးကောက်ပွဲတွင် 
မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်
ရှိသည်။

No Vote လှုပ်ရှားမှု

ဥပဒေနှင့်ငြိစွန်း

လူမှုကွန်ယက်ပေါ်၌ပြုလုပ်နေသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးရေး No Vote လှုပ်ရှားမှုသည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆ ခုနှင့်ငြိစွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင် ဦးသန်းဌေးက News Watch ဂျာနယ်သို့ပြောကြောင်းသိရသည်။


UNDP ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း

၃၃ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်

ညီညွတ်သောတိုင်းရင်သားလူမျိုးများဒီမိုကရေစီပါတီ UNDP က အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ခုနှစ်ခုတို့မှာ ကိုယ်စားလှယ်လောင်း ၃၃ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကပြောကြောင်းသိရသည်။


NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများကို

ချမှတ်ထားသည့်မူအရသာ ရွေးချယ်ခဲ့

NLD ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပါတီကချမှတ်ထားသည်မူအရသာရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးတွင် အစ္စလာမ်ဘာသာဝင် နှစ်ဦးတည်းသာပါခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာရွေးကောက်ပွဲများတွင် ဘာသာခြားမပါရဟုမရှိကြောင်း၊ သြဂုတ် ၂၇ ရက်က မီဒီယာများနှင့်တွေ့ ဆုံရာတွင် ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ကပြောကြောင်းသိရသည်။


 
စာတစ်ကြောင်းသတင်း
(News In One Sentence)


ရန်ကုန်တွင် အခြေခံစားသောက်ကုန်များ ၀ယ်ယူစုဆောင်းမှုတွေရှိလာ

ပြည်တွင်းမှာ ယခုတလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာနေသဖြင့် ရန်ကုန်မြို့ ရှိဈေးများ အခြေခံစားသောက်ကုန်များကို ၀ယ်ယူစုဆောင်းလျက်ရှိလာကြကြောင်းသိရသည်။ 

 
သတ္တမတန်းမြန်မာစာသင်ရိုးသစ်အမှား ဒုဝန်ကြီးတောင်းပန်

သတ္တမတန်းမြန်မာစာသင်ရိုးသစ်ကျောင်းသုံးစာအုပ်တွင်ပါဝင်သော အချက်အလက်မှားယွင်းမှုများအတွက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်တွင် သြဂုတ် ၂၅ ရက်နေ့က တောင်းပန်ခဲ့ကြောင်းသိရသည်။

ရန်ကုနိုင်းဒေသကြီးကျောင်းအချို့  Quanrantine စင်တာများပြန်ဖွင့်နေ

ရန်ကုန်တိုင်းဒေသကြီး မြို့ နယ်တချို့ ရှိကျောင်များတွင် ယခင်က Quanatine စင်တာများဖွင့်ထားခဲ့ရာမှ ကျောင်းများပြန်ဖွင့်ခါနီးမှာပိတ်လိုက်သော်လည်း ယခုအခါ ကိုဗစ်-၁၉  ရောဂါကူးစက်မှုများပြားလာသဖြင့် မြို့ နယ်တချို့ ရှိကျောင်များ  Quanatine စင်တာများပြန်ဖွင့်နေကြောင်းသိရသည်။


စစ်တွေဆေးရုံကြီးသို့ ဧရာဝတီဖောင်ဒေးရှင်းလှူဒါန်း 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း ၁၆၀ တန်ဖိုးရှိကာကွယ်ကုသရေးပစ္စည်းများနှင့် စွမ်းစွမ်းတမံတာဝန်ထမ်ဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၁၂၀ စုစုပေါင်းငွေကျပ်သိန်း ၂၈၀ ကို လှူဒါန်းခဲ့ကြောင်းသိရသည်။ 


အထည်ချုပ်လုပ်သားများ အင်အားနှင့်လစာ လျှော့ချဖွယ်ရှိ 

ပြည်ပနိုင်ငံများမှ အထည်အော်ဒါမှာယူမှု ပြတ်လပ်ဖွယ်ရှိသောကြောင့် စက်တင်ဘာလမှစ ပြည်တွင်းအထည်ချုပ်စက်ရုံများရှိ အလုပ်သမားအင်အားနှင့်လစာများလျှော့ချနိုင်စရာရှိကြောင်း လက်ဝါးအထည်ချုပ်စက်ရုံပိုင်ရှင်ဒေါက်တာခင်မောင်အေးကပြောသည်။

