"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 9, 2023

တွန်ဒေါက်တာအစ်(စ)မိုင်း သို့မဟုတ် ရည်ရွယ်မထားသည့်နိုင်ငံရေးသမား

 

  















လွန်ခဲ့တဲ့ ၂ ပတ်လောက်က Ng Teng Fong Hospital ရဲ့ ဒုတိယထပ်မှာရှိသည့် Dignity Mama စာ

အုပ်အဟောင်းဆိုင်မှ စာအုပ် ၃ အုပ်ဝယ်ခဲ့ပါတယ်။ 

တစ်အုပ်က မိမိအတွက်ဖြစ်ပြီး နောက်၂ အုပ်ကတော့ မြေးနှစ်ယောက်အတွက်ရယ်ပါ။ 







Dignity Mama စာအုပ်အဟောင်းဆိုင်သည် အသေးစားစီးပွားရေးလုပ်ငန်း(Micro-enterprise)အ

မျိုးအစားဖြစ်ပြီး ဒီဆိုင်တွင် ဥာဏ်ရည်ဖွံ့ဖြိုးမှုမသန်စွမ်းသည့်လူငယ်လေးအချို့  (individuals with 

developmental disabilities) အလုပ်လုပ်ကိုင်နေကြပါတယ်။ 

သူတို့ကိုကြီးကြပ်ပေးသည့်အမျိုးသမီးကြီးတစ်ဦးကိုလဲ တွေ့ခဲ့ရပါတယ်။








အခုတလောမှာ မလေးရှားနိုင်ငံ၏နိုင်ငံရေးသည် အတော်လေးရှုပ်ရှုပ်ထွေးထွေးရှိနေတာဖြစ်ပြီး ယခင်
သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၊ မကြာသေးခင်ကမှ ၀န်ကြီးချုပ်ပြုတ် မူ(ဟ)ရစ်ဒင်နှင့်
လက်ရှိဝန်ကြီးချုပ်သစ်အန်ဝါအီဘရာဟင်တို့ ၃ ဦးအကြား အပြန်အလှန်စွပ်စွဲတိုက်ခိုက်ဝေဖန်မှုတွေ
ရှိနေပါတယ်။ 

ဒါ့အပြင် လာဒ်စားမှုနဲ့တရားဆွဲဆိုခံရပြီး ထောင်နန်းစံနေတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏အမှု
အခင်းတရားစီရင်ရေးကိစ္စကလဲ တရားရုံးအဆင့်ဆင့်မှာရှုံးလို့ မလေးရှားဘုရင်ထံအသနားခံတဲ့အခြေ
အနေ(Royal Pardon)ထိရောက်နေပြီဖြစ်ပါတယ်။

ဒီအချိန်မှာ မလေးရှားနိုင်ငံနဲ့ပတ်သက်ပြီး ဖတ်စရာနိုင်ငံရေးစာအုပ်ဆိုလို့  မိမိမှာတစ်အုပ်မှမရှိဖြစ်နေ
တုန်း နိုင်ငံရေးရာသမိုင်းပညာရှင်(Political historian) အွီကီဘဲန်း၏ 'တွန်ဒေါက်တာအစ်(စ)မိုင်း သို့
မဟုတ် ရည်ရွယ်မထားသည့်နိုင်ငံရေးသမား' စာအုပ်ကိုတွေ့ရလို့ အတော်လေးကံကောင်းရပါတယ်။

မလေးရှားနိုင်ငံ၏နောက်ခံသမိုင်းဇာတ်ခုံကိုအခြေခံပြီး ထိုစဉ်က ဒုတိယ၀န်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်
ကြီးတာဝန်များထမ်းဆောင်ခဲ့သည့် 'တွန်ဒေါက်တာအစ်(စ)မိုင်း'၏အကြောင်းစာအုပ်ပဲဖြစ်ပါတယ်။

ယခုစာအုပ်ကို အာရှဒေသကြီးအတွင်းမှာရှိသည့် အရှေ့ တောင်အာရှဆိုင်ရာ အကြီးဆုံးသုတေသန
ပညာပေးထုတ်ဝေရေး (largest scholarly publisher of research) က ရိုက်နှိပ်ထုတ်ပေးခဲ့တာဖြစ်လို့ 
သမိုင်းဆိုင်ရာအချက်အလက်နှင့်အထောက်အထားခိုင်မာမှုများအတွက် များစွာယုံကြည်စိတ်ချနိုင်
ပါတယ်။
















ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment