"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 16, 2020

ကျွန်းသာယာ သတင်းစဉ် (၈)

 





***



အရေးကြီးသတင်း

စစ်တွေမြို့ တွင် စတေးဟုမ်းအမိန့်ထုတ်ပြန်လိုက်ပြီ

စံတ်ာချိန်နေ့စဉ် (၂၁-၈-၂၀)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏အမိန့်အမှတ် ၉ ၃/၂၀၂၀ ဖြင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးလက်မှတ်ရေးထိုးကာ ရခိုင်ပြည်နယ်အတွင်း ကိုရိုနာရောဂါကူးစက်ပျံ့ နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့  ပြည်သူများသည် သတ်မှတ်ထားသည့်စည်းကမ်းများလိုက်နာလျက် နေအိမ်တွင်နေထိုင်ကြရန် (Stay at home ) ကြေညာလိုက်သည်။

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန်သွားရောက်သူများမပါ)
(ခ) မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်
(ဂ) ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်
(ဃ) နေအိမ်မှပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ရန်
(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့်ဖြတ်သန်းခွင့်ပြုထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်
(စ) ရပ်ကွက်အတွင်းဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားလာရန်

ဤအမိန့်ကိုလိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။ 

ဤအမိန့်သည် ၂၀-၈-၂၀၂၀ ရက် ည ၈နာရီအချိန်မှ စတင်သက်ရောက်ကြောင်းသိရသည်။


ဧရာဝတီမြစ်ရေကြီး
ရွှေကူနှင့်ကသာ စိုးရိမ်ရေမှတ်ရောက်နိုင်



မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၁၉ ရက် 
နံနက် ၁၀ နာရီခွဲတိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့ 
 စိုးရိမ်ရေမှတ်၏အောက်သို့ တစ်ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၂ 
ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်နိုင်ပြီး၊ ကသာမြို့ တွင် စိုးရိမ်ရေ
မှတ်၏အောက်သို့ နှစ်ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း 
စိုးရိမ်ရေမှတ်သို့ရောက်နိုင်ကြောင်းသိရသည်။



ချင်းတွင်းမြစ်ရေကြီး
စိုးရိမ်ရေမှတ်အထက်ရောက်နေ



မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏သြဂုတ် ၁၈ ရက် 
နံနက် ၁၀ နာရီခွဲတိုင်းတာချက်အရ ချင်းတွင်းမြစ်ရေသည် 
ဟုမ္မလင်း ဖောင်းပြင်နှင့်ခမန္တီးမြို့ တို့တွင် စိုးရိမ်ရေမှတ်၏
အထက်သို့ရောက်ရှိနေပြီး နောက်၃ ရက် အတွင်း တစ်ပေခွဲ
ခန့် ဆက်လက်တက်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။









ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ

အဆိုတော်ယုန်လေး၏စေတနာကို
လေးစားသဘောကျဟု ဒေါက်တာနန္ဒာလှမြင့်ပြော  

ဓာတ်ပုံ- ALM အင်တာနက်

သြဂုတ်လ ၄ ရက်က လူမှုကွန်ရက်တွင်တင်ခဲ့အပြီး MTV သရုပ်ဆောင်မှုကြေင့် ပြည်သူလူထုအကြားမှာပြင်းပြင်းထန်ထန်ဝေဖန်မှုများဖြစ်ခဲ့သည့် ယုန်လေး၏ငါတို့အားလုံးရဲ့ မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) ဗီဒီယိုပါစေတနာကို လေးစားသဘောကျပြီး တင်ဆက်မှုအပိုင်းတွင် လိုအပ်ချက်ရှိနိုင်ကြောင်း သြဂုတ် ၁၈ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီရုံးချုပ်၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။ 

စည်းလုံးညီညွတ်မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး တိုင်းပြည်စည်းလုံးညီညွတ်မှုအားနည်းခဲ့သည့်အတွက် မိမိတို့နိုင်ငံသားများအနေဖြင့် ရုန်းကန်နေကြရဆဲဖြစ်သည်ဟု ဒေါက်တာနန္ဒာလှမြင့်ကပြောကြောင်းသိရသည်။ 

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှု
ပုဒ်မ ၃၀၂ နှင့်တရားစွဲပြန်ဖမ်းဆီး

