"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 30, 2012

တော်သလင်းလမှာ ငါးပါးသီလ စောင့်ထိန်းကြပါစို့

       

ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာပါရှိတဲ့ ဆောင်းပါးရှင် ၀ိဿဇ္ဇက(ပဲခူး)ရဲ့  တော်သလင်း ကန်ဆင်း မိုးလ ဂရုဓမ္မ” အမည်ရှိ မြန်မာ့ ၁၂ လ ရာသီတွေထဲက တော်သလင်းလဖွဲ့အကြောင်းဆောင်းပါးမှ စာပိုဒ် အချို့ အား အောက်တွင် ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပြည်နဲ့ ဝေးနေကြသူများအတွက် အမိမြန်မာပြည်ကြီးကို အလွမ်းတော်ပြေစေကြဖို့ပါ။


ရေယဉ်တည့်မြစ်တွင်း၊ သင်ဖြူးခင်း၊
တော်သလင်းဟု၊ ခေါ်ရင်းလအမှန်၊ ၀သန်တည့် စိုရွှဲ၊ ရွာမစဲ၊
ခေါ်မြဲ ကန်ရာသီ၊ ဖူးစီတည့်လေဖြန်း၊ ရင်းမာပန်း၊”…
                  ဦးယာ၏ တစ်ဆယ့်နှစ်ရာသီဖွဲ့လူးတား။

တော်သလင်းလရာသီတွင် မြစ်အတွင်းရှိရေပြင်သည် လှိုင်းလေငြိမ်သက်လျက် စိတ်အစဉ်ဝယ် 
လွမ်းမောခံစားဖွယ် ဖြစ်သည်။ မိုးက ရွာသွန်းဆဲ တဖွဲဖွဲဖြစ်လျက် ကြည်လင်အေးမြနေသောရေပြင် သည် လေပြည် လေညင်း ဖျန်းပက်မှုအောက်တွင် ရင်းမာပန်းဖူးကလေးများက အစီအရီပွင့်လျက်ရှိ၏။ ….

….. “တော်သလင်းမြစ်တွင်း သင်ဖြူးခင်း” ဆိုရိုးစကားနှင့်အညီ ဤလတွင် ကြေးမုံပြင်ကဲ့သို့ ညီညာပြန့်ပြူးသော ရေပြင်၌ လှေပြိုင်ပွဲများကျင်းပရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။ ရှေးမြန် မာဘုရင်တို့၏ လှေပြိုင်ပွဲကို ‘မြစ်ယံပွဲ’ဟူ၍လည်းကောင်း၊ ‘ပန်းလုသဘင်’ဟူ၍လည်းကောင်း ခေါ်ဆို ကျင်းပလာကြသည်။ ….

…. ရက်မြတ်ချိန်ခါ ၀ါတွင်းဖြစ်သော တော်သလင်းလ၏ လပြည့်နေ့”သည် ဘုရားကျောင်း၊ ဇရပ်များ 
တွင် ဒါနကုသိုလ်ပြုရင်း ဥပုသ်သီတင်း ဆောက်တည်ခြင်းတည်းဟူသော သီလကုသိုလ် ကောင်းမှုပြု ကြသည့် “ဂရုဓမ္မ အခါတော်နေ့”ဖြစ်၏။ ….

…. သူတော်စင်တို့သည် မိမိမတို့ဆိုင်ရာ သီလများကို စောင့်ထိန်းကြရသည်။ အထူးသဖြင့် ဂရုဓမ္မသီ လတော်ဖြစ်သော ငါးပါးသီလကို အဓိကစောင့်ထိန်းကြရသည်။ သီလဆိုသည်မှာ ကောင်းသောအကျင့်ကို ဆိုလိုခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့် စောင့်ရှောက်ထိန်းသိမ်းရမည့် အကျင့်တရားဖြစ်၏။ ….

…. သို့ဖြစ်၍ တော်သလင်းလ ၀ါတွင်းအခါသမယတွင် သူတော်စင်တို့၏ ကျင့်စဉ်ဖြစ်သည့် ဂရုဓမ္မ သီ လဖြစ်သော ငါးပါးသီလကို စောင့်ထိန်းကြရန် ရေးသားလိုက်ရပေသည်။  

ဆောင်းပါးရှင် ၀ိဿဇ္ဇက(ပဲခူး)ရဲ့  အထက်က တော်သလင်းလဆာင်းပါးလေးကိုဖတ်ပြီး စာရေးသူအနေနဲ့ ကတာ့ မြန်မာပြည်ကိုကော မိမိရဲ့ ဇာတိရပ်မြေကိုပါ လွမ်းဆွတ်မိတာ အမှန်ပါ။ ငယ်ရွယ်တုန်းကဖြစ်လို့မို့ ဒါနကုသိုလ်ပြုတာတို့ ဥပုသ်သီလ ဆောက်တည်တာတို့တော့ မှတ်မှတ်သားသား ရှိလောက်အောင် မရှိခဲ့ ပါဘူး။ 

သို့ပေမယ့် လူကြီးတွေနဲ့အတူလိုက်ပြီး လှူဒါန်းရတာ ဥပုသ်သီလစောင့်ခဲ့ရတာတော့ ရှိပါတယ်။



No comments:

Post a Comment