"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 27, 2013

ငယ်သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံခြင်း


(၁၃၇၄ ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက်)




ငယ်သူငယ်ချင်း ကိုဖိုးအေးနှင့်မိမိတို့ စကားလက်ဆုံကျခဲ့ကြသည်။



လူတိုင်းလူတိုင်းမှာ ငယ်သူငယ်ချင်းဟူ၍ ရှိဖူးကြသည်။

အချို့ သော ငယ်သူငယ်ချင်းများက တစ်မြို့ တစ်ရွာတည်းမှာ နှစ်အကြာကြီး အတူနေကြရပြီး အချို့ မှာမူ ငယ်စဉ်က ကျောင်းနေကြစဉ်မှာ သို့မဟုတ် တစ်မြို့ တစ်ရွာတည်းမှာ ကာလတစ်ခုအထိသာ တွေ့ဆုံခင်မင်ရင်းနှီးခဲ့ကြပြီး နောင်တွင် အကြောင်းကြောင်းတို့ကြောင့် ခွဲခွာသွားကြရလေသည်။

ငယ်သူငယ်ချင်းများ အချင်းချင်း မကြာမကြာ ပြန်တွေ့နိုင်သူများရှိကြသကဲ့သို့ တစ်ခါတစ်ခါမှသာ ပြန်တွေ့နိုင်သူများလည်း ရှိကြ၏။ တစ်ချို့ မှာကား တစ်သက်တာလုံးတွင် တစ်ကြိမ်တစ်ခါပင် ပြန်မတွေ့နိုင်ခြင်းမျိုးလည်း ရှိတတ်ပါသေးသည်။

မိမိကိုယ်တိုင်လည်း ယင်းသို့ပင် ကြုံဖူးပါ၏။

ပြီးခဲ့သောနှစ် ဒီဇဘာင်္လက ကန့်ဘလူမြို့  ရွှေသိမ်တော်ဘုန်းကြီးကျောင်းမှာ အကြောအဆစ်လူ နာများ လေဖြတ်လူနာများအား ကြည့်ရှုကုသပေးရင်း အလုပ်များနေစဉ် မိမိ၏ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သူ ကိုဖိုးအေးက မိမိကို ဘုန်းကြီးကျောင်း၌ လာတွေ့ခဲ့သည်။ မိမိသည် လူနာများဖြင့် လက်မလည်အောင်ရှိနေလေရာ သူငယ်ချင်းအား နှုတ်ဆက်ရုံသာနှုတ်ဆက်နိုင်ပြီး စကားမပြောနိုင်ခဲ့ပေ။ 

သူလည်း ခဏစောင့်ကြည့်ပြီး စာရေးသူ တော်တော်နှင့်အလုပ်ပြီးမည့်ပုံ မ ပေါ်သဖြင့် ပြန်ထွက်သွားကာ နေ့ခင်းထမင်းစားချိန်လောက်တွင်မှ တစ်ခေါက်ပြန်ရောက်လာပါသည်။

သည်အခါတွင်မှ နှစ်ပေါင်း ၃၀ ကျော် တစ်ခါမျှပြန်မတွေ့နိုင်ခဲ့ကြသည့် ငယ်သူငယ်ချင်းနှစ်ယောက် နေ့လည်စာထမင်းစားရင်း စကားပြောနိုင်ခဲ့ပါတော့သည်။ သူနှင့်မိမိတို့သည် ကန့်ဘလူ အထက် တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း (၁၀ တန်း)အောင်ပြီး ကွဲသွားခဲ့ကြပါသည်။ သုံး လေးနှစ်ကြာ မှ သူနေထိုင်ရာ မန္တလေးမှာ နှစ်ကြိမ်ခန့် ပြန်တွေ့ခဲ့ကြသေး၏။ ထို့နောက်ပိုင်းတွင် သူငယ်ချင်း ကိုဖိုးအေးနှင့်မိမိတို့ မတွေ့ခဲ့ကြသည်မှာ အနှစ် ၃၀ ကျော်မျှကြာမြင့်ခဲ့ပါသည်။

တကယ်က သူက တကူးတက ကြိုးစားလာတွေ့သဖြင့် တွေ့ကြရခြင်းဖြစ်သည်။

“မင်း ဒီရက်တွေမှာ ကန့်ဘလူမှာရှိမယ်လို့ကြားလို့ ငါ လာတွေ့တာကွ။ မန္တလေးကနေ ငါ မိုးကုတ်မြို့ ကိုပြောင်းသွားတာ အိမ်ထောင်ကျပြီးကတည်းကပဲ။ ဒါကြောင့် မင်းနဲ့ငါ အဆက်ပြတ်သွားခဲ့တာ။ အခုလည်း ဒီဇဘာင်္ ရက် ၂၀ ကျော်လောက်မှ ထန်းကုန်းက ဆရာကန်တော့ပွဲကို လာဖို့ရှိတာ။ မင်းက ဒီကို ၈ ရက်နေ့ရောက်မယ်ဆိုတာ သိရလို့ မင်းကို တွေ့ရအောင်လို့ ငါ အစောကြီးထွက်လာခဲ့တာကွ။”

သူက မိမိကို တွေ့ရအောင် ယခုလို တကူးတကလာခဲ့သဖြင့် ကျေးဇူးများစွာ တင်မိသည်။ 


သူ၏ သူငယ်ချင်းစိတ်ဓာတ်နှင့် ခင်မင်ရင်းနှီးမှုတို့ကို လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားလေး စားရသည်။   




   

No comments:

Post a Comment