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညကအဖြစ်အပျက်ကြောင့် အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက် တရားရင်ဆိုင်နေကြသည့် သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနှင့်ကျော်ဇောဟန်တို့အား တိုင်းတရားလွှတ်တော်မှ ပြောင်းလဲစွဲဆိုထားသည့် အပြင်းအထန်ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၅ အာမခံကိုရုပ်သိမ်းပြီး ယခင်ကစွဲဆိုထာသော လူသေစေမှု ပုဒ်မ ၃၀၂ ဖြင့် သြဂုတ် ၁၈ ရက်က အချုပ်နှင့်တရားရင်ဆိုင်စေခဲ့ကြောင်းသိရသည်။


*************


ရွာငံမြို့ နယ်မှ အခြေခံလူတန်းစာများအား
 နိုင်ငံတော်က ငွေကြေးထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ရွာငံမြို့ နယ်မှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား နိုင်ငံတော်က ဒုတိယအကြိမ်ထောက်ပံ့ငွေ ကျပ် ၅၅၆ သိန်းကို တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ ဖြင့် အိမ်ထောင်စုပေါင်း ၂၈၃၀ အား ပေးအပ်ခဲ့ကြောင်းသိရသည်။


ပြည်ပပြန်လုပ်သားများ အလုပ်ရရှိရေး
အစိုးရနှင့်စီးပွားရေးလုပ်ငန်းရှင်များကြိုးစားပေးသင့်



အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်ပေးခဲ့

ဓာတ်ပုံ-မြန်မာ့အလင်း

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၆၄) ဦးအား သြဂုတ် ၁၉  ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
ထိုင်းနိုင်ငံမှပြန်လည်ခေါ်ဆောင်ပေးခဲ့

ဓာတ်ပုံ-မြန်မာ့အလင်း

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၅၃) ဦးအား သြဂုတ် ၁၇ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


အခက်အခဲတွေ့ မြန်မာနိုင်ငံသား ၁၅၂ ဦး 
စင်ကာပူမှပြန်လည်ခေါ်ဆောင်ပေးခဲ့

ဓာတ်ပုံ-မြန်မာ့အလင်း

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားသဖြင့် စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့နေ ရသည့်မြန်မာနိုင်ငံသား (၁၅၂) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

ဖျားနာကုဆေးခန်းများတွင်
လူနာ ၅၀ ဦး တီဘီပိုးတွေ့

ရန်ကုန်မြို့ နယ်များရှိ ဖျားနာကုအခမဲ့ဆေးခန်း (Fever Clinic) များ တီဘီရောဂါသံသယရှိလူနာ ၄၀၀ ကျော်အား ဓာတ်မှန်ရိုက်စစ်ဆေးရာ လူနာ ၅၀ ဦးတွင် တီဘီရောဂါဖြစ်နေပြီး လိုအပ်သည့်ကုသမှုခံယူသူများရှိသကဲ့သို့ ကုသမှုမခံယူသူများလည်းရှိကြသဖြင့် အိမ်များသို့သွားရောက်ကာ ကျန်းမာရေးအသိပေးရင်းတိုက်တွန်းနေရကြောင်း Free Clinic-Yangon Network တာဝန်ခံဒေါက်တာကျော်မင်းဦးကပြောကြောင်းသိရသည်။



ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာပေါင်း 
၃၉၄ ဦးရှိလာ (၁၉ -၈-၂၀)




ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာပေါင်း 
၃၇၄ ဦးရှိလာ (၁၅-၈-၂၀)






နိုင်ငံရေးအကျဉ်းသားဟောင်းသံဃာတော်များအား
ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

5 J-Club နိုင်ငံရေးအကျဉ်းသားဟောင်းသူငယ်ချင်းများနှင့် ရန်ုကုန်တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားဟောင်းသံဃာတော်များအား တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူပွဲကို  သြဂုတ် ၁၅ ရက်နံနက်တွင် သာကေတမြို့ နယ် စက်မှုလက်မှုရပ်ကွက်ရှိ ပါဠိကာရီပရိယတ္တိစာသင်တိုက်
ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ဆရာတော် သံဃာတော်များကို မမေ့မလျှော့သောအားဖြင့် မိမိတို့ပြန်ပြီးအတူတကွရှိကြကြောင်းမက်ဆေ့ခ်ျပေးလိုသောကြောင့်ဟု 5 J-Club နိုင်ငံရေးအကျဉ်းသားဟောင်းသူငယ်ချင်းများအဖွဲ့ဝင် ကိုရှဲလ်ကပြောကြောင်းသိရသည်။
 

