"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 6, 2012

ခန္ဓာဗေဒဘာသာရပ်ကို သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာသုံး သင်ကြားမည်


Source: The Straits Times, 5 October 2012.

မနေ့ကထုတ်တဲ့ The Straits Times သတင်းစာမှာ “Medical students get a feel of human body on iPad” ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်ကာပူနိုင်ငံ နန်ရန်းနည်းပညာတက္ကသိုလ် (Nanyang Technological University - NTU)ရဲ့  ဆေးးကျောင်း(Medical School) မှာ သုံးဖက်မြင် ရုပ်လုံးကြွ ခန္ဓာကိုယ်ပုံရိပ်များ (3-D models of the human body)ကို အသုံးပြုပြီး ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားပေးမယ့်အကြောင်း ဖတ်ရတဲ့အခါ မိမိ တို့ဆေးဘက်ပညာကျောင်းသားဘ၀တုန်းက တတိယနှစ်ရောက်တော့ ရန်ကုန်မြို့ ရှိ ဆေးတက္ကသိုလ်(၁)မှာ ခန္ဓာဗေဒဘာသာရပ် (Anatomy) သင်ကြားခဲ့ရတာကို သတိတရ ဖြစ်မိပါတယ်။


လက်မောင်းရှိ အရေပြားနှင့်အဆီတို့ကို ခွဲစိတ်ဖယ်ထုတ်အပြီးတွေ့ရတဲ့ ကြွက်သားမျာနှင့်အကြောအမျှင်များ။ Source: Cadaver Dissection Videos, University of Wisconsin Medical College.

NTU ဆေးကျောင်းက သုံးဖက်မြင် ရုပ်လုံးကြွ ခန္ဓာကိုယ်ပုံရိပ်များသုံးပြီး ခန္ဓာဗေဒဘာသာရပ် သင်ကြားမှာ နဲ့ပတ်သက်လို့ အဓိကအကြောင်းပြတာကတော့ ဆေးကျောင်းသားများအနေဖြင့် ပုံမှန်ပြုလုပ်နေကျဖြစ်တဲ့

လူ့ကိုယ်အင်္ဂါ အစိတ် အပိုင်းများကို လက်တွေ့ခွဲစိတ်လေ့လာဖို့ လူသေအလောင်း (cadaver ခေါ် dead human body) ရှားပါးလာတာကြောင့်ပါတဲ့။ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore–NUS)ရဲ့  ဆေးကျောင်းမှာဆိုရင် လူသေအလောင်းခွဲစိတ်ခြင်း(human dissection)ကို ၂၀၀၃ ခုနှစ်ကတည်းက ရပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဆေးတက္ကသိုလ် (၁) (လိပ်ခုံး)၊ ပြည်လမ်း၊ (ဓါတ်ပုံ - panoramio.com)


ဒီအကြောင်းကို ကြားသိရတော့ စာရေးသူတို့ ကျောင်းသားတုန်းက ဘယ်လောက်ကံကောင်းခဲ့တယ်ဆိုတာ ကြုံကြိုက်တုန်း ပြောပြချင်ပါတယ်။ ရန်ကုန်မြို့  ကမာရွတ်မြို့ နယ် ပြည်လမ်းပေါ်မှာရှိပြီး အသံလွှင့်ရုံနဲ့ ဓား လွယ်ခုတ်အရပ်မှာရှိတဲ့ ဆေးတက္ကသိုလ် - ၁ (လိပ်ခုံး) မှာ ခန္ဓာဗေဒဌာန (Department of Anatomy) ဆို တာ ရှိပါတယ်။

အဲဒီဌာနက စာသင်ခန်းကျယ်ကြီးထဲမှာတော့ ဆေးကျောင်းသားတွေ လူသေအလောင်းများကို လက်တွေ့ခွဲ စိတ်လေ့လာဖို့ ခါးလောက်အမြင့်ရှိတဲ့ ခွဲစိတ်စင်လေးတွေ ထားပေးထားပါတယ်။ ကျောင်းသူကျောင်းသား များသည် လေး ငါး ဆယ်ယောက်ကို တစ်အုပ်စုရှိကြပြီး သူ့ရက်နဲ့သူ ဆရာနဲ့ လက်တွေ့ လုပ်ကြရပါတယ်။ စာရေးသူတို့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားက ၁၅ ဦး ရှိပါတယ်။



ဖော်မလင် (formalin) ဆေးရည်စိမ်ထားတဲ့ လူသေအလောင်းများကို ဆရာကရှင်းလင်းပြောပြ လုပ်ပြထား တဲ့အတိုင်း တသွေမတိမ်း စိတ်ရှည်လက်ရှည်နဲ့ တစ်လွှာပြီးတစ်လွှာ တစ်ပိုင်းပြီးတစ်ပိုင်း အမှားအယွင်းမ ရှိအောင် ခွဲစိတ်ကြရတာဖြစ်ပါတယ်။ သို့မှသာ သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများ၊ လင့်ပ်ကြောများ၊ အာရုံကြော၊ ကြွက်သားများ၊ ကြွက်သားကြောများ၊ ရိုးဆက်ရွတ်များ မတော်တဆ ပြတ်သွားခြင်းမရှိပဲ သူ့သ ဘာဝအရှိအတိုင်း နေရာမပျက် ပုံမပျက်ရှိနေကြပြီး မှန်မှန်ကန်ကန် သိရှိမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

