"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 27, 2012

အပစာယန



စာရေးသူတို့၏ မြန်မာမှုနယ်ပယ်၌ ပုညတြိယ၀တ္တု (၁၀) ပါးဆိုသည့် ကောင်းမှုကာင်းကျိုးများကို လိုလားသူ တိုင်း ပုသင့်ပုထိုက်သာ ကောင်းမှုတရားများဟူရှိကြလေသည်။ 

ယင်းတို့မှာ၊

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒနာ
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ ဟူ၍ ဖြစ်ကြကုန်၏။

ပုညတြိယ၀တ္တု (၁၀) ပါးအနက် မိမိထက် အသက်အရွယ်၊ အတွေ့အကြုံနှင့် အကျင့်သိက္ခာကြီးသူများအား ရိုသေလေးစားသမှုပြုခြင်းသည် အပစာယန မည်ပါသည်။ တစ်နည်းဆိုရသော် မိမိထက် အသက်အရွယ် အတွ့အကြုံနှင့်အကျင့်သိက္ခာတို့တွင် တစ်ရက် ၊ တစ်မနက်လေးမျှ ကြီးသောသူများကို ပင် ရိုသေသင့် သည်၊ လေးစားပူဇော်သင့်သည်ဆိုသော အသိလေး ရှိနေကြရမည်ဖြစ်၏။  

ထိုအသိလေးဖြင့် မိမိတို့၏ အမိအဖ၊ အစ်ကို၊ အမ၊ ဦးလေး၊ အဒေါ် စသည့်ဆွေမျိုးများ၊ ဆရာ သမားများနှင့် လူကြီးများအား ကျေးဇူးဆပ်သည့်အနေဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးသမှုပြုခင်းသည် အပစာယန မည်သာ ကုသိုလ်ပြုခြင်းဖြစ်ပါလေ၏။ 


၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်။ (26 October 2012)

မြန်မာလူမျိုးများအနေဖြင့် ယင်းသို့သေကာင်းမှုကာင်းကျိုးများကို ယနေ့ထက်တိုင် နှစ်သက်လိုလား စွဲမြဲစွာ ပုကျင့်လျက်ရှိကြသည်မှာ မြန်မာ့ယဉ်ကျေးမှုအလှတစ်ပါးဟု ဆိုရပေမည်။


မြန်မာသတင်းစာများ၊ မဂ္ဂဇင်းများနှင့် ဂျာနယ်များတွင် အာစရိယပူဇော်ပွဲများနှင့် သက်ကြီးပူဇ်ာပွဲများသ တင်းကို အခါမလပ်ပင် ဖတ်ရှုကြားသိနေရသည်။ ကြားသိနေရသည်မှာ မြန်မာပြည်တွင်း၌သာမဟုတ်မူ ပဲ ရေခြားမြေခားရာက်မြန်မာများကပါ နှစ်စဉ်မပျက်ဆိုသလို ပြုလုပ်ကျင်းပလျက်ရှိကြပေရာ ၀မ်းမြောက် သာဓုခေါ်ဖွယ်ပင်ဖြစ်လေသည်။ မြို့နယ်အလိုက် အသင်းအဖွဲ့များအလိုက် ပညာရပ်ဆိုင်ရာအလိုက်စသဖြင့် အမျိုးမျိုးရှိကြ၏။


ပြီးခဲ့သောဗုဒ္ဓဟူးနေ့ နေ့ခင်း ၁ နာရီခန့်က ကိုဇေယျာထံမှ အက်စ်အမ်အက်စ် ခေါ် ဖုန်းစာလးတစ်စောင် ၀င်လာခဲ့သည်။ စာတွင် လာမည့်သောကြာနေ့၌ မိမိတို့ဇနီးမောင်နှံအား စင်ကာပူနိုင်ငံရောက် ကန့်ဘလူသူ ကန့်ဘလူသား လူငယ်လေးများက လာရောက်ကန်တော့လိုကြာင်း အကြောင်းကြားထားပြီး မိမိတို့ အ ဆင်ပြေမည့် အချိန်အား မေးထားပါသည်။ စာရေးသူက ဇနီးဖြစ်သူနှင့်တိုင်ပင်ပြီး နေ့ခင်း ၁၂ နာရီ၊ ၁ နာ ရီလောက်မှာ အဆင်ပြေကြောင်း အကြာင်းပြန်လိုက်ပါသည်။  
 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက် (28 October 2012)


သောကြာနေ့ နေ့ခင်း ၁၂ နာရီကျော်မှစပြီး စာရေးသူတို့မြို့ က လူငယ်လေးများ စာရေးသူတို့ အိမ်ကို တစ် သုတ်ပြီးတစ်သုတ် ရောက်လာခဲ့ကြ၏။ မိမိတို့မြို့ ကလူငယ်များအပြင် သူတို့နှင့်ရင်းနှီးသည့် ဧရာဝတီတိုင်း လပွတ္တာမြို့ မှ မိတ်ဆွေလူငယ် ၂ ဦးပါ အဖော်ပါလာခဲ့သည်။ ထိုနေ့က ရာသီဥတုပူသဖြင့် သူတို့ကို အိမ်ရှင် မက ရေ၊အချိုရည်အအေးများဖြင့် ဦးစွာဧည့်ခံကာ ခဏကြသာအခါ လူတွေစုံလာတော့မှ ၂ သုတ်ခွဲလျက် အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံရသည်။ 










  
လူအတော်များများလာကြသော်လည်း အချို့ က မြန်မာပြည်သို့ အလည်ပြန်ကြသူပြန်ကြ၊ အစိုးရအလုပ် ပိတ်ရက်ဆိုသော်လည်း အချို့ မှာ အလုပ်လုပ်ကြရသဖြင့် မလာနိုင်ကြပေ။ 



အန်တီ၏လက်ရာ အုန်းနို့ခေါက်ဆွဲကို အားပေးပြီးသောအခါ မိမိတို့မြို့ အကြောင်း၊ သူငယ်ချင်း မိတ်ဆွေများ ကြာင်း ထွေရာလေးပါးပြောကြလျက် မပြန်ခင်မှာ စာရေးသူတို့ဇနီးမောင်နှံအား ကန်တော့သွားခဲ့ကြပါ သည်။ 
 
 
 

1 comment:

  1. New Style of Mixed Writing!
    I lovvvvvvvvvvvvvvvvvvve it soooooooooooooo much!
    I have never heard of those 10 good things explained in Budhhism Pali language. So, I learn something new today.:-)))))))
    Thanks so much for spending your precious time just like writing this kind of new writing (educational plus news). The combination of those two in your blog is so pretty and perfect!
    May Lord Buddha Bless You and Your Whole Family, Always and Forever!!!
    (LMN)

    ReplyDelete