"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 10, 2022

နိုင်ငံရေးပရာဟိတ်ကြီး လီကွမ်းယူ (၂)

 




အမှတ် (၁) တွင် မိမိပြောခဲ့သည့်အတိုင်း ၁၉၉၀ ခုနှစ် သြဂုတ်လက စင်ကာပူနိုင်ငံဝန်ကြီးချုပ်မစ္စတာ

လီကွမ်းယူ၏အမျိုးသားနေ့မိန့်ခွန်း(National Day Rally Speech)ကို ပထမဆုံးအကြိမ်နားထောင်ပြီး

နောက် မိမိသည် သူ၏အမျှော်အမြင်ရှိမှုနှင့်နိုင်ငံရေးရင့်ကျက်မှုများကို များစွာနှစ်သက်လေးစားမိခဲ့

သည်။ 

ထိုကြောင့် မစ္စတာလီကွမ်းယူ၏မိန့်ခွန်းများကို နောင်တွင်အလျဉ်းသင့်တိုင်း မလွတ်တမ်းစောင့်ကာနား

ထောင်လေ့ရှိခဲ့ပါသည်။

တစ်ချိန်တည်းမှာ သူကိုယ်တိုင်ရေးသားသည့်စာအုပ်များနှင့် သူ့အကြောင်းရေးသည့်စာများ စာအုပ်များ

ကိုလည်း လက်လှမ်းမီသလောက်ဖတ်ခြင်းနှင့် ၀ယ်ယူဖတ်ရှုခြင်းများပြုလုပ်ခဲ့သည်။

အောက်တွင်ဖော်ပြပါစာအုပ်များမှာ မိမိ၏လက်ဝယ်ရှိသော မစ္စတာလီကွမ်းယူ၏စာအုပ်အချို့ ဖြစ်သည်။













   



ယခုစာအုပ်ကို ၁၉၈၀ ခုနှစ်က ပထမအကြိမ်အဖြစ် Times Books International မှ ရိုက်နှိပ်ပြီး ၁၉၈၄၊ 
၁၉၈၆၊ ၁၉၈၇၊ ၁၉၈၉ နှစ်များတွင် ထပ်မံရိုက်နှိပ်ခဲ့သည်။ 

တဖန် ၁၉၉၃ ခုနှစ်တစနှ်စ်ထဲတွင် နှစ်ကြိမ်ထပ်မံရိုက်ခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်ထပ်ရိုက်ရ
ကြောင်းသိရသည်။ 






စင်ကာပူနိုင်ငံ၏အရေးကြီးသောအဆုံးအဖြတ်ကာလ(၁၉၅၉ မှ ၁၉၇၀ အထိ) စာအုပ်ကိုရေးသား

သူ အဲလက်(စ)ဂျိုစီ (Alex Josey) ၁၉၇၁ ခုနှစ်ကရေးခဲ့သောသူ၏အမှာစာ (ယခုစာအုပ်တွင်ပါရှိသည်) 

တွင် -


  • အခုစာအုပ်ကို ပထမအကြိမ်ထုတ်ဝေခဲ့တုန်းက အမှာစာမှာ ကျနော်က အခုလိုပြောခဲ့ပါတယ်။ 

"ဒီစာအုပ်ဟာ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီကွမ်းယူအကြောင်ဖြစ်ပါတယ်။ စာအုပ်ရဲ့ တစိတ်တပိုင်း

တွေက သူကိုယ်တိုင်ပြောပြခဲ့တာတွေဖြစ်ပြီး စာအုပ်ရဲ့ အတော်များများကတော့ ၁၉၅၀ ခုနှစ်ကတည်းက

သူပြောခဲ့တဲ့မိန့်ခွန်းတွေကို တိုက်ရိုက်ကိုးကားပြီးရေးသားထားတာတွေပါ။"


"ဒုတိယအကြိမ်ပြန်လည်ထုတ်တဲ့အခါမှာတော့ စောစောကသူပြောခဲ့တဲ့မိန့်ခွန်းတွေအပြင် ၁၉၆၈၊ ၁၉၆၉နဲ့

၁၉၇၀ ခုနှစ်များမှာ သူပြောခဲ့တဲ့အဓိကမိန့်ခွန်းတွေ (major speeches) အပါအ၀င် ၁၉၇၀ ခုနှစ်က စင်ကာပူ

နိုင်ငံမှာကျင်းပခဲ့တဲ့ ၁၉၇၁ ခုနှစ် ဓနသဟာယနိုင်ငံများမှ ၀န်ကြီးချုပ်များညီလာခံ (1971 Commonwealth 

Prime Ministers' Conference) မှာ သူပြောခဲ့တဲ့မိန့်ခွန်တွေ ထည့်သွင်းဖော်ပြထားပါတယ်။ 


"တကယ်တော့ ဒီစာအုပ်က နိုင်ငံရေးအတ္တုပ္ပတ္တိစာအုပ် (political biography) ဆိုတာထက်ပိုပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်က တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံရေးသမားတွေအတွက်လဲ တန်ဖိုးရှိနေ

တာကြောင့်ပါ။ (သူတို့ကြုံတွေ့နေကြရတဲ့)အခက်အခဲတွေနဲ့ပြသနာအများစုကို မစ္စတာလီကွမ်းယူအနေနဲ့ 

ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ပြီး ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။


အဲဒီအခက်အခဲတွေနဲ့ပြသနာများနဲ့ပတ်သက်ပြီး မစ္စတာလီကွမ်းယူရဲ့ တွေးခေါ်စဉ်းစားမှုအမျှော်အမြင်တွေ

ဟာ စင်ကာပူနိုင်ငံကို အရှိန်အဟုန်ကေားင်းစွာတိုးတက်နေတဲ့ စံပြနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့လို့ပါပဲ။" 


အဲလက်(စ)ဂျိုစီ  

စင်ကာပူ၊ ၁၉၇၁။ 

















အခန်း (၁) ၏ခေါင်းစဉ်ကို Early Days 'ကနဦးနေ့ရက်များ' ဟုအမည်ပေးလျက်ဖွင့်ထားသည်ကိုတွေ့

ရသည်။



















No comments:

Post a Comment