"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 10, 2012

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်



တရုတ်ပြည် ကူမင်းမြို့ မှာ နေထိုင်လျက်ရှိသော ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် ဒီကနေ့ မနက်စောစော ၃ နာရီခွဲက ကူမင်းမြို့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သ တင်းရရှိခဲ့ပါတယ်။ 

Source: ပြည်ထောင်စုကို ဒို့ချစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် သူရဲ့ နောက်ဆုံးဆန္ဒအဖြစ် ရန်ကုန်မြို့ ရှိ ရွှေတိဂုံဘုရား ကြီးအား လာရောက်ဖူးမြော်လိုကြောင်း လွန်ခဲ့တဲ့လထဲက ပြောကြားခဲ့ပါသေးတယ်။ သူ့အနေနဲ့က မြန်မာနိုင်ငံအစိုးရ၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံသို့တရားဝင် ပြန်လာလို့ မရပါဘူး။

သို့ပေမယ့် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့  နောက်ဆုံးဆန္ဒကိုကြားသိရလို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သူ့ကို ရဲဘော်သုံးကျိပ်ဝင်တစ်ဦးအဖြစ် ပြန်လာခွင့်ပြုလိုက်ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းရာမှ ဆိုးဝါးသွားပြီး အသက် ၉၃ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ 



No comments:

Post a Comment