ယခုအထိ စက်ရုံများမှာ အလုပ်အမားအင်အားလျှော့ချခြင်း၊ စက်ရုံအလုပ်ရုံများ အပြီး(သို့မဟုတ်)ယာယီပိတ်သိမ်း ခြင်းနှင့်လစာမပေးဘဲထွက်ပြေးသွားသည့်စက်ရုံစုစုပေါင်း တစ်နိုင်ငံလုံးတွင် ၂၀၀ နီးပါးရှိနေကြောင်းသိရသည်။

 

 သူတို့အပြော

 သူတို့စကား  ၉ 


ဆိုရှယ်မီဒီယာ

မှန်ကန်မှ အကျိုးရှိမှ
ဆိုရှယ်မီဒီယာမှာတင်ပါ


                                                      

                                                                                                                                  

                                                                                                                                         ဒေါ်အောင်ဆန်းစုကြည်

* ဆိုရှယ်မီဒီယာမှာတင်တဲ့သူတွေ တာဝန်သိစိတ်ရှိပါ။ တကယ့်အခြေခံစေတနာနဲ့တင်ပါ။ ကျိုးရှိမှန်ကန် သူခံသာတဲ့စကားနဲ့တင်ပါ။ နံပတ်တစ်ကတော့ မှန်ကန်ဖို့ပဲ။ မှန်ကန်တယ်ဆိုတာသေချာရဲ့ လား။ တချို့ က စဉ်းတောင်မစဉ်းစားဘူး။ ကြားတာနဲ့ တင်လိုက်တာပဲ။ ဒါမှမဟုတ် တင်ချင်တာ တင်လိုက်တာပဲ။ 

မှန်ကန်ရင်ရော အများအတွက်အကျိုးရှိရဲ့ လား။ အဓိကအားဖြင့် မှန်ကန်ရမယ်။ အကျိုးရှိရမယ်။ 

အချင်းချင်းစိတ်ဝမ်းကွဲစေမယ့်ကိစ္စတွေ၊ လုပ်နေရတဲ့ကိစ္စတွေကို ခက်ခဲစေမယ့်အကြောင်းအရာတွေ မတင်မိအောင် ဆိုရှယ်မီင်္ဒီယာအသုံးပြုသူတိုင်း ဆင်ခြင်ရမှာဖြစ်ပါတယ်။ 

  

စေတနာ့ဝန်ထမ်း

မမြင်ရသည့်ကျည်ဆံများကိုရင်ဆိုင်ကြမည့်
ကျန်းမာရေးဝန်ထမ်းလုပ်အားပေးများ

 ဒေါက်တာရဲလွင်

* ကိုဗစ်ရောဂါကိုထိန်းချုပ်ကုသဖို့ မိမိအသက်ကိုပဓာနမထားဘဲ Volunteer လုပ်ပြီး ရခိုင်ပြည်နယ်မှာလုပ်အားသွား ပေးကြမယ့် မန္တလေးတိုင်းက ကျန်းမာရေးဝန်ထမ်းအားလုံးကို အလေးအနက် ဂုဏ်ပြုပါတယ်။ Volunteer အားလုံး ရောဂါဆိုးကြီးမကူးဆက်ဘဲ အမိဒေသ မန္တလေးတိုင်းကို ဘေးရန်ကင်းစွာပြန်ရောက်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 

လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်အပြည့်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့   Hippocratic Oath နဲ့ Nightingale Pledge ကို ဦးထိပ်ပန်ဆင်ပြီး မမြင်ရသည့်ကျည်ဆံများကိုရင်ဆိုင်ဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေချတာ အင်မတန်လေးစားစရာပါ။ လူအများစုက ရောဂါကူးစက်မှုများတဲ့ဒေသတွေကနေ ထွက်ခွာသွားချင်ကြတာ ဓမ္မပါ။  

    (ဒေါက်တာရဲလွင်၊ မန္တလေးမြို့ တော်ဝန်)


နိုင်ငံရေး 

 သရ၀ဏ် (ပြည်)