 

၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက် တနင်္ဂနွေနေ့၊ ည ၁၀ နာရီ။


၁၉၆၈-၆၉ ပညာသင်နှစ်များက စာရေးသူတို့အား ခန္ဓာဗေဒဘာသာရပ်ကို ဆေးတက္ကသိုလ်-၁ (လိပ်ခုံး)၌ သင်ကြားပေးခဲ့သောဆရာမှာ အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆရာဝန်များအသင်း (Myanmar Medical Association) ဥက္ကဌတာဝန်များ ထမ်းဆောင်သွားခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ(Myanmar Medical Council)တွင် ဥက္ကဌတာ ၀န်ယူထားသည့် ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်ဖြစ်ပါတယ်။ ဆရာသည် ထိုစဉ်က အင်္ဂလန်နိုင်ငံမှာ ခွဲစိတ်ကု ပါရဂူဘွဲ့ (FRCS) သွားယူရန် ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။


ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်က စာရေးသူတို့အားလုံးကို စိတ်စေတနာထက်သန်စွာဖြင့် မသိ သိအောင် မ တတ် တတ်အောင် သင်ကြားပေးခဲ့တာဖြစ်လို့ စာရေးသူတို့တပည့်အားလုံးက ဆရာ့အား သိပ်လေးစားခဲ့ ကြသလို ချစ်လည်းသိပ်ချစ်ခဲ့ကြပါတယ်။ ဆရာကိုယ်တိုင်ကလည်း သူ့ တပည့်တွေအပေါ်မှာ ယနေ့တိုင် သ တိတရရှိပြီး သံယောဇဉ်ရှိရှာပါတယ်။ စင်ကာပူကို အလုပ်ကိစ္စဖြင့် ဆရာရာက်လာသည့်အခါတိုင်းလိုလို စာရေးသူထံ ဖုန်းဆက်လ့ရှိတာဖစ်လို့ ဆရာ့ကို မကြာမကြာတွေ့ခွင့်ရပြီး ဆရာနှင့် စကားပြောခွင့်ရသလို ပညာအမွေပေးခဲ့သော မြတ်ဆရာအား ကန်တော့ခွင့်များလည်း ရရှိခဲ့ပါတယ်။ 



၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက် စနေနေ့။  (13 October 2012)


စာရေးသူတို့အနေနဲ့ ဆရာကောင်းနှင့်ကြုံတွေ့ရခြင်းမှာ ကံအလွန်ကောင်းခဲ့ရသလို လူသေ ခန္ဓာရရှိခြင်းမှာ လည်း ကံကောင်းခဲ့ပြန်ပါတယ်။ ယောကျာင်္းခန္ဓာတစ်ခုနဲ့ မိန်းမခန္ဓာတစ်ခု စုစုပါင်း ၂ ခုကို ခွဲစိတ်လေ့လာ ခွင့်ရခဲ့လို့ပါ။ ယောကျာင်္းခန္ဓာကို ဦးစွာရရှိခဲ့တာဖြစ်လို့ သွေးပြန်ကြာ၊ သွေးလွှတ်ကြောများ၊ လင့်ပ်ကြောများ၊ အာရုံကြော၊ ကြွက်သားများ၊ ကြွက်သားကြောများနဲ့ ရိုးဆက်ရွတ်များကို အသေးစိတ်လေ့လာခွင့်ရပြီး အမျိုး သမီးခန္ဓာကိုတော့ အမျိုးသားများနဲ့မတူတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ ကိုပဲ ခွဲစိတ်လေ့လာကြရပါတယ်။  

နောက်ပိုင်းအကြောအဆစ်ကုပညာရပ်ဆိုင်ရာကျောင်းသူကျောင်းသားတွေမှာ လူသေခန္ဓာကို ကိုင်တွယ်ခွဲ စိတ်လေ့လာခွင့် မရကြတော့ပဲ လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ ခြေကျင်းဝတ်၊ ပခုံးဆစ်စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် တုံးတစ်ခွဲစိတ်ထားပြီး ပုလင်းကြီးတွေထဲ၌ ဆေးရည်စိမ်ပြသထားတာကိုပဲ ကြည့်ရှုလေ့ လာကြရရှာပါတယ်။

ယခုခေတ်အခါမယ်တော့ NTU နဲ့ NUS တို့ရှိ ဆေးးကျောင်းတွေမှာလို သုံးဖက်မြင် ရုပ်လုံးကြွခန္ဓာကိုယ်ပုံရိပ် များကို အသုံးပြုပြီး ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားပေးကြမှာ ဖြစ်ပါတယ်။
 
  
  

No comments:

Post a Comment