"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 8, 2012

စင်ကာပူနိုင်ငံ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ အမျိုးသားညီလာခံ


ယခုတလော စနေ တနင်္ဂနွေနေ့အားလပ်ရက်တွေမှာ မအားမလပ်လေးဖြစ်နေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က မလေးရှားနိုင်ငံ ဂျဟိုးကို အလုပ်ကိစ္စနဲ့ သွားရတယ်။ ယခုအပတ် စနေနေ့မှာတော့ စင်ကာ ပူနိုင်ငံ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ အမျိုးသားညီလာခံ (Singapore Physiotherapy Association 8th National Congress 2012) ဖွင့်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတာနဲ့ သွားခဲ့ရတယ်။

ညီလာခံက Suntec City အနားက Conrad Centennial Singapore ဟိုတယ်မှာ ကျင်းပတာဖြစ်လို့ မိမိ နေ ထိုင်ရာ ‘ဂျူရောင်းဝက်စ်’အရပ်ကနေက ဘတ်စ်ကားတတန် ရထားတတန်စီးပြီး သွားခဲ့ရတာ။ ခရီးသွားချိန် ကိုက တစ်နာရီကျော်ကြာတာ။ ညီလာခံအစီအစဉ်အရ နေ့ခင်းတစ်နာရီမတိုင်မီ အရောက်သွားခဲ့ရတာဖြစ် တယ်။ ကွန်ရက်ဟိုတယ်နားက ဘတ်စ်ကားမှတ်တိုင်ကို ရောက်တဲ့အခါ နေ့ ၁၂ နာရီ မခွဲသေးဘူး။ ဒါကြောင့် အနီးအနားက Toast and Coffeeဆိုင်မှာကော်ဖီနဲ့ပေါင်မုန့်ကင်ယိုသုတ် စားရတယ်။ အဲဒီကနေလမ်းလျောက် သွားတော့ ဟိုတယ်ကို သုံး လေးမိနစ်အတွင်း ရောက်သွားခဲ့တယ်။  

ဟိုတယ်ကိုရောက်တော့ နည်းနည်းစောနေသေးတာနဲ့ ဆေးကုပစ္စည်းရောင်းတဲ့ဆိုင်တွေကို လျှောက်ကြည့် ရင်း ပစ္စည်းတွေအကြောင်း မေးမြန်းမိတယ်။ ပြင်သစ်ကုမ္ပဏီ ALKANTIS က ခွဲစိပ်ခန်းမှာသုံးတဲ့ ရေခဲအိတ် အကြောင်းရှင်းပြပြီး စာရေးသူအနေဖြင့် စမ်းသုံးကြည့်ဖို့ တစ်ခုလက်ဆောင်ပေးပါတယ်။ AposTherapy ကုမ္ပဏီမှာ ခြေဖ၀ါး အောက်ခံပစ္စည်းတွေ (insoles)အကြောင်း မေးမြန်းကြည့် တဲ့အခါ ၀န်ထမ်း ၂ ဦးက insoles သက်သက်ရောင်းတာမျိုး မပြုလုပ်ပဲ လူနာရဲ့  ခြေချင်းဝတ်၊ ဒူးနဲ့ တင်ပါးဆစ်တို့ရဲ့  အနေအထား (alignment)ကိုကြည်ရှုပြီးမှ သင့်တော်တဲ့ပစ္စည်း ပြုလုပ်ကာ ကုသမှုပေးကြောင်း ရှင်းပြပါတယ်။ အဲဒီမှာ စကားကောင်းနေတုန်း ဖွင့်ပွဲ စ,ခါနီးပြီးဖြစ်ကြောင်း လာပြောတာနဲ့ ခန်းမထဲ ၀င်ခဲ့ရပါတယ်။ 


ဒေါ်ကြူကြူ၊ ဒေါ်ဘေဘီသန်းမောင်၊ ဦးကယ်လဗင်နှင့် စာရေးသူတို့ အမှတ်တရ။

ညီလာခံမှာ တွေ့ဆုံခဲ့သည့် မျိုးဆက်သစ် မြန်မာအကြောအဆစ်ကုပညာရှင် ၂ ဦးနှင့်အတူ။

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ချုပ် (World Confederation for Physical Therapy) ဥက္ကဌ ဒေါက်တာမာရီလင်းမော့ဖတ်မှ ဗွီဒီယိုဖြင့် နုတ်ခွန်းဆက်စကားပြောကြားစဉ်။


ခန်းမထဲမ၀င်မီ အပေါက်ဝမှာ အကြောအဆစ်ကုပညာရှင် (physiotherapist)များဖြစ်ကြတဲ့ ဆရာဦးစော ကယ်လဗင်နဲ့ ဆရာမဒေါ်ဘေဘီသန်းမောင်တို့ကို တွေ့ရပြီး ခန်းမထဲကိုရောက်တော့ Ren Ci Hospitalမှာ အလုပ်လုပ်နေတဲ့ အကြောအဆစ်ကုပညာရှင် ဆရာမဒေါ်ကြူကြူကို တွေ့ရလို့ ၄ ယောက် အတူထိုင်ရင်း စကားပြောဖြစ်ခဲ့ကြပါတယ်။ ဖွင့်ပွဲအခန်းအနားကို စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာ ဂန်ကင်ရောင်း တက်ရောက်ခါ အဖွင့်မိန့်ခွန်း ပြောကြားလျက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီနောက်မှာ သြစတေး လျှနိုင်ငံ ကားတင်းတက္ကသိုလ် (Curtin University) က ပါမောက္ခ ပီတာ အိုစူလီဗန်မှ keynote lecture ပို့ချပါတယ်။  

