"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 9, 2020

အိမ်မှာဆင်နွှဲ စင်ကာပူအမျိုးသားနေ့ပွဲ




ယခုနှစ် စင်ကာပူနိုင်ငံအမျိုးသားနေ့ (National Day Parade - NDP) ကို COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ယခင်နှစ်များကကဲ့သို့ နိုင်ငံသူနိုင်ငံသားများစွာ ထောင်နှင့်သောင်းနှင့် ပါဝင်ာကည့်ရှုအားပေးကြလျက် တစ်နေရာသတ်သတ်မှတ်မှတ် ခမ်း နားစွာမကျင်းပနိုင်သဖြင့် နိုင်ငံ၏နေရာအနှံ့တွင် ဖြန့်ကြက်ကျင်းပခဲ့သည်။

တနည်းပြောရလျင် အမျိုးသားနေ့ကို နိုင်ငံသူနိင်ငံသားများရှိရာသို့ သွားရောက်ကျင်းပပေးခြင်း (Bringing NDP2020 to Singaporeans) ပင်ဖြစ်သည်။

တမူထူးခြားမှုရှိခဲ့သည်။

  


 

    
           နိင်ငံတော်အလံအကြီးအသေးများဖြင့်
                  ရဲရဲနီနေသော နေအိမ်တိုက်ခန်းများ။




ထိုကြောင့် စင်ကာပူနိုင်ငံသူနိုင်ငံသားများသည် မိမိတို့၏နေအိမ်ပြတင်းပေါက်များကနေ ချင်နွတ်ဟယ်လီကော်ပတာဖြင့်သယ်ဆောင်လာသည့် အလျား ၃၀ မီတာနှင့်အနံ ၂၀ မီတာရှိ နိုင်ငံတော်အလံကြီးကို ဝေဟင်မှသယ်ဆောင်ခြင်း (state flag flypast) ကို အသွားအလာမပျက် ကြည့်ရှုနိုင်ကြသည်။


  
                   မိမိ၏ဇနီးက အိမ်ဝရံတာရှိပန်းခြံလေးထဲမှ နိုင်ငံတော်အလံပျံသန်းခြင်းကို လက်ပြကြိုဆိုနှုတ်ဆက်နေစဉ်။

 ဝေဟင်မှလေထီးခုန်ချသည့်ပြကွက်



မိမိတို့အိမ်မှမြင်နေရသည့် အမျိုးသားနေ့မီးပန်းအလှပြကွက်အချို့ 




စင်ကာပူနိုင်ငံအမျိုးသားနေ့
ကျင်းပခြင်း၏တစ်စိတ်တပိုင်း
အဖြစ် ယခုနှစ်၏ထူးခြားသော
လုပ်ဆောင်ချက်မှာ COVID-
19 ကျန်းမာရေးရှေ့ တန်းစစ်
မျက်နှာစာက ဆရာဝန် ဆရာမ
များနှင့်ကျန်းမာရေးဝန်ထမ်းများ
ကို စစ်တပ်တပ်ဖွဲ့ဝင်များ၊ ရဲအရာ
ရှိများနှင့်မြို့ ပြကာကွယ်ရေးတပ်
ဖွဲ့ ဝင်များက ဆေးရုံသို့လာရောက်
ဂုဏ်ပြုအလေးပြုခြင်းဖြစ်သည်။


ဆက်ပြီးရေးပါဦးမည်။






No comments:

Post a Comment