"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, September 3, 2012

မြန်မာပြည်မှ သတင်းများ ( ၃ ရက် စက်တင်ဘာလ ၂၀၁၂)


အမျိုးသား ယဉ်ကျေးမှု ဥယျာဉ်များ


ဓါတ်ပုံ - မြန်မာ့အလင်း သတင်းစာ (၃ ရက် စက်တင်ဘာ ၂၀၁၂)

မန္တလေးမြို့ ရှိ မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ ရိုးနှင့် ကျုံး၊ တံတားဦးမြို့ နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်၊ ရွှေဘိုမြို့ နယ်ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်၊ ပဲခူးမြို့ ရှိ ကမ္ဘောဇသာ ဒီနန်းတော်တို့ကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦး စီးဌာနက အမျိုးသားယဉ်ကျေးမှုဥယျာဉ်များအဖြစ် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ 


ကလေးသူငယ်စစ်သည်များ မိဖများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ အစီအစဉ်ဖြင့် တပ်မတော်အတွင်းရှိ အရွယ်မရောက်သေးသူ ကလေး သူငယ်စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိပေရာ အရွယ် မရောက်သေးသူ ကလေးသူငယ်စစ်သည် ၄၂ ဦးတို့အား သူတို့၏မိဖများထံသို့ စက်တင်ဘာ ၃ ရက်နေ့ က  ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များကို ၁၈ လအတွင်း တပ်မတော်တွင် လုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ် များအား လုံးဝစုဆောင်းခြင်းမပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများ ရှိခဲ့ပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


အစိုးရဌာနဆိုင်ရာသတင်းများ ရယူရန်ခက်ခဲက တိုင်ကြားနိုင်

မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပသတင်းဌာနများ (မီဒီယာ)အနေဖြင့် အစိုးရဌာနများမှ သတင်းများရယူရန် အ ခက်အခဲတွေ့ရှိကြရပါက ပြည်သူ့လွှတ်တော် အားကစား ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် မှု ကော်မတီသို့ တိုင်ကြားနိုင်ကြောင်းကို အဆိုပါကော်မတီဝင် ဦးရဲထွန်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော ကြားသွားခဲ့သည်ဆို၏။  



မြန်မာ့ရှေးဟောင်းအမွေအနှစ် မင်းလှခံတပ်ကြီး


မြန်မာ့မျိုးချစ်သူရဲကောင်းတို့၏ မင်းလှခံတပ်ကြီး။ (ဓါတ်ပုံ - ကြေးမုံသတင်းစာ၊ ၅ ရက် စက်တင်ဘာ ၂၀၁၂)



အထက်မင်းလှ၌ သမိုင်းတွင်ထင်ရှားခဲ့သော မင်းလှခံတပ်ကြီးရှိသည်။ ယင်းခံတပ်ကြီးကို ခရစ်နှစ် ၁၈၆၀-၁၀၆၁ ခုနှစ်တွင် မင်းတုန်းမင်းကြီး၏ညီတော် ကနောင်မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်ခဲ့သည်။ စစ်ကိုင်း အစီခံခံတပ်၊ အင်းဝ သပြေတန်းခံတပ်၊ မင်းလှမြို့ ၏တစ်ဖက်ကမ်း ရှိ ကွေ့ချောင်းမြေတွင်းခံတပ်တို့မှာ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံများ ဖြစ်ကြသည်။ 

၁၈၈၅ ခုနှစ်တွင် နယ်ချဲ့ ဗြိတိသျှတပ်များ ၀င်ရောက်တိုက်ခိုက်စဉ် လှေသင်းဗိုလ် မင်းထင်မင်းလှ ရဲခေါင်သူရိန် ဦးဆောင်သည့် မြန်မာစစ်သည်အင်အား ၆၀၀ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ သေနတ်၊ မီးပေါက်စသည်တို့ဖြင့် မင်းလှခံတပ်ကြီးမှ ရွံ့ ရွံ့ ချွန်ချွန်ကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက်ခဲ့ကြ၏။ 

ဤမင်းလှခံတပ်ကြီးသည် မိမိတို့ဘိုးဘွားတို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သကဲ့သို့ မြန်မာ တို့၏မျိုးချစ်စိတ်ဓါတ်ကို ထင်ဟပ်ဖော်ကျူးနေသော သမိုင်း၏ပြယုဂ်တစ်ခုလည်း ဖြစ်လေသည်။


၆ ရက် စက်တင်ဘာ (ကြာသပတေး)


အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံရုံးအရာရှိအချို့ တို့သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့အား စက် တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ လာရောက်တွေ့ဆုံလျက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



Tourist Information Counter များ ဖွင့်လှစ်ထားရှိပြီ

မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် လိုအပ်သောအကူ အညီများ ရယူနိုင်ရေးအတွက်နှင့် သူတို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ ကောင်းမွန်သော ဂုဏ်သတင်းများကို နိုင်ငံတကာက သိရှိလာရေးတို့အတွက် အလွယ်တကူ ဆက်သွယ်နိုင်မည့် Tourist Information Counter များကို လေဆိပ်၊ ကားဂိတ်၊ ဘူတာရုံ၊ ရေဆိပ်နှင့် အခြားသောအချက်အချာကျသည့် နေရာများစွာတို့တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း ကြားသိရသည်။  




၁၅ ရက် စက်တင်ဘာလ စနေနေ့ (၁၃၇၄ ခုနှစ်၊ ၀ါခေါင်လကွယ်)

စင်ပြိုင်အမျိုးသား ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်း

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲအရေအတွက် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီအစိုးရ (State Law and Order Restoration Council)က ပြည်သူပြည်သားများ၏ ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရ လဒ်ကို အသိအမှတ်မပြုသောကြောင့် ကရင်အမျိုးသားအစည်းအရုံး လွတ်မြောက်နယ်မြေ မာနယ်ပလော ၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB- National Coalition Government of the Union of Myanmar)အား ဖွဲ့စည်းခဲ့သည်။

ယင်းစင်ပြိုင်ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်ပရောက်စင်ပြိုင်ညွန့်ပေါင်းအစိုးရက ယ ခုလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် 

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံခရီးစဉ်မှာ အောက် ပါအတိုင်းဖြစ်သည်။
မူလသတင်း - The Voice Weekly (စက်တင်ဘာ ၁၇-၂၃၊ ၂၀၁၂)။

၁၇ ရက် စက်တင်ဘာလ တနလာင်္ (၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်)


မူလသတင်း - ကြေးမုံသတင်းစာ၊ စက်တင်ဘာ ၁၆၊ ၂၀၁၂။


No comments:

Post a Comment