ဦးဌေးအောင်နောက်က လက်မည်းတွေ

* ဦးဌေးအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သူတစ်ဦးတည်းဝေဖန်ရုံဆို ကိစ္စမရှိပါဘူး။ အစိုးရကလည်း စိတ်ရှည်ရှည်နဲ့လွှတ်ထားပါတယ်။ အရေးမယူပါဘူး။ 

ဒါပေမဲ့ ဦးဌေးအောင်ဝေဖန်တာကို အစိုးရက စိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေတာကို NLD မုန်းတီးသူအုပ်စုကြီးဟာ အချိုရှာ သကာတွေ့ ဆိုသလို ဦးဌေးအောင်နောက်မှာ ရပ်တည်ဝန်းရံလာကြခဲ့ပါတယ်။ ဦးဌေးအောင်ကို ချက်ချင်းကြီး လူရာသွင်းနေရာပေးလာကြပါတယ်။

ဦးဌေးအောင်ကို ပုဒ်မ ၁၂၄(က) နဲ့ဖမ်းဆီးပြီးသွားတဲ့အခါမှာတော့ ဦးဌေးအောင်နောက်ကအားပေးထောက်ခံနေတဲ့ လက်မည်းတွေဟာ တခါတည်းပျောက်သွားကြပါတယ်။ 

ယခင်က ဦးဌေးအောင် အဟံပူဇေမိသမားတွေဟာ အခုအခါမှာတော့ နင်နေ ငါသွား ဖြစ်ကုန်ကြပါတယ်။

စာရေးဆရာ သရ၀ဏ် (ပြည်) ၏ 'ရင်ကိုလာမှန်သောသတင်း' ဆောင်းပါး၊ စောင့်ကြည့်ဂျာနယ် (၂၉၊၈၊၂၀) မှ။ 


စည်းကမ်း 

တစ်မြို့ နယ်မှာ တစ်ဥပဒေစီနဲ့

ဖက်ဒရယ်မြို့ ကြီး ရန်ကုန် 

* ရန်ကုန်မှာက တစ်မြို့ နယ် တစ်ဥပဒေနဲ့ ဖက်ဒရယ်မြို့ ကြီးပါဗျ မိတ်ဆွေကြီးရ။

  မယုံရင် ခင်ဗျား Mask မတပ်ဘဲ သွားကြည့်လေ။

  ဒဏ်ငွေလေးကတစ်ဖုံ။ ဒိုက်ထိုးတာလေးကတစ်မျိုး။ 

  ထိုင်ထလေးကတစ်သွယ်နဲ့ ပျော်စရာတောင်ကောင်းနေဦးမယ်။

ရန်ကုန်သူရန်ကုန်သားတွေက တစ်ကျောင်း တစ်ဂါထာဆိုသလို မြို့ နယ်ပေါင်းစုံ နေရာပေါင်းစုံကချမှတ်ထားတဲ့စည်းကမ်းတွေနဲ့ နေရသဗျ။

စာရေးဆရာ ထူးမြတ်၏ 'တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ဥပဒေနဲ့ Mask တက်ကြမယ်' ဆောင်းပါး၊ Power News Journal (၃-၉၊၉ ၊၂၀) မှ။


ဖတ်စရာ မှတ်စရာသတင်း

ကိုယ်ထူကိုယ်ထ ကျန်းမာရေး




ကြေးမုံသတင်းစာ (သြဂုတ်၂၉ ရက်၊ ၂၀၂၀) 


စာအုပ်သတင်း

မြန်မာစာဋီကာ


မွေးကတည်းက မြန်မာစကားပြောခဲ့သည်။ ကျောင်းမှာ မြန်မာလို ဖတ်ခဲ့ ရေးခဲ့ သင်ခဲ့ရသည်။

                                    ဒီမျှဆိုက သင် အမှတ်တကယ် မြန်မာစာကို မှန်ကန်စွာရေးတတ်ပါပြီလား။ 

'မြန်မာစာဋီကာ' စာအုပ်ကို ဆရာ ဂုဏ်ထူးဦးသိန်းနိုင်က လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကတည်းကထုတ်ဝေခဲ့သည်။ 

