"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 27, 2012

မြန်မာပြည်မှ ကြားကြားသမျှ



မထူးခြားတဲ့ အထူးကား

ဒီကနေ့ရန်ကုန်မြို့ တော်မှာ လိုင်းကားတစ်ချို့ နဲ့ပတ်သက်လို့ လူပြောသူပြောများနေတာတစ်ခုကတော့ ‘မထူးခြားတဲ့ အထူးကား’ဆိုတာပါပဲ။

‘အထူးလိုင်းကား’လို့ အမည်သာခံထားပေမယ့် ရိုးရိုးလိုင်ကားများထက် ဘာမှထူးခြားကောင်းမွန်မှု မ ရှိတဲ့အပြင် စီးနင်းသွားလာရာမှာ ရိုးရိုးလိုင်းကားတွေထက်ပင် ဒုက္ခပိုရောက်ကြရပါသတဲ့။‘အထူးလိုင်း ကား’တွေမှာရှိရမယ့် အရေးကြီးတဲ့စံချိန်စံညွှန်းတွေကတော့ သတ်မှတ်ထားတဲ့ထိုင် ခုံအရေအတွက်နဲ့ ထိုင်ခုံအကွာအဝေးရှိရမယ်၊ လေအေးစက်ပေးရမယ်၊ သတ်မှတ်ထားတဲ့ခရီး သည်အရေအတွက်ထက် ပိုပြီးမတင်ရဘူး၊ သတ်မှတ်ထားတဲ့ အမြန်နှုန်းအတိုင်းသာ မောင်းရမယ်၊ ခရီးသည်များကို ယဉ်ကျေး ပျူငှာစွာနဲ့ ၀န်ဆောင်မှုအကောင်းဆုံးပေးရမယ်ဆိုတာတွေပါ ပဲ။

သြော် တကယ်က .. ရှိရမယ့်ဟာ မရှိတာကိုက ထူးခြားနေပြီးသား မဟုတ်ပါလား။


စစ်တောင်းမြစ်အတွင်းမှ ရှေးဟောင်းလောင်းလှေကြီး ဆယ်ယူရရှိ

တောင်ငူမြို့  စစ်တောင်းတံတားအနီးမှာရှိတဲ့ ရေလယ်သောင်နဲ့ကမ်းနားအကြားက အရှည် ၄၂ တောင် (၆၃ ပေ) လုံးပတ် ခုနစ်တောင် (၁၀ ပေခွဲ)ရှိ ရှေးဟောင်း လောင်းလှေကြီးကို မေလ ၂၅ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပါသတဲ့။

အဲဒီလောင်းလှေကြီးဟာ သင်္ကန်းသားနဲ့ပြုလုပ်ထားတာဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်းရာကျော်ရှိလိမ့်မယ် လို့ ဒေသခံကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြတယ်ဆိုပါတယ်။


စက်ရုံ ၂၀ ကျော်က လုပ်သားများ ဆန္ဒပြကြပြီ

ရန်ကုန်မြို့ ရှိစက်ရုံ ၂၀ ကျော်မှာ လစာနည်းတာ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ပတ်သက် ပြီး အလုပ်သမားများက ဆန္ဒပြလျက်ရှိကြရာ သုံးပတ်ကြာသွားပြီလို့သိရပါတယ်။

စက်ရုံတစ်ခုမှ တရုတ်အမျိုးသားမန်နေဂျာက အမျိုးသမီးအလုပ်သမားများကို မိုက်မိုက်ကန်းကန်းခြေ ထောက်နဲ့ ကန်ခြောက်တာ၊ အ၀တ်အစားတွေကို လက်ရဲဇက်ရဲနဲ့ ဆွဲဖြဲပစ်တာ၊ ကိုယ်ထိလက်ရောက် ပါးနားရိုက်တာတွေ လုပ်တဲ့အထိပါပဲတဲ့။   


မိုးခေါင်လို့ လွန်ဆွဲတယ်



လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများတွေမှာ မိုးခေါင် ခဲ့တာဖြစ်လို့ ‘မိုးခေါ်လွန်ဆွဲပွဲ’များ လုပ်ခဲ့ကြရတယ်။ 

ယခုနှစ်မှာလည်း မိတ္ထီလာမြို့ မှာ မိုးမရွာပဲ ပူလွန်းလို့ လူတွေမနေနိုင်မခံနိုင်ဖြစ်ကြရတာနဲ့ မိုးခေါ်လွန် ဆွဲပွဲတစ်ခုကို မိတ္ထီလာတောင်ကန်အနီးက သဲသောင်အနီးမှာ မေလ ၂၆ ရက်နေ့ ည နေ ၃ နာရီခွဲတွင် လုပ်ခဲ့တယ်။ 

ပြီးခဲ့တဲ့နှစ် တွေက အတွေ့အကြုံအရ လွန်ဆွဲပွဲပြီးတော့ နေ့စဉ်မိုးရွာတာကိုတွေ့ရတယ်လို့ ဒေသခံအချို့  က ပြောခဲ့ကြတယ်။ (သတင်းနှင့်ဓါတ်ပုံ - ကြေးမုံ၊ မေ ၂၇ ၂၀၁၂)။ 

No comments:

Post a Comment