"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 9, 2012

ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံသို့ ပြန်လာပြီး ရွှေတိဂုံဘုရား ဖူးနိုင်ပြီ


ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံသို့ ပြန်လာနိုင်ပြီဖြစ်ကြောင်းကို မနေ့ ကရရှိတဲ့ The Voice Weekly မှာ ဖတ်ရတော့ သူ့အတွက် အတော်လေး ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး မိမိ အနေဖြင့်လည်း စိတ်သက်သာမှု ခံစားမိရပါတယ်။ 


လွန်ခဲ့တဲ့ ၂ ရက်က ဧရာဝတီသတင်းဌာနရဲ့ သတင်းတစ်ရပ်မှာ တရုတ်ပြည် ကူမင်းမြို့ မှာ နေထိုင်လျက် ရှိသော ဗိုလ်မှူးချုပ်ကျော်ဇောသည် ကျန်းမာရေးအခြေအနေဆိုးဝါးလျက်ရှိကြောင်း၊ သူ၏ နောက်ဆုံး ဆန္ဒမှာ ရွှေတိဂုံဘုရားအား နောက်ဆုံးအနေဖြင့် ဖူးမြော်လိုတာဖြစ်ကြောင်းနဲ့ သူ့ကို မြန်မာနိုင်ငံအစိုးရ၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံသို့တရားဝင် ပြန်လာလို့ မရကြောင်း စိတ်မကောင်းစဖွယ် ဖတ်ခဲ့ရပါတယ်။

စာရေးသူတို့ ငယ်စဉ်က ဗိုလ်မှူးချုပ်ကျော်ဇောကို ဗိုလ်ချုပ်အောင်ဆန်း ဦးစီးဦးရွက်ပြုခဲ့တဲ့ ရဲဘော်သုံးကျိပ် ၀င်ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရခါစက နိုင်ငံမှာ ပြည်တွင်းရောင်စုံသူပုန်ထ တာတွေကို နှိမ်နင်းရာမှာနဲ့ ကူမင်တန်တရုတ်ဖြူများ ကျူးကျော်ဝင် ရောက်မှုတွေကို ကာကွယ်တွန်းလှန် တိုက်ထုတ်ခဲ့သူ တပ်မတော်ခေါင်းဆောင်ကောင်းတစ်ဦး အဖြစ်လည်းကောင်း သိရှိခဲ့ကြတာဖြစ်ပါတယ်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို သေးသိမ်မှေးမှိန်အောင် ယခင်အစိုးရ များက တမင်ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောကို ဗွီအိုအေက တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူ က အောက်ပါအတိုင်းပြောကြားခဲ့တာကို မှတ်သားခဲ့ရဖူးပါတယ်။

“ကျနော့်မှာ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ယုံကြည်ချက်တခု စွဲစွဲမြဲမြဲ ရှိနေပါတယ်။ အဲဒါကတော့ 
ဗိုလ်ချုပ်သာ မကျဆုံးရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် မပေါ်ပေါက်နိုင်ဘူး။ ပြည်သူတွေ
လည်း ဒီလောက် ဆင်းရဲ ဒုက္ခ ရောက်မှာမဟုတ်ဘူး။ ဒါကတော့ ကျနော့်ယုံကြည်ချက်ပါ။ 
ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော့ တခြားတိုင်းချစ်ပြည်ချစ်ခေါင်းဆောင်များနဲ့ စုစည်းပြီး ဗမာ တပ်မတော်ကို တည်ဆောက်ခဲ့
တဲ့လူပါ။

ဗိုလ်ချုပ်ရဲ့  စိတ်နေစိတ်ထားဟာ အလွန်ရိုးသားဖြောင့်မတ်ပြီး ဒီမိုကရေစီကိုလည်း ယုံကြည်

သူ ဖြစ်ပါတယ်။ အရည်းအချင်းအရလည်း တိုင်းပြည်ကို နှစ်အနည်းငယ်အတွင်းမှာ စည်းရုံး သိမ်းသွင်းနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ အခြေခံ တိုင်းချစ်ပြည်ချစ်နဲ့ အရည်းအချင်း
တွကို ယခုခေတ်တပ်မတော်သားများ အ ပါအဝင် ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်
ပါတယ်။ ဒီအတွက် အာဇာနည်နေ့ အခမ်းအနားတွေ ကို ကောင်းကောင်းမွန်မွန် ကျင်းပပြီး လှုံ ဆော်ပညာပေးသင့်ပါတယ်။”

နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း ဆောင်းပါးတစ်ပုဒ်ကိုလည်း ဧရာဝတီမဂ္ဂင်းမှာ ရေးခဲ့ပါသေး တယ်။ အောက်တွင် စာပိုဒ်အချို့  ကောက်နုတ်တင်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်ကို သူ ဘယ်လောက်လေးစား တယ် ဘာ့ကြောင့်လေးစားရတယ်ဆိုတာ ဖတ်ကြည့်ကြပါဦး။
 
"၁၉၃၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာ ကာလအတွင်း ကျောင်း သားခေါင်း ဆောင်ဘ၀ကနေ အမျိုးသားခေါင်းဆောင်တယောက်ဖြစ်လာတာ ကျနော်တော့ အတော်အံ့ဩမိတယ်။

ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့ အရည်အချင်းတွေအကုန်လုံး ဗိုလ်ချုပ်အောင်ဆန်း
မှာရှိတယ်။ ကျနော်တွေ့ဖူးခဲ့သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံးခေါင်းဆောင် တယောက် ဖြစ်တယ်။ သူအလုပ်လုပ်တဲ့အခါ စွမ်းဆောင်ရည် အပြည့်ရှိတယ်။ အစည်းအဝေး
ခေါ်လိုက်တိုင်း ဘာဆွေးနွေးမလဲဆိုတဲ့အစီအစဉ် သူ့မှာ အမြဲရှိတယ်။ အစည်းအဝေးကို အချိန်
မဖြုန်းဘဲ စနစ်တကျစီမံသွားနိုင်တယ်။ အစည်းအဝေးပြီးတဲ့အခါလည်း လူတိုင်းဟာ ကိုယ်ဘာ
လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတယ်။

နောက်ဆုံးအနေနဲ့ အရေးပါတဲ့ အရည်အသွေးတခုက ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်ကျင့်
သိက္ခာကြီးမားပြီး စိတ်ထက်သန်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။တိုင်းရင်းသား ညီ အစ်ကိုမောင်နှမတွေနဲ့အတူ မြန်မာပြည်သူအားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင် မြတ် နိုးတမ်းတနေဆဲပဲလို့ ကျနော်ယုံကြည်ပါတယ်။"


ဗိုလ်မှူးချုပ်ကျော်ဇော၏ ဆန္ဒကိုကြားသိရလို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရဲဘော်သုံးကျိပ်ဝင်တစ် ဦးအဖြစ် ပြန်လာခွင့်ပြုလိုက်တာပါ။  


No comments:

Post a Comment