"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 20, 2020

သားချစ်တဲ့မေမေ

 



ဒါ သားရဲ့ မေမေပါ။

သား သိပ်ပြီးကိုချစ်ရတဲ့ မေမေရယ်ပါ။

မေမေက သူသွားလေရာတိုင်းကို သားကိုခေါ်သွားလေ့ရှိတာ။

မေမေရဲ့ ကျောမှာ သားက အဖေ့လုံချည်ကြီးနဲ့စလွယ်သိုင်းချီပြီးလိုက်ရတာလေ။

အထုပ်ကြီးကို ခေါင်းပေါ်ရွက်ပြီးလမ်းလျှောက်နေရတဲ့ မေမေ့ခမျာ ပင်ပန်းရှာမှာပါ။

 သားမှာက  မေမေရဲ့ တင်ပါးအိအိကြီးတွေအပေါ်ထိုင်ပြီးလိုက်ရတာမို့ ငြိမ့်လို့  ငြိမ့်လို့ပဲ။

လမ်းလျှောက်နေရင်းက သားကိုစိတ်မချလို့ တစ်ခါတစ်ခါလှမ်းမေးတတ်သေးတယ်။

သား နေရတာ အဆင်ပြေရဲ့ လားတဲ့။

***


၂၄၊၄။၂၃ နေ့တွင် ဖြည့်စွက်သည်။













ဆက်ပြီးရေးပါမည်။


No comments:

Post a Comment