တပ်ချုပ်နှင့်တွေ့ခြင်းမှာ
လက်သိပ်ထိုးသွားရောက်ခြင်းမဟုတ်ဟု NDF ဥက္ကဋ္ဌပြော 
  
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခြင်းသည် ဟိုဟာလုပ်ပေးပါ ဒီဟာလုပ်ပေးပါ လက်သိပ်ထိုးသွားပြောခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောသည်။ 

ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတအောင် တပ်မတော်က ကူညီမယ်ဆိုတဲ့စကားရှိတဲ့အတွက်ကြောင့် ဒီစကားအရ ပါတီတွေက တပ်ချုပ်ကိုပြောပြတာဖြစ်ပါတယ်။ သဘောကတော့ ပါတီတွေဟာ ရွေးကောက်ပွဲကိုအကောင်းဆုံးအနေအထားနဲ့ ညီညီညွတ်ညွတ်ဝင်ကြပါ။ သူတို့လဲ ကူညီနိုင်တာမှန်သမျှကို ကူညီပါ့မယ်။ ပူးပေါင်းကူညီမယ်။ ဒီလောက်ပဲပြောတယ်ခင်ဗျဟု ဦးခင်မောင်ဆွေကပြောကြောင်းသိရသည်။ 
 

ပြည်ပရောက်မြန်မာနိုင်ငံသားများ
ကြိုတင်မဲပေးမှုအလွန်နည်း  

၂၀၂၀ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံပြင်ပသို့ရောက်ရှိလျက်ရှိသောမြန်မာနိုင်ငံသားများက ကြိုတင်မဲပေးရန်လျှောက်ထားမှုမှာ အလွန်နည်းပါးလျက်ရှိကြောင်း သက်ဆိုင်ရာမြန်မာသံရုံးများက ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သိန်းဂဏန်းအထိရှိနေကြသော်လည်း ကြိုတင်မဲပေးရန်လျှောက်ထားသူ ၆၀၇၅ သာရှိပြီး မြန်မာအလုပ်သမား လေးသောင်းကျော်ခန့်ရှိသော တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးရန်လျှောက်ထားသူ ၈၃၄၂ ဦးသာရှိသည်။

ထိုကြောင့် မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးခြင်းကာလကို သြဂုတ် ၅ ရက်အား နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားရာမှ သြဂုတ် ၁၄ ရက်အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ကြောင်းနှင့် တောင်ကိုရီးယားမြန်မာသံရုံးတွင် သြဂုတ် ၁၀ ရက်ကိုနောက်ဆုံးသတ်မှတ်ထားရာမှ သြဂုတ် ၁၅ ရက်အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

မြန်မာရွေ့ ပြောင်းလုပ်သား ၃၁၁ ဦး
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

မြန်မာရွေ့ ပြောင်းလုပ်သား ၃၁၁ ဦးသည် မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သြဂုတ် ၁၅ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြောင်းသိရသည်။



လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 




ကော်မရှင်အဖွဲ့ခွဲများ
ဝတ်ကျေတန်းကျေမလုပ်ရန် ၀န်ကြီးချုပ်ပြော 

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ၀တ်ကျေတန်းကျေလုပ်ဆောင်ခြင်းမျိုးထက် နိုင်ငံသားများ၏ရပိုင်ခွင့်ကိုဆောင်ရွက်ပေးနေသည်ဟူသော ခံယူချက်များဖြင့်လုပ်ဆောင်ပေးကြရန် 
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ လွတ်လပ်ပြီး တရားမျှတသန့်ရှင်းသောရွေးကောက်ပွဲတစ်ခုကို ဖော်ဆောင်ပေးနိုင်ခြင်းသည် ရွေးကောက်ပွဲကြီးအား အောင်မြင်စွာဖော်ဆောင်ပေးသည့် အဖွဲ့အစည်းအသီးသီးအတွက်လည်း ဂုဏ်သိ
က္ခာဖြစ်ကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်သည့်အခွင့်အရေးတစ်ခုအား ၀ိုင်းဝန်းဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မဲ
ဆန္ဒများ အမှန်အကန်ဖြစ်စေရေး မဲပေးသူများမကျန်ရစ်စေရန် ပံ့ပိုးကူညီသူတစ်ဦးအနေဖြင့်ပြောခြင်းဖြစ်ကြောင်း၊ ဌာနတွေကလည်း ၀ိုင်းဝန်းကူညီမှဖြစ်မည်ဖြစ်ကြောင်းကို 
မန္တလေးမြို့ တော်ခန်းမတွင်ပြုလုပ်သော မဲ
ဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် 
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးဆွေးနွေးပွဲ
၌ 
 ဒေါက်တာဇော်မြင့်မောင်ကပြောကြောင်းသိရသည်။