မြန်မာစာပေ ဘယ်ကစတင်ခဲ့သည်။ မြန်မာအက္ခရာတွေ မည်သို့ပြောင်းလဲလာကြသည်။ မြန်မာစကားဟောင်းများ။ မြန်မာစာတွင်ပါဝင်သော ပါဠိ၊ သက္ကတ၊ ရခိုင်၊ မွန်၊ ရှမ်း၊ အင်္ဂလိပ်စကားများ။ စာရေးရာတွင် စကားလုံးများကို အစိပ်အကျဲ၊ မည်သည့်နေရာတွင် ချဲထားရမည်။ မည်သည့်နေရာကို ခွာ၍ရေးရမည် အစရှိသဖြင့် မြန်မာစာနှင့်သက်ဆိုင်သော သိဖွယ်မှတ်ဖွယ် သတိပြုဖွယ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့်ကျကျနနရေးသားပြုစုထားကြောင်းသိရသည်။ 




 ကမ္ဘာနှင့်ကိုရိုနာသတင်း 

Globally, as of 10:41am CEST, 29 August 2020

there have been 24,537,560 confirmed cases of COVID-19, 

including 832,879 deaths, reported to WHO.




သြဂုတ် ၂၉  ရက် နံနက် ၁၀ နာရီ ၄၁ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် 

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၂၄ သန်းကျော် (၂၄,၅၃၇,၅၆၀ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း - ၈ သိန်းကျော် (၈၃၂,၈၇၉  ဦး)  ရှိသွားပြီ။





ချက်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ၏တိုင်ပေခရီး
တရုတ်ကန့်ကွက်



လွန်ခဲ့သော ၁၆ နှစ်က ချက်္မတVaclav Havel ထိုင်ဝမ်သို့အလည်အပတ်သွားခဲ့ပြီးနောက် ၁၆ နှစ်အကြာတွင် ချက်နိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ Milos Vystrcil သည် သြဂုတ် ၃၀ ရက်က ထိုင်ဝမ်သို့ ၆ ရက်ကြာချစ်ကြည်ရေးခရီးရောက်သွားခဲ့သည်။ 

ယင်းထိုင်ဝမ်ခရီးစဉ်ကို မသွားရန် တရုတ်နိင်ငံက ပြီးခဲ့သောဇွန်လကတည်းက သတိပေးခဲ့သော်လည်း Milos Vystrcil သွားရောက်ခဲ့ခြင်းသည် ထိုင်ဝမ်အတွက် သံတမန်ရေးရာအောင်ပွဲဖြစ်စေသဖြင့် ဂျာမဏီနိုင်ငံသိုရောက်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက "ဒီလို လူသိရှင်ကြားစော်ကားတဲ့အတွက် တရုတ်အစိုးရက လက်ပိုက်ပြီးကြည့်နေမှာမဟုတ်ဘူး။ ချက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်။ တရုတ်ပြည်ရဲ့  တစ်နိုင်ငံတည်းမူဝါဒ (one China principle on Taiwan) ကို စိန်ခေါ်တာဟာ တရုတ်ပြည်သူပြည်သား ၁.၄ ဘီလီယံနဲ့ ရန်သူဖြစ်သွားစေတာပါ"ဟုပြောဆိုခြိမ်းခြောက်လိုက်သည်။

ထိုသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ၏ပြောဆိုခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ချက်နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်ပက်ထရစ်က "ချက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကိုချစ်ကြည်ရေးခရီးသွားတာနဲ့ပတ်သက်လို့ တရုတ်နဲ့ဆက်ဆံရေးမှာ သက်ရောက်မှုရှိနိုင်တာမှန်ပေမယ့် အခုလိုခြိမ်းခြောက်စကားပြောတာမျိုးကတော့ လွန်လွန်းပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်သံအမတ်ကိုဆင့်ခေါ်ပြီး အဲဒီစကားက ဘာအဓိပ္ပာယ်လဲလို့မေးပါမယ်" ဟုတုန့်ပြန်ခဲ့သည်။

South China Morning Post, August 31, China's foreign minister says Czech senate president will 'pay heavy price' for visiting Taiwan       (သတင်းဘာသာပြန် ကျွန်းသာယာ) 

