"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 3, 2012

မြန်မာပြည်မှ သတင်းများ ( ၃ ရက် အောက်တိုဘာလ ၂၀၁၂)



၁၃၇၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၃ ရက် ဗုဒ္ဓဟူးနေ့ 


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကြီးကို တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ရန်ကုန်မြို့ သို့ အောက်တိုဘာလ ၁ ရက်နေ့က ပြန်လည်ရောက်ရှိလာခဲ့သည်။

လေဆိပ်ခန်းမအတွင်းသမ္မတကြီးအား တိုင်းရင်းသူလေးများက ပန်းစည်းဆက်ကြိုဆိုကြပြီး လေဆိပ်ဝင်း အတွင်းနှင့် လေဆိပ်လမ်းမကြီးတစ်လျောက်တွင် လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးတို့က သမ္မတကြီး ၏ရုပ်ပုံများရုပ်ပုံများနှင့် ဂုဏ်ပြုကြိုဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြလျက်လည်းကောင်း၊ မြန်မာနိုင် ငံတော်အလံငယ်များ ဝှေ့ယမ်းကြလျက်လည်းကောင်း သမ္မတကြီးအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

သမ္မတကြီးဦးသိန်းစိန်ကလည်း လေဆိပ်တွင်လာရောက်ကြိုဆိုနှုတ်ဆက်ကြသည့် လုပ်သားပြည်သူများကို အသိအမှတ်ပြု လေးစားသောအားဖြင့် ရင်းရင်းနှီးနှီး ပြန်လည်နှုတ်ဆက်ခဲ့သည်။    

 

 

 

ဓါတ်ပုံ - Eleven Media Group (၁ ရက် အောက်တိုဘာ၊ ၂၀၁၂ ခုနှစ်။)

 

ဒုတိယမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်ယဉ်ယဉ်မြင့်ကို ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ပြီးခဲ့သောလက ခန့်အပ်ခဲ့ကြောင်း ကြားသိရသည်။

ယင်းကဲ့သို့  ဒေါ်ယဉ်ယဉ်မြင့်ကို မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြင့် မြန်မာ့သမိုင်းတွင် လွတ်လပ်ရေး ရရှိပြီးနောက် ဒုတိယမြောက်အမျိုးသမီးတစ်ဦးအား သံအမတ်အဖြစ်ခန့်အပ်ခြင်းဖြစ်သည်။


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာကေရှန်မူဂံအား ဒေါ်ယဉ်ယဉ်မြင့်က ရန်ကုန်လေဆိပ်တွင် ကြိုဆိုခဲ့သည်။ (ဓါတ်ပုံ - The New Light of Myanmar ဒီဇင်ဘာလ ၂၀၁၁။)


ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသံအမတ် ကြီးအဖြစ် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ ၇ နှစ်ကြာ အိန္ဒိယနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။


တော်သလင်းလပြည့်ကျော် ၄ ရက် ကြာသပတေးနေ့ 


ဝန်ကြီးချုပ်ဟောင်း ဦးနု၏ "တာတေ စနေသား"စာအုပ် ပြန်ထုတ်ခွင့်ရ

 

စာအုပ်၏ကျောဖုန်းတွင်တွေ့ရသည့် ဦးနု၏လက်ရေးမူရင်း။

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးနု၏ကိုယ်ရေးအမှတ်တရများပါရှိ သည့် 'တာတေ စနေသား'စာအုပ်ပြန်လည်ထုတ်ဝေခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါစာအုပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနုသည် ဗြိတိသျှကိုလိုနီခေတ်၊ ဂျပန်ခေတ်နှင့် ပါလီမန်စနစ်အုပ် ချုပ်ရေးခေတ်များက သူ၏အတွေ့အကြုံများကို ရေးသားထားခဲ့ခြင်းဖြစ်သည်။ စာအုပ်ထုတ်ဝေသည့်အခမ်း အနားတွင် ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနု (အတွင်းရေးမှူး - ဒီမိုကရက်တစ်ပါတီ [မြန်မာ])က ယခုစာ အုပ်သည် ဆယ်စုနှစ်များစွာ ပိတ်ပင်ခံခဲ့ရကြောင်းနှင့် အဓိကသင်ခန်းစာမှာ လူတစ်ဦးတစ်ယောက်အနေဖြင့် တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ကို ချပြီးက ယင်းပန်းတိုင်သို့ရောက်ရှိသည့်တိုင် မဆုတ်မနင့် မဖြစ်မနေလုပ် ရန်ဖြစ်ကြောင်း ပြောပြခဲ့သည်။

 
 

 

No comments:

Post a Comment