မဲစာရင်းတွင်မပါသူ ကန့်ကွက်သူနှင့်
အချက်အလက်မှားယွင်းခြင်း အလွန်များနေ

ပထမအကြိမ်မဲ
ဆန္ဒရှင်စာရင်းကို 
ဇူလိုင် ၂၅ ရက်နေ့က ကြေညာခဲ့ပြီးနောက် မဲစာရင်းပါ
မဲ
ဆန္ဒရှင် ၃၇ သန်းကျော်ထဲမှ ၆ သန်းကျော်လာရောက်ကြည့်ရှုကြပြီးနောက် မဲစာရင်းတွင်အမည်မပါသောကြောင့် ပုံစံ (၃) ဖြင့်တောင်းဆိုသူ ၂ သိန်းကျော်၊ 
ပုံစံ (၄) ဖြင့်ကန့်ကွက်သူ ၆ သောင်းကျော်၊ ပုံစံ (၄-ဂ) ဖြင့် အချက်အလက်မှားများကို ပြင်ခိုင်းသူ ၁ သိန်းခွဲရှိကြောင်း
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သြဂုတ် ၅ ရက်တွင်ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း 
မဲစာရင်းမှန်ကန်မှုနှင့်ပတ်သက်
၍ ၃၀ ရာခိုင်နှုန်းသာ အာမခံမည်ဟု 
ရွေး ကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး
ကပြောဆိုခြင်နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့်
မဲ
ဆန္ဒရှင်ပြည်သူများက ဦးတင်အေးအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့
စောင့်ကြည့်ခွင့်ရမည် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ခြင်းပိတ်ထားခဲ့သည်ကို ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။   


ဂဠုန်ဆရာစံ သခင်ဖိုးလှကြီး ဗိုလ်အောင်ကျော်ရုပ်ပုံများ
ရွေးကောက်ပွဲမဲဆွယ်ရာတွင် အသုံးမပြုရ 

                
                                 သခင်ဖိုးလှကြီး                            ဗိုလ်အောင်ကျော်

ရွေးကောက်ပွဲအောင်နိုင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ NUD က 
ဂဠုန်ဆရာစံ၊ သခင်ဖိုးလှကြီးနှင့်ဗိုလ်အောင်ကျော်တို့၏ရုပ်ပုံလွှာများအား သုံးစွဲခွင့်ပြုရန်တင်ပြသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုကြောင်းသိရသည်။
   


စာတစ်ကြောင်းသတင်း
(News In One Sentence)


ဗစ်တိုးရီးယားအမှု နစ်နာသူအောင်ကြီးမှ ပြန်လည်တရားစွဲမည်


နေပြည်တော် မူကြိုကျောင်းတစ်ခုတွင်ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုတွင် လိင်အကြမ်းဖက်သူအဖြစ် မှားယွင်စွပ်စွဲခံရပြီး စစ်ဆေးခံခဲ့ရသည့် အောင်ကြီးမှ သူ၏နစ်နာမှုအတွက်ပြန်လည်တရားစွဲဆိုခြင်းသည် မဟာဗျူဟာမြောက်တရားစွဲဆိုခြင်းဖြစ်လာမည်ဟု ၄င်း၏ရှေ့ နေဦးခင်မောင်ဇော်ကပြောကြောင်းသိရသည်။


ဝန်ထမ်းခန့်ထားရေးမှာ ငွေကြေးလိမ်လည်မှုများရှိနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းများခေါ်ယူခန့်ထားရာတွင် လူအချို့ က ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် ၀င်ခွင့်ဖြေဆိုမည့်ဝန်ထမ်းလောင်းများသည် သက်ဆိုင်ရာသို့တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းခြင်းနှင့်အကူအညီတောင်းခြင်များပြုလုပ်နိုင်ကြောင်းသိရသည်။


