"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 17, 2022

ပါးပါးလေးပုတ်သွားတဲ့ ကိုဗစ်မျိုးကွဲအိုးမီခရွန် (၂)

 


ပြီးခဲ့တဲ့အင်္ဂါနေ့မနက်က ဆေးရုံအ၀င်လမ်းထိပ်ကမီးပွိုင့်မှာရပ်စောင့်နေတုန်း မိမိရဲ့ ဘေးနားမှာ စက်ဘီး

နဲ့မြန်မာအမျိုးသားသူနာပြုဆရာလူငယ်တစ်ဦးနဲ့စကားပြောဖြစ်ခဲ့တယ်။

သူက "ဆေးရုံက၀န်ထမ်းတွေ အတော်လေး ကိုဗစ်ဖြစ်ကြတယ်။ ကျနော်လဲဖြစ်ပြီးပြီ"လို့တလက်စာထဲ 

ပြောပါတယ်။

ဒီတော့ မိမိကလည်း "ဟုတ်တယ်။ ကျနော်လဲဖြစ်ပြီးပြီ။ မနေ့ကမှ အလုပ်ပြန်တက်ရတာ"လို့ အားကျမခံ

ဂုဏ်ယူစွာပြောလိုက်မိတယ်။

အလုပ်ထဲမှာတော့ ဆေးရုံက၀န်ထမ်းတွေ ကိုဗစ်ဖြစ်ကြတာ ၃၀၀ တောင်ရှိသွားပြီလို့ပြောနေကြတာတွေ

ကြားခဲ့ရတယ်။

မိမိတို့အကြောအဆစ်ကုဌာနက မိမိနဲ့နောက်တစ်ဦးက တစ်နေ့ထဲဖြစ်ခဲ့ကြတာ။

တတိယမြောက်နောက်တစ်ဦးကတော့ အခုအပတ်တနင်္လာနေ့ကမှဖြစ်တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် နေမကောင်းဖြစ်လို့ခွင်တင်ရင် ဖျားနာခွင့်တင်ရတာဖြစ်တယ်။

အခုဆေးရုံက၀န်ထမ်းတွေ ကိုဗစ်ရောဂါကူးစက်မှုအဖြစ်များလာပြီး ဆေးခွင့်ကိုများသောအားဖြင့် အနည်း

ဆုံး ၅ ရက်ကနေ ၇ ရက်အထိရပေးလေ့ရှိပါတယ်။ 

ဒါကြောင့် 'တစ်နှစ်မှာ ဘယ်နှစ်ရက်'ဆိုပြီး ရက်အကန့်အသတ်ရှိတဲ့ သာမန်ဖျားနာဆေးခွင့်(sick leave)တွေ 

အကုန်ရသက်သာစေဖို့အတွက် ဆေးရုံတက်ဆေးကုသခွင့် (hospitalisation leave)အဖြစ် ပြောင်းလဲသတ်

မှတ်ပေးထားလိုက်တာ။ ဒါက ကိုဗစ်နဲ့ပတ်သက်လို့ ဆေးရုံမတက်ရဘဲနဲ့ ပေးတာရယ်ပါ။

သာမန်ဖျားနာဆေးခွင့်က ၁၄ ရက်အများဆုံးရှိပြီး  ဆေးရုံတက်ဆေးကုသခွင့်ကတော့ ရက်ပေါင်း ၆၀ ရှိတာ

ဖြစ်ပါတယ်။ 

ဒီအထဲမှာ သာမန်ဖျားနာဆေးခွင့်က ၁၄ ရက် အပါအ၀င်ဖြစ်တယ်။




















ဆက်ရေးပါဦးမည်။




No comments:

Post a Comment