"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, February 25, 2022

ငွေဖြစ်လာတဲ့ ခွင့်ရက်များ

 



ယခုဖေဖော်ဝါရီလရဲ့ လစာကို စိတ်လှုပ်ရှားစွာနဲ့မျှော်နေခဲ့တာဖြစ်လို့ ဒီကနေ့မနက်စောစော အလုပ်

ကိုရောက်ပြီး ကွန်ပြူတာမှာ ဆေးရုံရဲ့  iHR စာမျက်နှာကိုဖွင့်ကြည့်လိုက်တဲ့အခါ လစာဝင်နေပြီဆိုတာ

သိရတယ်။


မျှော်လင့်ထားတဲ့အတိုင်း ပုံမှန်လစာငွေအပြင် ပြီးခဲ့တဲ့ ၂ နှစ်က မသုံးဖြစ်ခဲ့တဲ့လက်ကျန်ခွင့်ရက်တွေ

အတွက် အပိုဝင်ငွေလေးပါရတာဖြစ်လို့ အတော်လေးပျော်မိရတယ်။


မိမိက လေး ငါးရာလောက်ရမယ်လို့ ခန့်မှန်းပြီးမျှော်လင့်ထားခဲ့မိတာ။

တကယ်ရတော့ ဒေါ်လာ ၁၄၀၀ ဖြစ်နေလို့ အီစကိုမှာ ဖိုးကြိုင်းတုတ်ဖြစ်ရပါပကောလား။

မျှော်နေတယ်၊ 

ရတယ်၊

 ပျော်တယ်ရယ်ပေါ့နော်။


ဒီလိုပါ ..

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဆေးရုံလူသားအရင်းမြစ်ဌာန (Human Resources - HR)  က အီးမေး

တစ်စောင်ရရှိခဲ့ပါတယ်။ ဆေးရုံက၀န်ထမ်းအားလုံးကို ပေးပို့ခဲ့တာပါ။ 

ခေါင်းစဉ်ကို 2021 Leave Encashment Exercise လို့အမည်တပ်ထားပါတယ်။

ဖတ်ကြည့်လိုက်တဲ့အခါ ရုတ်တရက်ဆိုတော့ ဘာကိုပြောတာမှန်းတောင် မသိလိုက်မိဘူး။ 

နောက်တော့မှ မိမိတို့မသုံးဖြစ်လို့ပိုနေတဲ့ ပြီးခဲ့တဲ့နှစ်များကခွင့်ရက် (Annual Leave-AL) တွေကို 

ငွေနဲ့အလဲအလှယ်လုပ်ပေးမယ်ဆိုတာမှန်းသိရတာ။ 

























မိမိအနေနဲ့ဆိုရင် ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ နှစ်တွေတုန်းက မသုံးခဲ့ဖြစ်တဲ့ခွင့်ရက်အချို့ ရှိနေတာကြောင့် 

(က) ၂၀၂၀ ခုနှစ်က မသုံးခဲ့ဖြစ်တဲ့ခွင့်ရက်ကျန်အားလုံးနဲ့ 

(ခ) ၂၀၂၁ ခုနှစ်ရဲ့ ခွင့်ရက်ကျန်တွေအထဲက သုံးပုံတစ်ပုံကို ရောင်းလိုက်ပါတယ်။ 


တနည်းပြောရရင် ငွေနဲ့အလဲအလှယ်လုပ်လိုက်ပါတယ်။ 

ဒါက  ဆေးရုံကသတ်မှတ်ထားတဲ့စည်းကမ်း တစ်နည်းဆိုရရင် ခွင့်ပြုထားတဲ့အတိုင်း လုပ်တာပါ။

အဲဒီလို လက်ကျန်ခွင့်ရက်နဲ့ငွေအလဲအလှယ် (conversion of an employee’s unconsumed 

annual leave into money) လုပ်ဖို့ iHR ရဲ့  Leave Encashment Overview Link မှာ လမ်းညွှန်

ထားတဲ့အတိုင်း ပုံစံမှာရေးဖြည့်ပေးရတာ။

ဘယ်နှစ်ရက် ဘယ်နှစ်နာရီ စသဖြင့်ပေါ့။  














ဒီနေရာမှာ တစ်ခုသိစေချင်တာကတော့ မိမိက ဆေးရုံမှာအချိန်ပိုင်းလေးပဲလုပ်တယ်ဆိုတာပါပဲ။

နံနက် ၈ နာရီခွဲကနေ နေ့ခင်း ၁၂ နာရီခွဲအထိဖြစ်ပါ။

အကယ်လို့သာ မိမိက အချိန်ပြည့်အလုပ်လုပ်မယ်ဆိုရင် အခုထက်ပိုပြီးတောင် ငွေရဦးမှာလေ။ 

အခုရတဲ့ငွေရဲ့ နှစ်ဆဖြစ်ပါလိမ့်မယ်။

ပြောချင်တာက စင်ကာပူအစိုးရက သူ့ပြည်သူပြည်သားတွေအပေါ်မှာထားရှိတဲ့ သဘောထားနဲ့

စေတနာတွေကိုပါ။ 

အဲဒီအကြောင်းကို စာဖတ်သူများ သိသိသာသာကြီးမြင်သာထင်သာရှိအောင် နဲနဲထပ်ပြီးပြောပြ

ပါ့မယ်။











စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေကြသူများအနေဖြင့် ပုံမှန်လစဉ်ဝင်ငွေ(monthly salary)အပြင် 

အခါအားလျှော်စွရတတ်တဲ့ တခြားသောဝင်ငွေလေးများရှိတတ်ကြပါသေးတယ်။

ဥပမာ၊ အချိန်ပိုလုပ်ခကြေး(over-time pay)၊ နှစ်လည်နဲ့နှစ်ကုန်ခါနီးမှာရကြလေ့ရှိတဲ့ ဘောနပ်စ်

(Bonus) အစရှိတာတွေပါ။


စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မိမိရဲ့  ၃၂ နှစ်တာလုပ်သက်ကာလအတွင်းမှာတော့ လစဉ်ဝင်

ငွေနဲ့ဘောနပ်စ်တွေကို ပုံမှန်အားဖြင့်ရခဲ့ပါတယ်။ 

အခုတစ်ခါမှာမှ ခွင့်ကနေ နောက်ထပ်အပိုငွေလေးရယ်လို့ ရဖူးခဲ့တာ။


အများသိကြတဲ့အတိုင်းပါပဲ။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ၂၀၂၀ ခုနှစ်လောက်ကစပြီး ၀န်ထမ်းတွေနဲ့တခြားသောအ

လုပ်အမျိုးမျိုးကိုလုပ်ကိုင်နေကြသူများဟာ ခွင့်ယူဖို့အခက်အခဲအကန့်အသတ်တွေရှိလာသလို၊ 

အနားယူဖို့၊ ကိုယ်ရေးကိုယ်တာလုပ်စရာရှိတာလေးတွေလုပ်ဖို့နဲ့နိုင်ငံရပ်ခြားခရီးသွားလာဖို့ အခွင့်

အရေးတွေဆုံးရှုံးခဲ့ကြပါတော့တယ်။ 

















အိမ်ကနေပဲ အလုပ်လုပ်ကြရသူတွေလဲ အများအပြားရှိလာကြတယ်။

ဒီလိုအခြေအနေက ကနဦး လပေါင်းများစွာကနေ ၂ နှစ် ၃ နှစ်တန်သည်အထိကြာရှည်လာတဲ့အခါ 

ဝန်ထမ်းတဦးစ်ီမှာ တစ်နှစ်ကို နှစ်စဉ်ယူနိုင်တဲ့ခွင့် ၂၁ ရက်ရှိရင် ၂ နှစ်ဆိုတော့ ၄၂ ရက်ရှိလာပြီဖြစ်

တယ်။

ဒါကြောင့် ၀န်ထမ်းတွေရဲ့ ခွင့်ခံစားပိုင်မှုနဲ့ အလုပ်အကိုင်ဌာနအသီးသီးရဲ့ လုပ်သားအင်အားလိုအပ်

မှု (manpower) လိုအပ်တာတွေကို မထိခိုက်စေဖို့ အခုလိုခွင့်ရက်နဲ့ငွေ အလဲအလှယ်လုပ်ပေးရတာ

ဖြစ်ပါတယ်။

တကယ်က အခုလိုစီစဉ်ဆောင်ရွက်လိုက်တာဟာ အားလုံးအတွက် တွက်ခြေကိုက်တဲ့ 'သား ရွှေအိုး

ထမ်းလာတာ' win-win situation ဖြစ်ကြောင်းပါဗျာ။














ဆက်ရေးပါဦးမယ်။


No comments:

Post a Comment