ကျန်းမာရေးဝန်ကြီး မစ္စတာ ဂန်ကင်ရောင်းမှ အဖွင့်မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ - ဖိုးတာ)

ပါမောက္ခ ပီတာ အိုစူလီဗန် Keynote Lecture ပို့ချနေစဉ်။ (ဓါတ်ပုံ - ဖိုးတာ)

စာရေးသူသည် ပါမောက္ခ ပီတာ အိုစူလီဗန်ရဲ့  သင်ကြားပို့ချချက်တစ်ခုဖြစ်တဲ့ “Do Beliefs or Evidence Drive Practice for Managing Pain?” ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေကပဲ ကားတင်းတက္ကသိုလ် (စင်ကာပူ) မှာ သွားရောက်နားထောင်ခဲ့ပါသေးတယ်။ ကားတင်းတက္ကသိုလ်(စင်ကာပူ)က တိုပါးယိုးအရပ် မှာရှိတဲ့ ကျနော်တို့ မြန်မာဘုန်းတော်ကြီးကျောင်းနဲ့ သိပ်မဝေးလှပါဘူး။ 


ယခုနှစ် စင်ကာပူနိုင်ငံ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ အမျိုးသားညီလာခံရဲ့ ထူးခြားချက် ၂ ချက်ကတော့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physiotherapy Day)ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတာရယ်၊ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ ချုပ်ဥက္ကဌ ဒေါက်တာမာရီလင်းမော့ဖတ်မှ ညီလာခံနှုတ်ခွန်းဆက်သ၀ဏ်လွှာပေးပို့တဲ့ ဗွီဒီယိုကို ညီလာခံကိုယ်စားလှယ်များ ကြည့်ရှုနားထောင်ခွင့်ရကြ တာပဲ ဖြစ်ပါတယ်။

ညနေ ၃ နာရီကျော်လောက်မှာ ညီလာခံဖွင့်ပွဲအခမ်းအနားပြီးတော့ လက်ဘက်ရည်နဲ့မုန့်ကျွေးရင်း ခေတ္တအ နားပေးပါတယ်။ ကွမ်ဝိုင်ရှုးဆေးရုံ (Kwan Wai Shui Hospital)မှာ အလုပ်လုပ် နေကြတဲ့ မြန်မာအမျိုးသမီး အကြောအဆစ်ကုပညာရှင် ၂ ဦးက စာရေးသူတို့ကို လာတွေ့ပြီး နှုတ်ဆက်ကြပါတယ်။  

ညီလာခံသို့ တက်ရောက်လာကြသော အကြောအဆစ်ကုပညာရှင်များ။ (ဓါတ်ပုံ - ဖိုးတာ)

ခဏကြာတဲ့အခါ စင်ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံကြီး (Singapore General Hospital)မှ တွဲဖက် ပါမောက္ခ ဒေါက်တာစီလီယာတန် စာရေးသူတို့ထံ ရောက်လာတာမို့ စကားစမြည် ပြောဖြစ်ကြပါတယ်။ ယ ခုနှစ်ဆန်းက မြန်မာနိုင်ငံကို အလုပ်နဲ့ခရီးသွားဖြစ်တဲ့အကြောင်း သူမက ပြောပြပါတယ်။ သူမက အကူအ ညီတောင်းတာနဲ့ အဲဒီတုန်းက မြန်မာပြည်ရောက်တဲ့အခါ သူမအနေဖြင့် ဆက်သွယ်နိုင်စေဖို့ ဆရာကြီးဦး ထွန်းအောင်ဇံ (MCSP, SRP)ထံ စာရေးသူက ဖုန်းဆက်ပြီးစီစဉ် ပေးခဲ့ပါသေးတယ်။ ယခု သူမနဲ့တွေ့တော့ ပြီးခဲ့တဲ့ဇွန်လက ဆရာကြီးဦးထွန်းအောင်ဇံ ကွယ်လွန်သွားကြောင်း စိတ်မကောင်းစရာသတင်းကို ပြောပြခဲ့ ရတယ်။

ညနေ ၄ နာရီမှာ ညီလာခံအစီအစဉ်များ ပြန်စ,တော့မှာဖြစ်လို့ လူစုခွဲလိုက်ကြပါတယ်။ စာရေးသူက လေ့ လာတွေ့ရှိမှုဆိုင်ရာပို့စတာကားချပ်များ (Poster Presentation of Research Work)ကို ဓါတ်ပုံရိုက်ယူခဲ့ ပါတယ်။  


  

No comments:

Post a Comment