"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, January 29, 2021

ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးပြီ

 

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံစဉ် (၂၉ -၁-၂၁)



ပြီးခဲ့သော ဇန်န၀ါရီလ ၈ ရက် (သောကြာနေ့) နံနက်က ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့သည်။ 

ထိုနေ့မှစပြီး ၂၁ ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးရ သည်။




ဆေးထိုးမည့်ရက်မတိုင်မီတစ်ရက်က COVID Vaccination - 2nd Dose ထိုးရန် သတိပေးသည့်အီးမေးကို ရရှိခဲ့၏။ အီးမေးတွင် 

- မိမိ၏ချိန်းဆိုချိန်ထက် ၁၅ မိနစ်စောပြီးအရောက်လာရန်၊ 

- ပထမအကြိမ်ဆေးထိုးနှံစဉ်ကပေးလိုက်သည့် ဆေးမှတ်တမ်းကတ်ကို တပါတည်းယူလာခဲ့ရန်၊

- ဆေးထိုးရလွယ်ကူစေရန်အတွက် လက်မောင်းမကျပ်သောအင်္ကျီကိုသာ ၀တ်လာရန်တို့ မှာကြားထား၏။

ထိုနေ့မတိုင်မီကလည်း လူနာဆောင်နားတွင် မိမိ၏ဌာနမှူးနှင့်တွေ့သဖြင့် ယခုလာမည့်သောကြာနေ့တွင် ဒုတိယအ  ကြိမ်ကာကွယ်ဆေးထိုးရမည့်အကြောင်းပြောဖြစ်ခဲ့ကြသေးသည်။

သူလည်း ပထမအကြိမ်ကို မိမိနှင့်တစ်နေ့တည်း ထိုးနှံခဲ့သဖြင့် ဒုတိယအကြိမ်ထိုးနှံမည့်ရက်ချင်းတူနေပါသည်။








ပထမအကြိမ်ဆေးထိုးပြီးစဉ်အခါက မိမိတို့အား ကာကွယ်ဆေးထိုးမှတ်တမ်းကတ်လေး (COVID-19 Vaccination Card) ထုတ်ပေးပါသည်။



ယင်းဆေးထိုးမှတ်တမ်းကတ်၏ကျောဘက်တွင် နောက်တစ်ကြိမ်ကာကွယ်ဆေးထိုးရမည့်ရက်ကို တစ်ခါတည်း      ရေးပေးလိုက်၏။




ဆေးမှတ်တမ်းကတ် (COVID Vaccination Card) ကျောဘက်။

ထိုကြောင့် မိမိသည် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးခြင်းကို ယခုလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ထိုးရမည်ဖြစ်ကြောင်းသိထားပြီးဖြစ်သည်။


ကာကွယ်ဆေးထိုးနှံပေးသည့် အေထရီယမ် (Atrium) ကို မိမိ ရောက်သောအခါ ဆေးထိုးပြီးသဖြင့်ပြန်ထွက်လာသော မိမိ၏ဌာနမှူးကိုတွေ့ရသည်။ 

သူက "မစ္စတာအေး ဆေးထိုးပြီးရင် အိမ်ပြန်ပြီးအနားယူလိုက်ပါ။ အလုပ်ပြန်မလုပ်ပါနဲ့တော့" ဟုပြောပါသည်။

သို့ဖြစ်ရာ မိမိ အနားယူဖြစ်ခဲ့ပါသည်။ 

ပထမအကြိမ်ဆေးထိုးခဲ့တုန်းက ဆေးထိုးနေစဉ်မှာ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပေ။ 
ဆေးထိုးပြီးမှသာ အမှတ်တရဖြစ်အောင်ရိုက်ခဲ့ပါသည်။

ယခုတစ်ကြိမ်တွင်တော့ ဆေးထိုးနေသည့်ဓာတ်ပုံကိုရိုက်ဖြစ်အောင်ရိုက်မည်ဟုအားခဲထားသည့်အတိုင်း ရိုက်ခဲ့ဖြစ်သည်။

ဆေးထိုးပေးသူက မြန်မာလူမျိုးသူနာပြု။
ဓာတ်ပုံရိုက်ပေးသူက ဖိလစ်ပိုင်နိုင်ငံသားသူနာပြု။
ဆရာဝန်၊ သူနာပြုအပါအ၀င် ကျန်သည့်တာဝန်ကျသူအများစုမှာ စင်ကာပူနိုင်ငံသူနိုင်ငံသားများဖြစ်ကြသည်။




ဆက်ရေးပါဦးမည်။

       

No comments:

Post a Comment