"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 9, 2020

ကျွန်းသာယာ သတင်းစဉ် (၇)






***




ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ





တေးရေး တေးဆို ဒါရိုက်တာ ယုန်လေး
တစ်နှစ်ရပ်ဆိုင်းအပြစ်ပေးခံရ

ဓာတ်ပုံ - ကုမုဒြာ


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး CEC အစည်းအဝေးက ယုန်လေးရိုက်သော 'စည်းလုံးသင့်ပြီ မြန်မာပြည်' MTV အခွေနှင့်ပတ်သက်ပြီး ရိုက်ကူးရေးနှင့်သက်ဆိုင်သည့် ထောက်ခံချက်ပေးခြင်းကို တစ်နှစ်ရပ်ဆိုင်းအ ရေးယူအပြစ်ပေးရန် ဆုံးဖြတ်သည်။

"ကိုဗစ်ကာလမှာ ဘယ်သူမှ မရိုက်ကူးရဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေရှိတယ်။ လောကသားအားလုံးစည်းကမ်းလိုက်နာရမယ်။ ယုန်လေးအနေနဲ့ စည်းကမ်းလိုက်နာမှုမရှိတဲ့အတွက် အရေးယူသင့်တယ်။ ကျွန်တော်တို့အမှုဆောင် တော်တော်များများက အဲဒီလိုသဘောထားရှိတယ်" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြောသည်။

သူ၏MTV အခွေနှင့်ပတ်သက်ပြီး ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမကို အသုံးခွင့်ပြုရန် ယုန်လေးမှ Live လွှင့်တောင်ဆိုခဲ့သော်လည်း ပြင်ပတွင်ဖြစ်သည့်ကိစ္စဖြစ်သောကြောင့် သူတို့ဖာသာပြင်ပမှာသာဖြေရှင်းကြရန်နှင့် အစည်းအရုံးမှာ အသုံးပြုပြီး ဖြေရှင်းခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးဖြစ်သူ သရုပ်ဆောင်ဦးဝင်းမြိုင်ကပြောသည်။  

အဆိုတော်ယုန်လေးစီစဉ်ရိုက်ကူးခဲ့သည့် ငါတို့အားလုံးရဲ့ မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းနှင့်ပတ်သက်ပြီး ပြည်သူများကြားတွင်ဝေဖန်မှုများရှိနေပြီး အဆိုပါသီချင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများနှင့်ပါဝင်သီဆိုခဲ့ကြသူများမှလည်း ဖြေရှင်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။















***


လူ ၃၀ ဦးအထိ စုဝေးခွင့်ရှိပြီ 

ကျန်းမာရေးနျင့်အားကစားဝန်ကြီးဌာန ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး သြဂုတ်လ ၁၆ ရက်မှစပြီး လူ ၁၅ ဦးထက်ပိုမစုဝေးရအစား လူ ၃၀ ထက်ပိုပြီးစုဝေးခြင်းမပြုကြရန် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။  






ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)
မသန်စွမ်းအသက်မွေးသင်တန်းကျောင်းဖွင့်

မြန်မာနိုင်ငံမှမသန်စွမ်းသူများအား အသက်မွေးဝမ်းကျောင်းပညာသင်ကြားမှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများလက်လှမ်းမီပြီး ၀င်ငွေပိုမိုရရှိစေရန်ရည်ရွယ်လျက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က Golden Hope Training Centre ကို သင်္ဃန်းကျွန်းမြို့ နယ် ကြီးပွားရေးတောင်ပိုင်းရပ်ကွက် အောင်သိဒ္ဓိလမ်းတွင် သြဂုတ် ၁၂ ရက်နေ့ကဖွင့်လှစ်ခဲ့သည်။

"မသန်စွမ်းသူတွေက အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုတွေရှိပါတယ်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတတ်ပညာကို တတ်ဖို့လိုလိမ့်မယ်" ဟု ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြောင်းသိရသည်။  








လူကောင်းမှ အကောင်းဘက်ပြောင်းမည်
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော 

အုပ်ချုပ်မှုအပြောင်းအလဲကြောင့် အဆင့်အတန်းမနိမ့်သောပြည်သူလူထုကြီးသည် 'လူကောင်းမှ အကောင်းဘက်သို့ပြောင်းမည်' ဆိုသည်ကို သဘောပေါက်သွားကြပြီဖြစ်ကြောင်း၊ လူကောင်းဆိုသောအရည်အချင်းတွင် ဒေသချစ်စိတ် အမျိုးချစ်စိတ် နိုင်ငံချစ်စိတ် ပရဟိတစိတ် ပညာဝမ်းစာနှင့် စွမ်းရည်သတ္တိတွေအကြုံးဝင်သည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားကြောင်းသိရသည်။





