"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, January 8, 2021

ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးထိုးပြီးပြီ

 


ဒီကနေ့မနက် ၉ နာရီခွဲကျော်မှာ လူနာဆောင်မှာအလုပ်လုပ်နေရာကနေ ကာကွယ်ဆေးထိုးပေးမည့်နေရာကို လမ်းလျှောက်သွားခဲ့သည်။ မိမိနှင့်အတူ "Annex G - Vaccination Screening Form1" စာရွက်ကိုရေးဖြည့်ယူသွားရသည်။

မနေ့ကတော့ ကိုဗစ်-၁၉ စစ်မေးမှုစာရွက်(COVID-19 Vaccination Decalration)ကိုရေးဖြည့်ပြီး အွန်လိုင်းမှကြိုတင် ပို့ပေးပြီးဖြစ်သည် (အောက်ပုံ)။


















၎ မိနစ်တောင်မသွားလိုက်ရဘဲ ဆေးထိုးပေးမည့် အေထရီယမ် (Atrium) ရောက်သွားပြီး မိမိရှေ့ မှာ တန်းစီစောင့်  နေသူမရှိသဖြင့် ပထမစားပွဲမှာ Annex G စာရွက်ပေးရသည်။ ၀န်ထမ်းကတ်ပြရသည်။ မှတ်ပုံတင်နံပတ်နှင့် လက်ကိုင်ဖုံးနံပတ်များ အလွတ်ပြောပြရသည်။ 

စာရင်းမှာပါရှိသည့် ကာကွယ်ဆေးထိုးမည့်သူ မှန်ကန်ကြောင်းစစ်မေးခြင်း (verification) ဖြစ်သည်။ 

ပြီးတော့ ဒုတိယစားပွဲတွင် မနေ့ကအွန်လိုင်းကကြိုတင်ထားသည့် COVID-19 Vaccination Decalration ကို တာဝန်ရှိသူရှေ့ တွင် ကွန်ပြူတာမှာ ထပ်မံဖြည့်သွင်းရပြန်ပါသည်။

ထိုနောက် ဆေးထိုးပေးမည့်အခန်း ၃ ခန်းရှိရာ အခန်းကြီးအတွင်းသို့ဝင်ရသည်။

ဆေးထိုးပေးသည့်အခန်းသို့ မ၀င်ရခင် ကိုဗစ်-၁၉ စစ်မေးမှုစာရွက် မိမိရေးဖြည့်ထားသည်တို့အထဲမှ ကျန်းမာရေးအချက်အလက်အချို့ ကို ဆရာဝန်ကမေးပါသည်။ 

ပြီးမှ ဆေးထိုးပေးမည့်အခန်းသိုသွားပြီး ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရသည်။



ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး

အခြားသောကာကွယ်ဆေးများထိုးပေးသည့်အတိုင်းဖြစ်သည်။ ဘာမှအထွေအထူးမရှိပေ။

ထိုနောက် ဆေးထိုးပြီးသူများကို နာရီဝက်ကြာစောင့်ကြည့်သော အခန်းကျယ်ကြီးရှိရာသို့သွားရသည်။ 

ထိုင်ခုံများတွင် ထိုင်နေရုံသာဖြစ်သည်။

ကာကွယ်ဆေးကြောင့် တစ်စုံတခုဖြစ်က ပြောပြနိုင်ရန်ဖြစ်သည်။ ယင်းအတွက် လူနာခုတင်တစ်ခု အဆင်သင့်ထားရှိသည်ကိုတွေ့ရသည်။

မိမိ ထိုင်ခုံမှာထိုင်နေရင်း အခန်းတွင်းသို့ဝင်လာစဉ်က သူနာပြုဆရာမကပေးသည့် ကာကွယ်ဆေးထိုးနှံသူများသိရှိရန်ပညာပေးစာရွက် (Vaccination Information Sheet for Vaccination Recipients) ကိုဖတ်နေသည်။ 

















   

ပညာပေးစာရွက်တွင် 

- ကိုဗစ်-၁၉  ရောဂါသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ကြောင်း 

- အနည်းအပါးကနေ အသည်းအသန်ထိ ဖျားနာတတ်ကြောင်း

- ရောဂါလက္ခဏာများကို ကိုဗစ်ရောဂါပိုးဝင်ရောက်ပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်း ပြသနိုင်ကြာင်း

-  ဤကာကွယ်ဆေး (Pfizer COVID-19 Vaccine) သည် အသက် ၁၆ နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်ရောဂါမှကာကွယ်ပေးရန်ဖြစ်ကြောင်း

- ကာကွယ်ပေးနိုင်စွမ်းမှာ ၉၅% ရှိကြောင်း

- ပထမအကြိမ်ထိုးနှံပြီး နောက် ၂၁ ရက်အကြာတွင် ဒုတိအကြိမ် (second dose)ကို ထပ်မံထိုးနှံရဦးမည်ဖြစ်ကြောင်း

