"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 30, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် အတွင်းရေးမှူးချုပ် ဦးသန့်အား ချီးကျူးဂုဏ်ပြုပြောကြား



သမ္မတကြီးဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓါတ်ပုံ AFP)


အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် မိန့် ခွန်း ပြောကြားရာတွင် တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်အား အောက် ပါအတိုင်း ထည့်သွင်းချီးကျူးဂုဏ်ပြုပြောကြားသွားခဲ့သည်။  

''ကျွန်တော့်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်ကို
 ပြောကြားခွင့်ပြုစေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်း
 ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း ဦးသန့်အကြောင်းပဲဖြစ်ပါတယ်။

ဦးသန့်အနေနဲ့လည်း အဲဒီတုန်းကလည်း တစ်ခုတည်းသောကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီး
ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူ 
ကွဲပြားခြားနားမှုများ ရှိနေသော်လည်း ဘေးကင်းလုံးခြုံတဲ့ ကမ္ဘာကြီးအဖြစ် မျော်မှန်းထား 
ပါတယ်။ 

ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာတရား၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက် 
မှု၊ သည်းခံခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံးနိုင်ကြမယ်လို့လည်း ဦးတည်မျှော်မှန်းထားပါ
တယ်။ ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာ ဝ
ပြောတဲ့ ကမ္ဘာကြီးအဖြစ်ကို ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ 

ကျွန်တော့်အနေနဲ့ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက်ချက်တွေကို၊ အောင်မြင်
မှုတွေကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူးဂုဏ်ပြုနေ မှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်''

မြန်မာ့သားကောင်းရတနာတစ်ဦးဖြစ်သလို ကမ္ဘာ့သားကောင်းရတနာလည်းဖြစ်ခဲ့သည့် ဦးသန့်ကဲ့သို့သော ပုဂ္ဂိုလ်ကို နှစ်ပေါင်း ၅၀ အတွင်း သူ့မွေးဇာတိနိုင်ငံမှ တိုင်းပြည်ခေါင်းဆောင်တစ်ဦးက ပထမဆုံး ကမ္ဘာသိ ဖွင့်ဟချီးကျူးခဲ့ခြင်းဖြစ်သဖြင့် သမ္မတကြီးဦးသိန်းစိန်အား များစွာလေးစားလျက် ၀မ်းမြောက်ဝမ်းသာဖြစ်စွာ မျှဝေဖော်ပြလိုက်ရကြောင်းပါ။

No comments:

Post a Comment