တရုတ်နိုင်ငံနှင့်ဆက်ဆံရေး
စိန်ခေါ်မှုတွေရှိနေ 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် စိန်ခေါ်မှုများနှင့်အကျပ်အတည်းများရှိနေကြောင်း၊ ၄င်းကိစ္စကို လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်သားခေါင်းဆောင်များနှင့် ပညာရှင်များအားလုံးပါဝင်သည့်စကားဝိုင်းဆွေးနွေးပွဲမှတဆင့် လမ်းစရှာသင့်ကြောင်း၊ နိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးအခြေအနေကြီးတစ်ခုလုံးအား ပြန်လည်ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်းကို သြဂုတ် ၉  ရက်နေ့ကပြုလုပ်သည့် မြန်မာနိုင်ငံ၏နိုင်ငံရေးမူဝါဒနေရာကိုရှာဖွေခြင်းဆွေးနွေးပွဲ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောကြောင်းသိရသည်။






ဦးပိုင်၊ မြ၀တီဘဏ်နှင့်မြန်မာဘီယာတို့
အခွန်အများဆုံးဆောင်

 ဓာတ်ပုံ - မြန်မာ့အလင်း

မြန်မာ့တပ်မတော်ပိုင် ဦးပိုင်၊ မြ၀တီဘဏ်နှင့်မြန်မာဘီယာတို့အား အခွန်အများဆုံးဆောင်သည့်ကုမ္ပဏီများအဖြစ် ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်အထူးကုန်သည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သြဂုတ် ၁၀ ရက်နေ့တွင် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြောင်းသိရသည်။






၈၈၈၈ အရေးတော်ပုံ 
အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းနား

  ဓာတ်ပုံ - ကြေးမုံ။


၃၂ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အောက်မေ့ဖွယ်အထိမ်းအမှတ်ကို သြဂုတ် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့ တို့၌ပြုလုပ်ရာ တက်ရောက်လာသူများက အရေး တော်ပုံတွင်ကျဆုံးသွားခဲ့ကြသော ရဟန်းသံဃာများ၊ ကျောင်းသူကျောင်းသားများနှင့်ပြည်သူပြည်သားများအား အောက်မေ့သတိရသည့်အနေဖြင့် နှင်းဆီပန်းချခြင်းနှင့်ငြိမ်သက်အလေးပြုကြခြင်းများပြုလုပ်ခဲ့သည်။

တဖန် ကျဆုံးသွားခဲ့ကြသော ရဟန်းသံဃာများ၊ ကျောင်းသူကျောင်းသားများနှင့်ပြည်သူပြည်သားများအားရည်စူးလျက် တောင်ဥက္ကလာပ မဂ္ဂင်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ နှင့်နိုင်ငံရေးအင်အားစုအသီးသီးမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး မြောက်ဥက္ကလာပမြို့ နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံအထိမ်းအမှတ်ကျောက်တိုင်၌လည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီတို့က ပန်းစည်းချအလေးပြုကြောင်းသိရသသည်။ 











ရှမ်းပြည်နယ်အရှေ့ ပိုင်း 
၂၄ နာရီပတ်လုံး လျှပ်စစ်ရပြီ

ရှမ်းပြည်နယ်အရှေ့ ပိုင်းဒေသတွင် ယခင်က ဒီဇယ်ဓာတ်အားပေးစက်ရုံများ၊ အသေးစားရေအားလျှပ်စစ်စက်များဖြင့် အချိန်ပိုင်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။

ယခုအခါနိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် ၂၄ နာရီပတ်လုံးဓာတ်အားပေးနိုင်ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ၂၀၁၆ ခုနှစ်မှာ (၁၆၅) ဂ္ဂါဝပ်သာ သုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၂၀ ခု နှစ်တွင် (၂၅၆) ဂ္ဂါဝပ်အထိ ပိုမိုတိုးတက်သုံးစွဲလာနိုင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံအတိုင်းအတာဖြင့်ကြည့်ပါက လက်ရှိအစိုးရတာဝန်ယူစကာလက လျှပ်စစ်သုံးစွဲသူ (၃၄%) အထိသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ရာမှ ယခုအခါတွင် လျှပ်စစ်သုံးစွဲသူ (၅၄%) အထိတိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်းကို သြဂုတ် ၈ ရက်နေ့ ကပြုလုပ်သည့် နမ့်စံ-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်းနှင့် ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံများဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောကြားကြောင်းသိရသည်။ 










တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း
သြဂုတ် ၉ ရက် ကြေညာပေးမည်

၂၀၂၀ ခုနှစ် မတ်လက ကျင်းပခဲ့သော တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းများကို တစ်နိုင်ငံလုံးအတွက် တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ပေးသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိစာစစ်ဌာနများမှအောင်မြင်ကြသူများအတွက် သြဂုတ် ၉  ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံရေဒီယိုအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်။ 






ပြည်သူ့အရေးတော်ပုံ အောင်ရမည်

သမိုင်းကို ဖျောက်ဖျက်လို့မရ။

မြန်မာ့သမိုင်းသည် မြန်မာပြည်နှင့်သော်လည်းကောင်း
မြန်မာပြည်သူပြည်သားတိုင်းရင်းသားအပေါင်းနှင့်သော်လည်းကောင်း
ခိုင်ခိုင်မြဲမြဲ ထာဝရ ရှင်သန်တည်လျက် ရှိနေမည်သာ။

ထို့အတွက် ..

သမိုင်းနှင့်ပတ်သက်ပြီး
မမေ့ကြဖို့လိုသည်။

မအကြဖို့လည်း လိုပါသည်။









 
ဓာတ်ပုံများ - ဖေ့စ်ဘွတ်စာမျက်နှာများမှ။









ပြည်သူနှင့်ဝန်ထမ်းများ ပြောင်းလဲကြရန်လိုနေ


ခေတ်တွေ စနစ်တွေပြောင်းလဲပစ်ရန် မိမိတို့ သွားလို ရောက်လို
သည့်ပန်းတိုင်နှင်လျှော်ညီသည့် အမူအကျင့်များသို့ လူတွေက
ဦးစွာပြောင်းလဲကြရမည်ဖြစ်သည်။

ပြောင်းလဲချိန် တကယ်တန်ပေပြီ။








WEEKLY HEADLINE ဂျာနယ်: August 10, 2020



လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း


မဲစာရင်းတွေ
အမှားအယွင်းများခဲ့ရသည့်ကိစ္စ
  

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်
ပထမအကြိမ်ထုတ်ပြန်သည့် အခြေခံမဲ
ဆန္ဒရှင်စာရင်းတွင် အမှားအယွင်းများပါရှိခြင်းသည် အချို့ ရပ်ကွက်များတွင် မဲစာရင်းကောက်ယူသော အခါ သင်တန်းတက်ထားကြသူများမပါလာဘဲ သင်တန်းမတက်ထားသူများက ကောက်ခဲ့ခြင်း၊ ဖွဲ့စည်းတာဝန်ပေးထားသောဝန်ထမ်းများမရောက်လာဘဲ ထွေ/အုပ်၊ ရပ်/ကျေး ၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာ၊ ဆယ်များကသာ တာဝန်ယူကောက်ယူနေရခြင်း၊ အချို့ သောအိမ်များက တံခါးဖွင့်မပေးကြခြင်း၊ စာရင်းကောက်သည့်အချိန်ကာလ တိုတောင်းခြင်း အစရှိသည့်ပြသနာများကြောင့်ဟု သြဂုတ် ၁၄ ရက်ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာတွင် ဆောင်းပါးရှင် ထွဏ်းထွဏ်း(သင်္ဃန်းကျွန်း)က ရေးထားကြောင်းသိရသည်။









                             
                                                                မြန်မာ့အလင်း (သြဂုတ် ၁၀၊ ၂၀၂၂၀)



 ခရီးသွားသတင်း 

မွန်တို့ဌာနေ ရာမညမြေ

          

             

[၀ဲမှယာ]                     ၁) ရွှေစာရံစေတီတော်-သထုံ   ၂) ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်  
၃) ဆောင်နိုင်ကြီးရေတံခွန်-ကျိုက်ထို   ၄) ၀င်းစိန်တောရ လျောင်းတော်မူဘုရားကြီး-မုဒုံ   ၅) ၀င်းဖုန်းတောင်နှင့်သဘာဝဂူ-သထုံ  

