"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 16, 2023

ဒေါက်တာမောင်မောင်အေး (ခွဲစိပ်အထူးကုဆရာဝန်ကြီး) ကွယ်လွန်သွား

 




စင်ကာပူနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်လျက်ရှိပြီး မြန်မာရွာကြီးအဖြစ်ထင်းရှားသည့် ပဲန်နင်းစူး
လားပလာဇာကုန်တိုက်(Peninsula Plaza)မှာဆေးခန်ဖွင့်ထားသည့် ဆရာဝန်ကြီးဒေါက်တာဦးမောင်
မောင်အေးသည် ဧပြီလ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာကြားသိရသည်။

ကွယ်လွန်ချိန်တွင် ဆရာကြီး၏အသက်မှာ ၉၁ နှစ်ရှိပြီဖြစ်သည်။

ဆရာကြီးသည် မြန်မာနိုင်ငံတွင်ရှိစဉ်က အင်းစိန်ဆေးရုံအုပ်ကြီးတာဝန်ကို အချိန်ကြာမြင့်စွာထမ်း
ဆောင်ခဲ့ကြောင်းသိရသည်။ 

၁၉၇၃-၇၅ နှစ်များက သမိုင်း မသန်မစွမ်းလူနာများဆေးရုံ (ယခု အမျိုးသားပြန်လည်သန်စွမ်းရေး
ဆေးရုံ၊ ကျိုက်ဝိုင်းဘုရားလမ်း)တွင် မိမိသည် Physiotherapist အဖြစ် အလုပ်လုပ်လျက်ရှိရာ ထိုစဉ်
က ဆေးရုံအုပ်ကြီးဒေါက်တာဦးလှဖေ၏တာဝန်ပေးမှုအရ ဆရာကြီးဒေါက်တာဦးမောင်မောင်အေး 
ကို သိခဲ့ရပါသည်။

ဒေါက်တာဦးလှဖေက ဒေါက်တာဦးမောင်မောင်အေးသည် သူ၏သူငယ်ချင်းဖြစ်ကြောင်းနှင့်လည်
ပင်းအာရုံကြောဖိညပ်မှု(Cervical Spondylosis)ဖြစ်သဖြင့် အကြောအဆစ်ကုသမှု(Physiotherapy)
ပေးရန် မိမိအားတာဝန်ပေးခဲ့သည်။  

ဆရာကြီးသည် ၀တ်စားဆင်ရင်မှုရိုးစင်းပြီး ပြောဆိုဆက်ဆံရာတွင်လည်း ဟိတ်ဟန်မရှိသိမ်မွေ့လှ
သူဖြစ်ကြောင် သတိပြုမိခဲ့ပါသည်။ 


၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာဖြစ်ပွားခဲ့သည့် ဦသန့်ဈာပနအရေးအခင်းကာလတွင် ကျိုက္ကစံကွင်းကနေ

ကျောင်းသားကျောင်းသူများ လုယူလာခဲ့သည့် ဦးသန့်၏ရုပ်ကလပ်ထားရှိရာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ

တက္ကသိုလ်၊ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းနေရာတွင် ဆရာကြီးဒေါက်တာဦးမောင်မောင်

အေးနှင့်တပည့်ဖြစ်သူ ဒေါက်တာလှကျော်ဇောတို့ အမှတ်မထင်တွေ့ခဲ့ကြသည့်အကြောင်းလေး ဖတ်

ဖူးထားသည်ကို မိမိ အမှတ်ရမိပါသည်။ 


















ထိုစဉ်က  ဒေါက်တာလှကျော်ဇောသည် ရန်ကုန်ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ်

အမှုထမ်းရင်း အခြားတဖက်ကလည်း ဆေးပညာမဟာသိပ္ပံဘွဲ့လွန်တက်နေခဲ့သည်။ 

ယခုအခါ သူမသည် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောအဖြစ်ထင်ရှားပါသည်။






ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦသန့်၏ဈာပနအရေးအခင်းဖြစ်သော ဒီဇင်