ဤကာကွယ်ဆေးကို မည်သူတွေ ထိုးနှံနိုင်ပြီး မည်သူတွေက မထိုးနှံနိုင်ကြောင်း

ဤကာကွယ်ဆေးတွင် မည်သည့်ပစ္စည်းများ (ingredients) ပါရှိကြောင်း (အမျိုးအမည် ၁၀ မျိုးဖော်ပြထား၏)

ဤကာကွယ်ဆေးကြောင့် မည်သည့်ဘေးထွက်ဆိုးကျိုးများ (၁၀ ခုဖော်ပြထား၏) ဖြစ်စေနိုင်ပြီး ကိုယ်တိုင်မည်သို့  ပြုစုပေးနိုင်ကြောင်း 

- မည်ကဲ့သို့သော ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ (severe allergic reaction) များဖြစ်လာက အရေးပေါ်ဖုံး 995 ကိုခေါ်ရန်၊ သို့မဟုတ် ဆေးရုံအရေးပေါ်ဌာန (A&E)သို့ အမြန်ဆုံးသွားရောက်ကြရန်လိုကြောင်း

- သွေးကြဲဆေး (blood thinning medicines) သောက်နေရသူများ၊ နို့တိုက်နေသည့်မိခင်များနှင့် ကိုယ်ဝန်ယူမည့်သူများအတွက် အကြံပေးချက်များ ပါရှိကြသည်။





စောစောလေးတင်ကပဲ မိမိ၏ဌာနမှူးက "နေကောင်းတယ်မဟုတ်လား မစ္စတာအေး။ မနက်က ကာကွယ်ဆေးထိုးထားတာ ဘာမှမဖြစ်ဘူး (no side effects) လို့ မျှော်လင့်ပါတယ်" ဟု WhatsApp ၏ Chats ကနေမေးလာသည်။

မိမိက မည်သည့် side effects မှမဖြစ်ကြောင်းပြန်ပြောရင်း သူလည်း မိမိကဲ့သို့ ဒီကနေ့မနက်က ကာကွယ်ဆေးထိုးထားသည့်အတွက် ကျန်းကျန်းမာမာရှိမည်ဟုယုံကြည်ကြောင်းပြောခဲ့သည်။ 

သူလည်း မည်သည့် side effects မှမဖြစ်ကြောင်းသိရသည်။

အကြောအဆစ်ကုဌာနမှ သူနှင့်မိမိတို့နှစ်ဦးသည် ဆေးရုံ၏ပထမနေ့ကာကွယ်ဆေးထိုးခြင်းကို ဈေးဦးပေါက်စတင်ထိုးနှံခဲ့ကြပါသည်။ 

သူက မိမိထက်တစ်နာရီစောပြီး ဆေးထိုးနှံရသည်။ 

ပြီးတော့ သူဆေးထိုးပြီးကြောင်းကို မိမိတို့အချင်းချင်းအလုပ်ကိစ္စဆက်သွယ်ရာတွင်အသုံးပြုသည့် ဆေးရုံ Chat group (PT) ကနေ ဓာတ်ပုံလေးနှင့်အတူ အသိပေးခဲ့သည်။

ထို့အတူ မိမိ ကာကွယ်ဆေးထိုးပြီးသောအခါတွင်လည်း Chat group (PT) ကနေ ဓာတ်ပုံလေးနှင့်တင်လိုက်ပါ သည်။




ကာကွယ်ဆေးထိုးပြီးနောက်

ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးနှင့်

သက်ဆိုင်သည့်သိသင့်သည့်

သတင်းအချက်အလက်စာရွက်များ။


ဆေး၏အကျိုးသက်ရောက်မှုကို စောင့်ကြည်နိုင်ရန်အတွက် စောင့်ကြည့်ခန်းတွင် မိနစ် ၃၀ ကြာထိုင်နေပေးခဲ့ရပါ သည်။ 

ထိုင်စောင့်နေပြီး ဘာမှမဖြစ်ပါက မည်သည့်အချိန်တွင်ပြန်နိုင်ကြောင်းကို ပုံမှာတွေ့ရသည့်အတိုင်း Post-it Note စာရွက်အ၀ါလေးပေါ်တွင် ရေးမှတ်ပေးထား၏ (အနီစက်ဝိုင်း)။ 

နံနက် ၉ နာရီ ၅၅ မိနစ်မှာဆေးထိုးနှံရသဖြင့် ၁၀ နာရီ ၂၅ မိနစ်တွင် မိမိတာဝန်ကျရာလူနာဆောင်သို့ပြန်ခဲ့သည်။



No comments:

Post a Comment