သတင်းဆောင်းပါး-သီသီမင်း၊ ဓာတ်ပုံ-ခိုင်ခိုင် (မြန်မာ့အလင်းသတင်းစာ၊ သြဂုတ် ၈၊၂၀၂၀)






စာတစ်ကြောင်းသတင်း
(News In One Sentence)


ရွှပြည်သာပန်းခြံ မဖွင့်ရခင် စည်ပင်ကပိတ်
ရွှေပြည်သာမြို့ အ၀င်ဆိုင်းဘုတ်နှင့် ရွှေလှည်းငွေလှည်း၊ လောင်းလှေ၊ ဒါန်း၊ ကလေးကစားကွင်းများပါသည့်ပန်းခြံကို ဖွင့်ပွဲမလုပ်ရသေးခင်တွင် ပြည်သူများလာရောက်ကာ ကျန်းမာရေးလေ့ကျင့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကလေးများဆော့ကစားခြင်းများဖြင့် ကိုဗစ်ကာလမှာ လူစည်ကားလာသောကြောင့် မြို့ နယ်စည်ပင်ကပိတ်လိုက်ရကြောင်းသိရသည်။





ကျန်းမာရေးဓာတ်ခွဲဌာနများ
ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများက ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာပေါင်း ၁၃၀,၀၀၀ ကျော်ကိုစစ်ဆေးပြီးစီးခဲ့ကြောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှအသိအမှတ်ပြုခံထားရသည့် အမျိုးသားအဆင့် တုပ်ကွေးဗိုင်းရပ်စ်ဓာတ်ခွဲခန်း၊ ၀က်သက်နှင့်ဂျိုက်သိုးဗိုင်းရပ်စ်ဓာတ်ခွဲခန်းနှင့်ပိုလီ ယိုဗိုင်းရပ်ဓာတ်ခွဲခန်များလည်းရှိသည့်အတွက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍအတွက် အလွန်အရေးကြီးသောဌာနဖြစ်သည်ဟု သြဂုတ်လ ၉  ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြောင်းသိရသည်။  

  




ပိန်းဇလုပ်-တော်ဝိ ရေတိုက်စားတံတားပြုပြင်ပြီးစီး
သြဂုတ်လ ၄ ရက်နေ့က ရေတိုက်စားခံရသဖြင့် ပျက်စီးသွားခဲ့သော ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့  နယ် ပိန်းဇလုပ်-တော်ဝိကြားရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအားပြန်လည်ပြုပြင်ပြီး ရထားများပုံမှန်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။




အငူမော်-မောင်တောကားလမ်း AA သောင်းကျန်းသူပစ်
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောကားလမ်းပေါ်၌ သြဂုတ်လ ၆ ရက်နေ့ ညပိုင်းက  မော်တော်ယာဉ်တစ်စီးအား AA သောင်းကျန်းသူများက လက်နက်ငယ်များဖြင့်ပစ်ခတ်သဖြင့် ယာဉ်မောင်းနှင့်လိုက်ပါသူ ၁ ဦးတို့အား ထိခိုက်ဒဏ်ရာရသွားကြောင်းသိရသည်။ 





တရားဟောဆရာဒေးဗစ်လားနှင့်ဦးဝေထွန် ထောင် ၃ လကျ
မရမ်းကုန်းမြို့ နယ် ၇ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ ဘုရားကျောင်းတစ်ခုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဒေသန္တရအမိန့်ကိုလိုက်နာခြင်းမပြုဘဲ လူစုလူဝေးဖြင့်ဝတ်ပြုဆုတောင်းခြင်းပြုလုပ်ခဲ့ခြင်း၊ ၄င်းတို့ကိုယ်တိုင်နှင့်အဆိုပါပွဲသို့တက်ရောက်သည့်လူ ၇၀ ကျော်မှာလည်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံခဲ့ရခြင်းတို့ကြောင့် တရားဟောဆရာဒေးဗစ်လားနှင့်ဦးဝေထွန်း(န၀ရတ်စတူဒီယို)တို့အား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ အလုပ်နှင့်ထောင်ဒဏ် ၃ လစီကျခံစေလျက် ချုပ်ရက်များအား ထုတ်နှုတ်ခံစားခွင့်ပြုကြောင်းသိရသည်။








