"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 16, 2021

ခြေရှည်လင်မယား

 



ချန်ဂီလေဆိပ်၏အထင်ကရ 
ကမ္ဘာ့လူလုပ်အခန်းတွင်းရေတံခွန်
(Rain Vortex) - ဂျူဝယ်

















ပြီးခဲ့သောနှစ်မေလ (၂၂ ရက်၊ ၃၀ ရက်) က မိမိ၏ဘလော့စာမျက်နှာမှာ "အခန်းအောင်း လင်မယား" ဆိုသည့်ခေါင်းစဉ်ဖြင့် အမှတ်စဉ် (၁)နှင့်(၂) ကို ရေးခဲ့သည်။

စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၇ ရက်ကစပြီး 'စားကစ်ဘရိတ်ကာ' (circuit breaker) ခေါ် တင်းကျပ်သည့်ခပ်ခွာခွာနေထိုင်ရေးမူ(safe distancing measures)ကိုချမှတ်လိုက်သဖြင့် မိမိတို့အဖိုးအဖွားနှစ်ဦး အိမ်ထဲမှာ အခန်းအောင်း နေခဲ့ကြရသည်မှာ ကြာလွန်းလှပြီဖြစ်သည်။

တစ်ပတ်စာဈေးဝယ်ခြင်းနှင့် ဘဏ်ကိစ္စအချို့ ကိုလုပ်ရန် တစ်ခါတရံမှသာ အပြင်ထွက်ဖြစ်ကြတော့၏။  

တစ်ချိန်လုံး တစ်မျိုးမဟုတ်တစ်မျိုးအကြောင်းရှာကြံပြီး ခြေသလုံးလေ၀င်နေလေ့ရှိသည့်လင်ကိုယ်မယားနှစ်ဦးခမျာ ကောင်းကောင်းကြီးခြေချုပ်မိခဲ့ကြရရှာသည်။

ထိုကဲ့သို့ လပေါင်းများစွာကြာအောင် အိမ်ထဲမှာအောင်းနေကြရစဉ် မိမိတို့နှစ်ဦး ဘာတွေလုပ်ဖြစ်ကြောင်းကို 

ဘလော့မှာတင်ထားသည့် "အခန်းအောင်း လင်မယား" အမှတ်စဉ် (၁)နှင့်(၂) ကိုဖတ်ကြည့်ကြစေလိုပါသည်။

မည်သို့ဆိုစေ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း သိသိသာသာကျဆင်းလာခြင်းနှင့်အတူ သွားလာနေထိုင် လုပ်ကိုင်စားသောက်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းဖြေလျှော့ပေးလာသောကြောင့် မိမိတို့လင်မယားလည်း တဖြည်းဖြည်းချင်း ခြေရှည်စပြုလာတော့သည်။

အောက်ပါနေရာများကို လည်ရင်းပတ်ရင်း စားရင်းသောက်ရင်းဖြင့် ခြေဆန့်ကြတော့၏။

- မိမိတို့၏စိတ်ကြိုက် မကြာမကြာလည်ပတ်လေ့ရှိရာ ကမ္ဘာကျော် ချန်ဂီလေဆိပ်   

- ခရီးဝေး ဘတ်စ်ကားအပျော်စီးသွားလေ့ရှိသည့် Suntec City နှင့် VivoCity ကုန်တိုက်ကြီးများ

- အဖိုးကြီးနှင့်အဖွားကြီးနှစ်ဦး တစ်ခါတစ်ခါချိန်းတွေ့ပြီး KFC ဆိုင်မှာစားတတ်သော Causeway Point ကုန်တိုက်     ကြီး

- စင်ကာပူတစ်တနိုင်ငံလုံးရှိ ကြက်ဆီထမင်း (chicken rice) ဆိုင်တွေအထဲမှာ အကြိုက်ဆုံးဆိုင်ရှိရာ Jurong Point ကုန်တိုက်ကြီး

- carrot cake လက်ရာကိုကြိုက်သဖြင့် တကူးတကသွားစားတတ်သည့် Buangkok ဘူတာနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော Kopitiam စားသောက်ဆိုင်  

- ဂျလေဘီ၊ မလိုင်ခဲစသည့် ကုလားမုန့်ပဲသရေစာများ သွားဝယ်လေ့ရှိသော Little India ခေါ် ကုလားတန်းရပ် 

- ပလာတာနှင့်ဟင်းရည်ကိုကြိုက်သဖြင့် ဂျူရောင်းအိစ်ရောက်သည့်အခါ သွားစားလေ့ရှိသည့် JCube ကုန်တိုက်

















ဆက်ရေးပါဦးမည်။






No comments:

Post a Comment