"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 6, 2012

နိုင်ငံခြားသတင်း ကောက်နုတ်ချက်များ (၆ ရက် အောက်တိုဘာလ၊ ၂၀၁၂)



၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် စနေနေ့။ 

နီပေါမှာ အိန္ဒိယရုပ်ရှင်ကားများ(Bollywood movies) မပြရ

(ASSOCIATED PRESS)-နီပေါနိုင်ငံရှိရုပ်ရှင်ရုံများသည် အိန္ဒိယရုပ်ရှင်များ(Bollywood movies) ပြသခြင်းအား ရပ်ဆိုင်းထားလိုက်ကြသည်။ ယင်းရုပ်ရှင်ကားများသည် သိမ်မွေ့မှုမရှိပဲ ရုန့်ရင်း ကြမ်းတမ်းကြသည်၊ နီပေါ လူ့အဖွဲ့အစည်းနှင့် သင့်တော်လျော်ကန်ခြင်း မရှိကြသဖြင့် ပြည်တွင်းထုတ်လုပ်သည့် ရုပ်ရှင်ကားများကိုသာ ဦးစားပေးပြသသင့်ကြောင်း ကွန်မြူနစ်ပါတီ (Communist Party of Nepal-Maoist)မှ ထောက်ပြပြောဆိုဝေ ဖန်ခဲ့သဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို စိုရိမ်ရသောကြောင့်ဟု ဆိုပါသည်။ 

 

 

No comments:

Post a Comment