ဖတ်စရာ မှတ်စရာသတင်း


စာကြည့်တိုက်နှင့်စာဖတ်သည့်အလေ့အကျင့်ကောင်း

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏
'ကျွန်တော်နှင့်မျှော်လင့်ချက်'ဆောင်းပါးမှ 
ကောက်နှုတ်ချက်စာပိုဒ်ဖြစ်သည်။












အာဆီယံသတင်း


စင်ကာပူနိုင်ငံအမျိုးသားနေ့ 
အခမ်းအနားကျင်းပ

ST Photo Kua Chee Siong 

စင်ကာပူနိုင်ငံ၏ ၅၅ ကြိမ်မြောက်အမျိုးသားနေ့အား သြဂုတ် ၇ ရက်နေ့က စင်ကာပူသမတရုံးတော် Istana
၌ ကိုဗစ်-၁၉ ကြောင့် အကျဉ်းချုံးလျက် တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့သည်။

The Straits Times, August 8, 2020   (သတင်းဘာသာပြန် ကျွန်းသာယာ)





ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ 
အသစ်ဖြစ်သူ ၄၂၂၆ ဦးရှိ 




ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်
စနေနေ့ (သြဂုတ် ၈ ရက်) က
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်
ပွားသူအသစ် ၄၂၂၆ ဦးရှိခဲ့ပြီး
လက်ရှိလူနာများထဲမှ နောက်
ထပ် ၄၂ ဦး ထပ်မံသေဆုံးသွား
ခဲ့သည်။

                                                                                  ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိစစ်ဆေးရန်စောင့်နေကြသည့် ကလေးငယ်များ



                                                                                                                 




ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၂၆,၈၈၅ ဦးရှိနေပြီး သေဆုံးသူပေါင်း ၂,၂၀၉  ဦးအထိ ရှိသွားပြီဖြစ်သည်။

လူဦးရေ (၁၀၇) သန်းရှိသော ဖိလစ်ပိုင်နိုင်ငံသည် အရှေ့ တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူအရေအတွက် အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက်တွင် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယနေရာမှာ ရှိနေကြောင်းသိရသည်။

CNA, August 8, 2020       (သတင်းဘာသာပြန် ကျွန်းသာယာ)









**********************



နယူးဇီလန်တွင် 
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအသစ်ပြန်ဖြစ်

Photo: AFP/David Rowland
အော့(က)လန်းမြို့ ရှိကုန်တိုက်ကြီးတွင် ဈေးဝယ်သူများတန်းစီနေကြစဉ်


ရက်ပေါင်း ၁၀၂ ရက်ကြာသည်အထိ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကင်းစင်ခဲ့ပြီးနောက် ယခုတစ်ခါ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုအသစ်ပြန်ဖြစ်ကြောင်း 
နယူးဇီလန်နိုင်ငံက သြဂုတ် ၁၁ ရက်နေ့က 
အတည်ပြုခဲ့သည်။

ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက တောင်အော့(က)လန်းရှိ မိသားတစ်စုမှ လူ ၄ ဦးတွင် ရောဂါပိုးကူးစက်ခံရကြောင်းပြောကြားခဲ့သည်။ 

မိသားစုမှာ ပြည်ပခရီးသွားလာမှုမရှိခဲ့ကြောင်း၊ သူတို့အထဲမှတစ်ဦးသည် အသက် ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ယခုအဖြစ်အပျက်က 
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကာကွယ်ရေးနှင့်ပတ်သက်ပြီး
 ကျေနပ်ပေါ့ဆမှုမရှိနေစေရန် တပ်လှန့်ခြင်းပင်ဖြစ်ကြောင်း ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် အာရှလီဘလွန်းဖီးကပြောသည်။

ရောဂါပိုးကူးစက်မှုသည် အော့(က)လန်းမြို့ ၏အပြင်သို့ ပျံ့ နှံ့သွားကာ 
သြဂုတ် ၁၄ ရက်နေ့က 
ကူးစက်ခံရသူအသစ် ၁၂ ဦးရှိလာကြောင်းသိရသည်။ 

CNA, August 14, 2020       (သတင်းဘာသာပြန် ကျွန်းသာယာ)













ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး
ရုရှားက အောင်မြင်စွာထုတ်နိုင်