 တရားဓမ္မ အသိအမြင်  

        ဓမ္မ (The Teachings of Buddha) ဟူသည်ကား ဗုဒ္ဓမြတ်စွာဘုရားနှင့်ရဟန်းသံဃာ ဘုန်းတော်ကြီးများ မိန့်ကြားသတ်မှတ်ခဲ့သော သီလ၊ သမာဓိ၊ ပညာ၊ သစ္စာလေးပါး၊ ဂ္ဂင်ရှစ်ပါး၊ ကမ္မဋ္ဌာန်း၊ အာနာပါန၊ ၀ိပဿနာ၊ ပိဋကတ်သုံးပုံ၊ သည်းခံခြင်း၊ သတိပဋ္ဌာန်လေးပါးနှင့်ဓမ္မစကြာ၊ ငါးပါးသီလ .. စသည့်တရားတော်များဖြစ်သည်။

 The Dharma, as taught by the Buddha, is about overcoming dissatisfaction or suffering, which buddhists call dukkha.

The Dharma refers to buddhist doctrine and is often interpreted to mean the teachings of the buddha.



ဖတ်စရာ မှတ်စရာသတင်း

သက်ဆိုးရှည်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် 

 ပြည်ထောင်စုငြိမ်းချမ်းရေးမျှော်လင့်ချက်



မဲပေးပိုင်ခွင့်ရှိသူတိုင်း

မဲပေးခွင့် မဆုံးရှုံးသင့်

သြဂုတ် ၁၇ ရက်ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာမှ
စာရေးဆရာမြင့်နောင်မိုး၏ 'မဲပေးခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အခြခံအကျဆုံးရေသောက်မြစ်' ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။


ဆောင်းပါးရှင်က Stacey Abrams ၏ 'OUR TIME IS NOW: Power, Purpose and the Fight for a Fair America' စာအုပ်ကို သုံးသပ်ဝေဖန်ရေးထားခြင်းဖြစ်သည်။



ဖေ့စ်ဘွတ်နှင့်သတင်းတု သတင်ယောင်များ သတိထား

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ
အယ်ဒီတာ့အာဘော် 'သတိတမံ၊ ဉာဏ်မြေကတုတ်' ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။


 

အစိုးရ၊ မီဒီယာလောကနှင့် ထုတ်ဝေရေးဒုက္ခအဖုံဖုံ

WEEKLY HEADLINE ဂျာနယ်, 17 August, 2020


*************



 ကမ္ဘာနှင့်ကိုရိုနာသတင်း 


Globally, as of 10:25am CEST, 21 August 2020

there have been 22,492,312 confirmed cases of COVID-19, 

including 788,503 deaths, reported to WHO.



အာဆီယံသတင်း

ပဲန်နင်းစူးလားနှင့်လပ်ကီးပလာဇာတို့တွင်

စနေ၊တနင်္ဂနွေနေ့များ ၀င်ခွင့်ကန့်သတ်

CNA မှသတင်းကြေညာချက် 

မြန်မာများဆုံစည်းရာ ပဲန်နင်းစူးလားပလာဇာ၊ Photo - Internet


တနင်္ဂနွေညနေပိုင်းက လပ်ကီးပလာဇာကုန်တိုက် Photo - ST Photo: Ariffin Jamar

စင်ကာပူနိုင်ငံရှိ မြန်မာလူမျိုးများနှင့်ဖိလစ်ပိုင်လူမျိုးများသွားလေ့ရှိသည့် ပဲန်နင်းစူးလားပလာဇာနှင့်လပ်ကီးပလာဇာကုန်တိုက်များတွင် စနေ တနင်္ဂနွေနေ့များ၌ လာရောက်သူများကြိတ်ကြိတ်တိုးနေတတ်သဖြင့် သွားလာရ ဈေး ၀ယ်ရခက်ခဲသောကြောင့် ၄င်း ၂ ရက်မှာ ကုန်တိုက်အတွင်း သွားလာဈေးဝယ်မှုအဆင်ပြေကြစေရန် ၀င်ခွင့်ကန့်သတ်မှုစီစဉ်ရကြောင်း သြဂုတ် ၂၁ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီး ဂန်ကင်မ်ရောန်ကကြေညာခဲ့သည်။  