ဘာလ ၅ ရက် ၆ ရက်နေ့ကစပြီး ဦးသန့်၏ရုပ်ကလပ်ထားရှိရာရန်ကုန်တက္ကသိုလ်ထဲကကျောင်း

သားသမဂ္ဂအဆောက်အဦဟောင်းနေရာတွင် လျှပ်စစ်မီးထိန်ထိန်လင်းလျက် ညစဉ်ဟောပြော

ပွဲများရှိသည်။ 

ထိုမီးရောင်အောက်မှာ ရဟန်းသံဃာအချို့ နှင့်တက္ကသိုလ်ပေါင်းစုံကကျောင်းသားခေါင်းဆောင်

များသည် ဗိုလ်ချုပ်နေ၀င်းနှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ရဲရဲတောက်ဝေဖန်တိုက်ခိုက်

ဟောပြောခဲ့ကြသည်။ 

ထိုကြောင့် ကမာရွတ်အ၀ိုင်းကြီးနှင့်လှည်းတန်းတ၀ိုက်တွင် ညနေပိုင်းကစပြီး ညပိုင်းအထိ လာ

ရောက်ကြည့်ရှုအားပေးထောက်ခံသူများဖြင့် ကြက်ပျံမကျ အုံးအုံးကျွက်ကျွက်စည်ကားခဲ့သည်။ 


မိမိသည်လည်း ထိုစဉ်အခါက မြန်မာ့အသံနှင့်မနီမဝေးမှာရှိသည့် ၀ဂ္ဂီရပ်တွင်နေထိုင်လျက်ရှိသ

ဖြင့် အလုပ်ကပြန်လာပြီးတိုင်း ရေမိုးချိုးထမင်းစားကာ ထိုနေရာသို့ညစဉ်မပျက်သွားရောက်နား

ထောင်အားပေးခဲ့ပါသည်။ 















အလားတူပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ကျနေသည့်  ဒေါက်တာလှကျော်ဇောတစ်

ယောက်လည်း မွေးရာပါနိုင်ငံရေးစိတ်ဓာတ်ကြောင့် သူမ၏အပေါင်းအသင်း ၂ ဦးနှင့်အတူ ညပိုင်း

ဟောပြောချက်များကို ၂ ရက်သွားရောက်နားထောင်ဖြစ်ခဲ့ပါတော့သည်။ 

တစ်ညမှာတော့ သူနှင့်ဆရာကြီးဒေါက်တာဦးမောင်မောင်အေးတို့နှစ်ဦး ဦးသန့်၏ရုပ်ကလပ်ထား

ရှိရာရန်ကုန်တက္ကသိုလ်ဝင်းထဲ အမှတ်မထင်တွေ့မိကြသည်ကို 'မိုးမခ'တွင်အောက်ပါအတိုင်း

ရေးခဲ့သည်ကို ဖတ်မှတ်ရဖူးသည်။

" ကျွန်မတို့ အဲဒီဝိုင်းထဲလျှောက်ကြည့်နေတုန်း ဟိုကြည့်ဒီကြည့်လျှောက်လာနေတဲ့ အဲဒီတုန်းက 

အင်းစိန်ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်အေးနဲ့ ပက်ပင်းတိုးပါတော့တယ်။ ကျွန်မလည်း

လွှတ်ခနဲ 'ဟာ.. ဆရာကြီးပါလား' လို့ နှုတ်ဆက်မိတော့ သူက 'ဟာ.. ဒီကောင်မလေး၊ မမြင်ချင်

ယောင်ဆောင်သွားလေ။ နောင် ငါ့ကို ဒီနေရာမျိုးမှာတွေ့ရင် နှုတ်မဆက်နဲ့ ' လို့ ကြိမ်းသွားပါ

တယ်။"















စာကိုး။ ။ လှကျော်ဇော – "ဦးသန့်အရေးအခင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်မှာ"
(
မိုးမခဇူလိုင်၂၈၊၂၀၁၆




ဆက်ပြီးရေးပါဦးမည်။


No comments:

Post a Comment