 Photo - Reuters 


ရုရှားသိပ္ပံပညာရှင်ကြီး နီကိုလိုင်ဂါမာလီယာ၏အမည်ကိုပေးထားသည့် Gamaleya Research Institute of Epidemiology and Microbiology သုတေသနဌာနက အောင်မြင်စွာစမ်းသပ်ထုတ်လုပ်လိုက်သည့် ကိုဗစ်-၁၉  ကာကွယ်ဆေး (COVID-19 vaccine) ဖြင့် ရုရှားနိုင်ငံသည် ၄င်းကာကွယ်ဆေးကိုထုတ်နိုင်သော ကမ္ဘာ့ပထမဦးဆုံးနိုင်ငံဖြစ်ကြောင်း ရုရှားသမတ ဗလာဒီမာပူတင်က သြဂုတ်လ ၁၂ ရက်နေ့ကကြေညာခဲ့သည်။

ယခုကာကွယ်ဆေးမှာ သက်ဆိုင်ရာစစ်ဆေးမှုအားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး စိတ်ချရကြောင်းကို ၄င်း၏သမီးတစ်ဦးအား ဆေးထိုးနှံပေးလျက်သက်သေပြခဲ့သည်။ ကိုဗစ်-၁၉  လူနာများအားစောင့်ရှောက်ကုသပေးလျက်ရှိသော ဆရာဝန် သူနာပြု အစရှိသည့်ကျန်းမာရေးဝန်ထမ်းများအား သူတို့ဆန္ဒသဘောထားအရ ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်သည်။  

ကိုဗစ်ကာကွယ်ဆေး၏အမည်ကို ၁၉၅၇ ခုနှစ်က ဆိုဗီယက်ယူနီယမ် (ယခင်ရုရှားနိုင်ငံအမည်ဟောင်း) မှ လွှတ်တင်သည့် ကမ္ဘာ့ပထမဆုံးဂြိုလ်တု၏အမည်ဖြစ်သော 'စပွစ်နစ်'ကိုအသုံးပြုလျက် Spunik V ဟုအမည်ပေးကာ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

CNA, August 12, 2020       (သတင်းဘာသာပြန် ကျွန်းသာယာ)















တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်
သေဆုံးသူ ၁ သောင်းကျော်ရှိသွား 


တောင်အာဖရိကနိုင်ငံတွင် သြဂုတ် ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀,၂၁၀ နှင့်ရောဂါဖြစ်အတည်ပြုလူနာ ၅၅၃,၁၈၈ ရှိသွားကြောင်းနှင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် -၁၉ လူနာအသစ် ၇,၇၁၂ ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာဇွယ်လီမိ(ခ)(ဇ) ကပြောကြောင်းသိရသည်။

COVID-19 South African Online Portal, August 10, 2020       (သတင်းဘာသာပြန် ကျွန်းသာယာ)








ဘေရွတ်ပေါက်ကွဲမှု 
အစိုးရကို ဆန်ကျင့်ဆန္ဒပြကြ  

 Photo-Reuters
ပေါက်ကွဲမှုဖြစ်အပြီး အပျက်အစီးများနှင့်ဘေရွတ်မြို့ မြင်ကွင်း



သြဂုတ်လ ၄ ရက်နေ့က လစ်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ၌ဖြစ်ပွားခဲ့သော အလွန်ကြီးမားသည့်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ လူ ၁၅၈ ဦးသေဆုံးပြီး လူပေါင်း ၆၀၀၀ ကျော်ဒဏ်ရာရကာ ၂၁ ဦး ပျောက်ဆုံးလျက်ရှိသည်။



 
ဓာတ်ပုံ- ရုရှားသတင်းဌာန (RT)

ထိုကြောင့် ဂိုထောင်တစ်ခုတွင် ၆ နှစ်ကျော်ကြာအထိ ပေါက်ကွဲစေနိုင်သည့်အမိုနီယမ်နိုက်ထရိတ်များသိုလှောင်ထားသည်ကို လျစ်လျူရှုထားခဲ့သည့် လစ်ဘနွန်အစိုးရ၏ရာဇ၀တ်မှုမြောက်သောတာဝန်မဲ့မှု (criminal neglect) အပေါ် မကျေမနပ်ဖြစ်ပြီး လူအုပ်ကြီးက ဘေရွတ်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြလျက်ရှိရာ ရဲအရာရှိ ၁ ဦးသေဆုံးကာ ၁၄၂ ဦးမှာဒဏ်ရရှိခဲ့ကြောင်းသိရသည်။  

BBC News, Beirut: What we know so far, August 6, 2020        (သတင်းဘာသာပြန် ကျွန်းသာယာ) 
  







No comments:

Post a Comment