"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, April 10, 2023

စာအုပ်ကောင်းကောင်း အဖိုးချိုချို (၁-၂) Self-Massage The Basics and Benefits



 မျက်လုံးနာ မျက်ရိုးကိုက်ခြင်း (Eyestrain)

မျက်လုံးနာ မျက်ရိုးကိုက်ခြင်းသည် အဖြစ်များသည့်မျက်စိဝေဒနာ (common condition) တစ်မျိုးဖြစ်
သည်။
ဥပမာ၊ မျက်စိကို မကြာခဏ လုံလောက်စွာအနားယူပေးခြင်းမရှိဘဲ စာအုပ်များဖတ်ရှုခြင်းနှင့် ကွန်ပြူ
တာ တီဗွီတို့၏မှန်သားပြင်အား အချိန်ကာလကြာရှည်စွာကြည့်ရှုခြင်း။

ထိုအခါ မျက်လုံးများပင်ပန်းနွမ်းနယ်ခြင်းနှင့်မျက်လုံးကြွက်သားများဝန်ပိကာ ညောင်းညာခြင်းဖြစ်ကြ
ရသည်။  
 
မျက်လုံးနာ မျက်ရိုးကိုက်ခြင်းကြောင့် ရုပ်ဝေဒနာသာမဟုတ်မူဘဲ စိတ်ကိုပါ အနှောက်အယှက်ဖြစ်ရ
လေသည်။

မိမိ ၉ တန်း ၁၀ တန်းအရွယ်လောက်က 'မျက်မှန်မဲ့မျက်စိသန်နည်း'(စာအုပ်အမည်အတိအကျ မမှတ်
မိတော့ပါ)အမည်ရှိစာအုပ်ကိုဖတ်ပြီး မျက်လုံးအနားယူခြင်း၊ မျက်လုံးနှင့်မျက်ရိုးများနှိပ်နယ်ပေးခြင်းတို့ 
လေ့ကျင့်ခဲ့ဖူးပါသည်။ 

လတ်တလောတွင် မျက်စိအညောင်းအညာပြေပြီး နောင်တွင်မျက်မှန်မတတ်ရစေရန်ရည်ရွယ်ပြီး လေ့
ကျင့်ခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံမှဆရာဝန်တဦး၏စာအုပ်ကို မြန်မာပြန်ရေးသားထုတ်ဝေထားခြင်းဟု မှတ်မိနေသည်။




























စာအုပ်က ခပ်ပါးပါးလေး။

စာမျက်နှာ ၁၀၀ - ၁၅၀ ခန့်ရှိမည်ထင်သည်။

မိမိသည် ကန့်ဘလူမြို့ အထက်တန်းကျောင်းတွင် ပညာသင်ယူနေချိန်ဖြစ်သောကြောင့် ညနေခင်း 

၇ နာရီခွဲ လျှပ်စစ်မီးလာချိန်မှာ ကျောင်းစာများစကြည့်လေ့ရှိသည်။

ကျောင်းစာများဖတ်ပြီးနောက် လျှပ်စစ်မီမပိတ်မချင်း(ည ၁၁ နာရီဟုထင်ပါသည်) အပြင်စာများ

ဆက်ဖတ်တတ်သည်။ 

ထိုကြောင့် နောင်တွင်းမျက်မှန်တတ်ရဖွယ်ရှိသည်ဟုတွေးမိကာ မျက်စိလေ့ကျင့်ခန်းများလုပ်ဖြစ်ခဲ့

ခြင်းဖြစ်သည်။

 စာဖတ်ချိန် ၁ နာရီ၊ ၁ နာရီခွဲခန့်ကြာတိုင်း မျက်ရိုး(eyebrows)၊ နားထင်(temples)နှင့်မျက်လုံးများ

ကို စာအုပ်ပါနည်းများအတိုင်း ၄-၅ မိနစ်ခန့် မိမိကိုယ်ကိုမိမိနှိပ်ပေးဖြစ်ခဲ့ပါသည်။


မျက်ရိုးနှင့်နားထင်တို့ကို လက်ညှိုးထိပ် သို့မဟုတ် လက်မထိပ်ဖြင့် ခပ်တင်းတင်းလေး ဖိနှိပ်ပေးခြင်း

သို့မဟုတ် ပွတ်၍ဆွဲပေးခြင်းပြုလုပ်ပြီး မှိတ်ထားသည့်မျက်လုံးများရှိမျက်ခွံတို့အပေါ်ကို လက်ညှိုး

ထိပ်ကအသားလုံးလေးဖြင့် ခပ်ဖွဖွလေး စက်ဝိုင်းရစ် (circular movement) ပွတ်ပေးပါသည်။ တ

နည်းပြောရလျင် မျက်ခွံကို မျက်လုံအပေါ်တွင် လက်ညှိုးထိပ်ဖြင့် လက်ယာရစ်-လက်ဝဲရစ် ပွတ်ပေး

ခြင်းဖြစ်သည်။

























ဒုတိယအကြိမ် မိမိကိုယ်ကိုနှိပ်ပေးခြင်း (Self-Massage) ကို စင်ကာပူနိုင်ငံရောက်ပြီးမှလုပ်ဖြစ်ခဲ့ပါ 

သည်။ 

ယခုတကြိမ်တွင် မျက်ရိုး၊ နားထင်နှင့်မျက်လုံးများသာမက ပါးပြင်၊ ပါးစပ်၊ ပါးချောင်၊ နှာခေါင်း၊ မေး၊

ဦးခေါင်းနှင့်လည်ဂုတ်အစရှိသည့်နေရာအတော်များများအား နှိပ်ပေးပါသည်။ 


မြန်မာပြည်မှာရှိစဉ်က ဘာဝေဒနာမျှခံစားရမှု မရှိခဲ့သော်လည်း မျက်စီတစ်မျိုးတည်းအတွက်သာ

ရည်ရွယ်လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူသို့ရောက်လာသည့်နောက်ပိုင်တွင်ကား မျက်လုံးနှင့်မျက်ရိုး

များ နာကျင်ကိုက်ခဲရုံမက လူပါဖျားချင်ချင်ဖြစ်သည်အထိခံစားခဲ့ရသဖြင့် မျက်နှာနှင့်ဦးခေါင်းတို့ကို

မိမိဖာသာနှိပ်နယ်ပေးခဲ့ရခြင်းဖြစ်သည်။

တနည်းပြောရသော် နှိပ်နယ်ပြီးကုသပေးခဲ့ရခြင်းဖြစ်သည်။ 













ဆက်ပြီးရေးပါဦးမည်။


No comments:

Post a Comment