တောင်ကိုရီးယားတွင် ကိုဗစ်ပိုးကူးစက်မှုများသဖြင့်

ဆေးရုံတွင် လူနာကုတင်မလုံမလောက်ရှိလာ


ဆေးရုံတွင်လူနာလာကြည့်သူများ ၀င်ခွင့်ပုံစံဖြည့်စွက်ရန်တန်းစီနေကြစဉ် Photo - REUTERS/Kim Hong-Ji

တောင်ကိုရီးယားတွင် ပြီးခဲ့သောစနေနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၀ ကျော်ရှိသည်။ နေ့စဉ်လူနာအသစ် ရာဂဏန်းရှိသည်မှာ ၁၆ ရက်ကြာပြီဖြစ်သည်။ နိုင်ငံတွင် ကိုဗစ်ကူးစက်ခြင်း တကျော့ပြန်လာသောကြောင့် ဆေးရုံကုတင်နည်းပါးလာသည်။ 

ပြီးခဲ့သောသောကြာနေ့က လူနာအသစ် ၃၀၈ ဦးရှိသဖြင့် တစ်နိုင်ငံလုံးတွင်အတည်ြ့ပုလူနာစုစုပေါင်း ၁၉,၄၀၀ ဦးရှိကာ သေဆုံးသူပေါင်း ၃၂၁ ရှိသည်။

နှစ်စပိုင်းက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအား ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခုလတွင် ခရစ်ယာန်ဘုရားကျောင်းမှစ ရောဂါကူးစက်ပြန့်နှံ့မှုပြန်ဖြစ်ပွားခဲ့သဖြင့် ဆိုးလ်မြို့ ရှိ စားသောက်ဆိုင်၊ ယမကာဆိုင်နှင့် မုန့်ဆိုင်များကို တနင်္ဂနွေနေ့ကစပြီး ည ၉  နာရီအထိသာဖွင့်ခွင့်ပြုမည်။ ကော်ဖီဆိုင်များတွင် လူများထိုင်သောက်ခွင့်မပြုဘဲ လာ ၀ယ်ခြင်းနှင့် ပို့ပေးခြင်းများသာ လုပ်ခွင့်ပေးမည်။ 

ခရစ်ယာန်ဘုရားကျောင်း၊ နိုက်ကလပ်၊ အားကစားလေ့ကျင့်ရုံများနှင့် ကျောင်းအတော်များများအား လုံးဝပိတ်ထားပြီးဖြစ်သည်။ ကိုရီးယားနိုင်ငံ ကူးစက်ရောဂါများထိန်းချုပ်ကာကွယ်ရေးဌာန (KCDC)၏အဆိုအရ ကိုဗစ်-၁၉ ကူးစက်လူနာများထဲမှ လူနာ ၁၀၀၀ ကျော်သည် ဆိုးလ်မြို့ ရှိ စာရန်ဂျီးဘုရားကျောင်း (Sarang Jeil Church) မှဖြစ်သည်။

CNA, Surge in South Korea COVID-19 cases sparks hospital bed shortage concerns, August 29, 2020          
(သတင်းဘာသာပြန် ကျွန်းသာယာ) 


ကျန်းမာရေးကြောင့် ဂျပန်ဝန်ကြီးချုပ်
ရာထူးမှနှုတ်ထွက်

 Photo - Reuters

ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေးသည် ကျန်းမာရေးအခြေအနေပိုမိုဆိုးလာခြင်းနှင့် နိုင်ငံကိုဦးဆောင်နေချိန်တွင် ကျန်းမာရေးက ဒုက္ခပေးလာမည်ကို စိုးရိမ်ပူပန်ခြင်းတို့ကြောင့် ရာထူးမှနှုတ်ထွက်ရန်စဉ်းစားရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကိုဗစ်ရောဂါကြောင့် နိုင်ငံအကျပ်အတည်းဖြစ်နေချိန်မျိုးနှင့် ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံက ဂျပန်လူမျိုးများအားပြန်ပေးဆွဲထားခြင်းကိစ္စကို အောင်မြင်စွာမဆောင်ရွက်နိုင်သေးခင်မှာ နှုတ်ထွက်ရခြင်းအတွက် များစွာခံစားနာကျင်မိပါကြောင်း၊ သူ၏ဇာတိလွှတ်တော်နယ်မြေဖြစ်သော ယာမာဂူချီ ပရီဖက်ချားတွင် အမတ်အဖြစ်ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက သြဂုတ် ၂၈ ရက်နေ့က ဖော်ပြခဲ့သည်။

The Straits Times, Japan set for succession battle as Abe quits over health issue, August 29, 2020           

(သတင်းဘာသာပြန် ကျွန်းသာယာ) 



ထူးခြားသတင်း

သေရွာကပြန်လာပြီးမှ

သေရွာကိုအပြီးပြန်သွားသည့်ဖွားဖွား

အဖွား ဇီနိုင်းဒါ ကိုနိုနိုးဗား


ရုရှားနိုင်ငံမှ အသက် ၈၁ နှစ်အရွယ်အဖွားအို 'ဇီနိုင်းဒါ ကိုနိုနိုးဗား'အား အူပိတ်(intestinal blockage)သဖြင့် သြဂုတ် ၁၄ ရက်က Gorshechensky Central District Hospital တွင် ခွဲစိတ်ပေးပြီးနောက် သတိလစ်မေ့မျှောသွားသဖြင့် ဆရာဝန်များက နာရီဝက်ကြာကြိုးစားသော်လည်း သေဆုံးသွားသဖြင့် နံနက် ၁ နာရီတွင် အဖွားအိုကို အသေတိုက်သို့ပို့လိုက်သည်။ 

သို့သော် သေဆုံးပြီး ၇ နာရီအကြာဖြစ်သည့်နောက်တနေ့မနက် ၈ နာရီတွင် ကြမ်းပြင်ပေါ်မှာ ယက်ကန်ယက်ကန် တွားသွားနေသည့် အဖွားအိုကို သူနာပြုဆရာမကတွေ့မြင်ကာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။   

ထိုနောက် အဖွားအိုအား စောင်များနှင့်အထပ်ထပ်ပတ်လျက် ဆေးရုံသို့အလျင်အမြန်ပြန်ခေါ်သွားပြီး ၄င်းမှတဆင့် ဒေသဆိုင်ရာမြို့ တော်ဖြစ်သော ကာ့စ်ခ်မြို့ ကဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်သို့ အလျင်အမြန် ပို့ဆောင်ကုသပေးသော်လည်း ညကြီးအချိန်မတော် အသေတိုက်ထဲရောက်နေခဲ့ရသည့်စိတ်ဖိစီးမှုဖြင့် သေဆုံးသွားတော့သည်။

Mail Online, August 20, 2020           (သတင်းဘာသာပြန် ကျွန်းသာယာ) 


အားကစားသတင်း

ယူအက်စ်အိုးပင်တင်းနစ်ပြိုင်ပွဲ

အဲန်ဒီမာရေး ဒုတိအဆင့်သို့တက်သွား   





ပထမအဆင့်နိုင်အပြီးမှာ အောင်ပွဲခံနေသည့် အဲန်ဒီမာရေး Photo-AP

ဗြိတိန်နိုင်ငံသား တင်းနစ်အကျော်အမော်နှင့်ကမ္ဘာ့အဆင့်တစ်တင်းနစ်သမားဟောင်း အဲန်ဒီမာရေးသည် စက်တင်ဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံသားတင်းနစ်အကျော်အမော် နီရှီအိုးကားနှင့် ၄ နာရီခွဲကြာကစားအနိုင်ရကာ ဒုတိယအဆင့်သို့တက်သွားသည်။ 

မာရေးသည် ပထမပွဲငယ် ၂ ပွဲကို ၄-၆၊ ၄-၆ ဖြင့် ဆက်တိုက်ရှုံးပြီး တတိယပွဲငယ်မှစပြီး ၇-၆(၅)၊ ၇-၆(၄)၊ ၆-၄ ဖြင့် ၃ ပွဲဆက်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျင်းပသည့် ယူအက်စ်အိုးပင်း (US Open) အား ကိုရိုနာကပ်ရောဂါကြောင့် ပွဲကြည့်ပရိသတ်မပါဘဲ Billie Jean King National Tennis Center ကွင်းတွင်ကျင်းပသည်။

The Telegraph, Andy Murray completes stunning recovery from two sets down to beat Yoshihito Nishioka , September 1, 2020           

(သတင်းဘာသာပြန် ကျွန်းသာယာ) 


မျှော် ...













No comments:

Post a Comment