ဈေးဝယ်သူအသွားအလာများသည့် ဈေးအချို့ မှာ မကြာခင်ကပြုလုပ်ခဲ့ဖူးသောစနစ်အတိုင်း သြဂုတ် ၂၉  ရက်ကစပြီး အထက်ပါကုန်တိုက် ၂ ခုသို့ဝင်ရောက်ရန် မိမိတို့၏အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံခြာသားမှတ်ပုံတင်ကတ်တို့၏နောက်ဆုံးဂဏန်းအရသာ ၀င်ရမည်ဖြစ်သည်။ 

အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံခြာသားမှတ်ပုံတင်ကတ်တို့၏နောက်ဆုံးဂဏန်း 'စုံ' (even last digit) ဖြစ်ပါက 'စုံ' ဂဏန်းကျသည့်နေ့များ (even dates) တွင်ဝင်ရောက်ခွင့်ရှိပြီး နောက်ဆုံးဂဏန်း 'မ' (odd last digit) ဖြစ်ပါက 'မ' ဂဏန်းကျသည့်နေ့များ (odd dates) တွင် ၀င်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်းသိရသည်။

The Straits Times, Lucky Plaza and Peninsula Plaza to have odd-even entry restrictions on weekends (Yip Wai Yee), August 22, 2020           (သတင်းဘာသာပြန် ကျွန်းသာယာ) 


ကိုရိုနာရောဂါဖြစ်ပွားမှုပထမလှိုင်းကာလ

အင်ဒိုနီးရှားမှာ ရှည်ကြာလွန်း

နိုင်ငံ၏လူဦးရေ သန်း ၂၇၀ တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၄၉၄၅ ဦးရှိသည်ဟု တရားဝင်ကြေညာထားသော်လည်း ယခုထက်အရေအတွက်များနိုင်သည်။ 

အော့စ်ဖို့ဒ်တက္ကသိုလ်၏သုတေသနစီမံချက် Statatics from Our World in Data စီမံချက်ဝင်နိုင်ငံပေါင်း ၈၆ နိုင်ငံအားလေ့လာတွေ့ရှိချက်အရ အင်ဒိုနီးရှားနိုင်ငံ၏ကိုရိုနာရောဂါပိုးစစ်ဆေးနိုင်စွမ်းမှာ အဆင့် ၈၃ တွင်ရှိသည်။ 

ကိုဗစ်-၁၉ ဖြင့်သေဆုံးသူစုစုပေါင်း ၆၃၄၆ ဦးရှိသည်ဟု တရားဝင်ကြေညာခဲ့သော်လည်း ၄င်းအရေအတွက်ထဲတွင် ပိုးတွေ့အတည်ပြုခြင်းမလုပ်ရသေးဘဲ လတ်တလောကိုဗစ်-၁၉ ရောဂါလက္ခဏာများဖြင့်သေဆုံးသူများပါဝင်ခဲ့သည်။ 

ကိုဗစ်-၁၉ ဖြစ်ပွားသူတစ်ဦး၏အဆက်အသွယ်နှင့်ထိတွေ့သူများကိုခြေရာခံသတင်းရယူခြင်းတွင်လည်း ၂ ဦးခန့် သာရှိသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အနည်းဆုံး လူ ၃၀ ဦးထိ ခြေရာခံသတင်းရယူရန်တိုက်တွန်းခဲ့သည်။   

အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သည့် ၆ လ ကျော်ကတည်းကပင် ကိုရိုနာဗိုင်းရပ်စ်ပိုးကုသရန်အတွက် သမရိုးကျမဟုတ်သည့်ကုသနည်း (unorthodox treatments) အချို့ ပြုလုပ်ခဲ့ကြသည်။ ဆုတောင်းဝတ်ပြုခြင်း၊ ဆန်နှင့်ပြုလုပ်ထားသည့်ငှက်ပျောထုတ်နှင့် ထင်းရှူးရွက်ဖြင့်ပြုလုပ်ထားသည့်ဆွဲကြိုးတို့ဖြစ်ကြသည်။ 

ငှက်ပျောထုတ်     လည်ဆွဲကြိုး


ယခုအခါ အင်ဒိုနီးရှားနိုင်ငံသည် ကိုရိုနာ-၁၉ ကူးစက်ပြန့်နှံ့မှုအား မထိန်းချုပ်နိုင်သဖြင့် အရှေ့ အာရှတွင် ရောဂါကူးစက်နှုန်းအမြန်ဆုံးဖြစ်ကြောင်းသိရသည်။

CNA, Endless first wave: How Indonesia failed to control  COVID-19, August 20, 2020  

 (သတင်းဘာသာပြန် ကျွန်းသာယာ) 


***********


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တွင် 

ကိုရိုနာရောဂါဖြစ်ပွားသူ များပြားလာနေ

Photo - AFP/Jung Yeonje

တောင်ကိုရီးယားနိုင်ငံတွင် ယခုနှစ်မတ်လဆန်းကစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု နေ့စဉ်လူနာသစ်အရေအတွက် အမြင့်ဆုံးသို့ရောက်ရှိလာသဖြင့် တစ်နိုင်ငံလုံးသို့ ဒုတိယလှိုင်းရိုက်ခိုက်ခတ်လာမည်ကို အထူးစိုးရိမ်လျက်ရှိသည်။ 

သြဂုတ် ၁၉ ရက်က ဆိုးလ်မြို့ တွင်ဖြစ်ပွားခဲ့သော လူနာအသစ် ၂၉၇ ဦးသည် ကိုရီးယားနိုင်ငံတွင် ၆ ရက်ဆက်တိုက် ရာဂဏန်းအထိရောက်ရှိခြင်းဖြစ်ပြီး ၄င်းတို့အထဲမှ အနည်းဆုံး လူနာ ၁၄၀ သည် စာရန်းဂျီးဘုရားကျောင်း (Sarang Jeil Church) မှဖြစ်သည်။ 

ထိုကြောင့် ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့အင်အား ၈၅၀၀ ကျော်ဖြင့် ဘုရားကျောင်းအသင်းသား ၄၀၀၀ ကို ခြေရာခံရှာဖွေသတင်းရယူလျက်ရှိသည်။

ဆိုးလ်မြို့ ရှိ နိုက်ကလပ်များ၊ ကာရာအိုကေးဆိုင်များ၊ ဆိုက်ဘာကဖေးဆိုင်များနှင့်ဘူဖေးဆိုင်များအားလုံး ပိတ်ထားရန် အစိုးရက ယခုအပတ်စောစောပိုင်းက အမိန့်ထုတ်ကြောင်းသိရသည်။

CNA, South Korea warns of nationwide COVID-19 spread as church outbreaks threaten capital, August 19, 2020   (သတင်းဘာသာပြန် ကျွန်းသာယာ) 

 

အစ္စရေးနှင့်ယူအေအီးတို့ 
ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိ

တယ်လ်အဗစ်မြို့ တော်ခန်းမတွင် ယူအေအီးအလံကိုမီးထွန်းပြသထားပုံ(Photo-Jack Guez/AFP/Getty)

စ္စရေးနိုင်ငံနှင့်အာရပ်စောဘွားများနိုင်ငံ(UAE) တို့သည် သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ရရှိသွားကြပြီဖြစ်ကြောင်း ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ 
ပြီးခဲ့သည့်ကြာသပတေးနေ့ကကြေညာခဲ့သည်။ 

အမေရိကန်မှကြားဝင်ဆောင်ရွက်ပေးခဲ့သည့် သဘောတူညီချက်များကို 
လာမည့်
မကြာမီ
ရက်သတ္တပတ်များတွင် အိမ်ဖြူတော်လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ကမ္ဘာကအံ့အားသင့်ခဲ့သည်။ ၄င်းသဘောတူညီချက်အရ နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရန် သံရုံးများဖွင့်ခြင်း၊ ကုန်သွယ်ရေးနှင့်နည်းပညာအလဲအလှယ်များလုပ်ခြင်း၊ တိုက်ရိုက်လေယာဉ်ပျံသန်းခြင်းနှင့်ခရီးသွားလုပ်ငန်း၊ စွမ်းအင် လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းတို့ပြုလုပ်ကြမည်ဖြစ်သည်။

ထိုကြောင့် အရှေ့ အလယ်ပိုင်းအတွက် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်ပြီး ဒေသဆိုင်ရာငြိမ်းချမ်ရေး လုံခြုံရေးနှင့်ဖွံ့ဖြိုးရေးတို့အတွက် ထူးခြားသည့်ခြေလှမ်းတစ်လှမ်းဖြစ်ကြောင်း သမတထရန့်ကပြောကြောင်းသိရသည်။ 

The New Yorker, Israel's New Peace Deal with the United Arab Emirates Transforms the Middle East, August 14, 2020       (သတင်းဘာသာပြန် ကျွန်းသာယာ) 







No comments:

Post a Comment