"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, February 18, 2022

စာကြည့်တိုက်နှင့်စာအုပ်များ (၇) Sciatica

 





















ဆိုင်ယာတီကာ (Siatica) ကို မြန်မာဆရာဝန်များ၊ အကြောအဆစ်ကုပညာရှင်များနှင့်သူနာပြုများက                  မူရင်းအင်္ဂလိပ်စကားလုံး၏အသံထွက်အတိုင်း 'ဆိုင်ယာတီကာ' ဟု ပြောဆိုသုံးစွဲလေ့ရှိပါသည်။ 

အမှန်က ယင်းစကားလုံးသည် လက်ဦးက ဂရိစကားလုံး Ischiadikos ဖြစ်ပြီး ထိုနောက်တွင် လက်တင်        စကားမှတဆင့် အင်္ဂလိပ်စကားလုံးဖြစ်လာခဲ့ကြောင်းသိရသည်။ 

'တင်ပါးနေရာ၊ တင်ပါးများနှင့်နံရိုးတုများ (false ribs)အကြားရှိခါးရိုးတန်းနေရာတို့တွင် ဝေဒနာခံစားရ                   ခြင်း'ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ 

နံရိုးတုများဆိုသည်မှာ နံရိုးအမှတ် ၈၊ ၉ နှင့် ၁၀ တို့ကို ခေါ်ခြင်းဖြစ်သည်။ 

လူတွင် ၀ဲဘက်နှင့်ယာဘက် နံရိုးစုစုပေါင်း ၁၂ စုံရှိရာ ပထမ ၇ စုံ (true ribs) က ရင်ညွှန့်ရိုးတွင်ဆက်            ထားပြီး နံရိုးအမှတ် ၈၊ ၉ နှင့် ၁၀ တို့က ရင်ညွှန့်ရိုးတွင်မဆက်ကြဘဲ အပေါ်ဖက်ရှိ နံရိုးအမှတ် ၇ တွင်              သာဆက်ထားကြသဖြင့် နံရိုးတုများဟုအမည်တွင်လေသည်။ 

သို့ဖြစ်ရာ 'ဆိုင်ယာတီကာ' ကို ကျောအောက်ပိုင်း(ခါး)နေရာနှင့် တင်ပါးနေရာတို့မှအစပြုလျက် ပေါင်                 နှင့်ခြေထောက်တလျှောက် (ခြေချောင်းများအပါအ၀င်) ခံစားရသည့်နာကျင်မှုဝေဒနာဟု ယခုစာအုပ်              တွင်အနက်ဖွင့်ထားသည်ကိုတွေ့ရသည်။












လူနာအတော်များများ ဆရာဝန်များထံလာရောက်ပြသကြသည့် အဖြစ်များသောရောဂါဝေဒနာတို့တွင်             ခါးနာခြင်းမှာ တစ်ခုအပါအ၀င်ဖြစ်သည်။

ရုတ်တရက်ဖြစ်လာသောခါးနာခြင်း (acute back pain) ဖြစ်စေ၊ လပေါင်းများစွာခံစားနေရသောခါးနာ                    ခြင်းမျိုး (chronic back pain) ဖြစ်စေ အထူးသဖြင့်ဆိုင်ယက်တစ်အာရုံကြော(sciatic nerve)နှင့်သက်                ဆိုင်သောခါးနာခြင်း (ဆိုင်ယာတီကာ) သည် -

  • သွားလာလှုပ်ရှားမှုကို အနှောက်အယှက်ဖြစ်စေခြင်း
  • အအိပ်အနေကို ထိခိုက်စေခြင်း
  • စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်ခြင်း 

အစရှိသည့်ဆိုးကျိုးများကိုပါ ပူးတွဲခံစားရလေ့ရှိသည်။

ဆိုင်ယက်တစ်အာရုံကြောကို တိုက်ရိုက်အဖိအညှပ်ခံသောအခါ သို့မဟုတ် အကြောင်းတစ်ခုခုကြောင့်              ကသိကအောက်ဖြစ်စေသောအခါ ခါးနာတတ်သည်။ 

ယင်းသို့စပြီးနာသည့်နေရာကနေ ပေါင်ရှိရာသို့ပြန့်ဆင်းသွားကာ ခြေဖျားအထိလမ်းကြောင်းတလျှောက်        လုံး၌ ထုံကျင်ခြင်းနှင့်မခံချိမခံသာခံစားရခြင်း(ဥပမာ၊ ထိုးအောင့်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း)တို့ဖြစ်စေ               လေသည်။

ထိုကြောင့် ဆိုင်ယာတီကာ(ဝေဒနာ)သည် ရောဂါမဟုတ်သောဝေဒနာဟု ပြောနိုင်သည်။















ဆိုင်ယာတီကာ ခေါ် ခါးနာပေါင်တန်းခြင်းဝေဒနာကို မကြာခဏဆိုသကဲ့သို့ခံစားရနိုင်ဖွယ်ရှိသောသူများတွင်    ကိုယ်ဝန်ဆောင်မိခင်လောင်းများပါရှိနေသည်။ 

အကြောင်းမှာ သန္ဓေသား၏ဦးခေါင်းနှင့်တင်ပါးရိုးနံရံ (pelvic wall)တို့အကြားတွင် ဆိုင်ယက်တစ်အာရုံကြော     ဖိညှပ်နေသောကြောင့်ဖြစ်သည်။ ထိုအခါ တင်ပါးနှင့်ခြေထောက်တို့မှာ နာခြင်း၊ ထုံခြင်းအစရှိသည့်ဝေဒနာ      များခံစားရတော့၏။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွင်ဖြစ်တတ်သော ဆိုင်ယာတီကာကြောင့် မိခင်တွင်ကြွက်သားများနာတတ် သည်။ 

တဖန် ဟော်မုန်းဓာတ်များ ပုံမှန်ထက်ပိုထွက်လာခြင်းနှင့်သန္ဓေသား၏ကိုယ်အလေးချိန်တို့ကြောင့် အဆစ်          မခိုင်    ခြင်းဖြစ်ရသည်။








စာကြည်တိုက်ရှိ ကျန်းမာရေးနှင့်ကြံ့ ခိုင်တောင့်တင်းရေး(Health and Fitness)စာအုပ်စင်တွင်"ဆိုင်ယာတီ       ကာ ခေါ် ခါးနာပေါင်တန်းခြင်းဝေဒနာရှင်မျာအတွက် လေ့ကျင့်လှုပ်ရှားနည်းများ"ဟူသောအမည်ဖြင့်ကျန်း      မာရေးပညာပေးစာအုပ်ကိုတွေ့ ရသောကြောင့် စိတ်ဝင်စားကာ ငှားခဲ့သည်။

စာမျက်နှာ ၁၅၀ ခန့်ရှိပြီး ၂၀၂၀ ခုနှစ်က ပထမအကြိမ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။








စာအုပ်၏နောက်ကျောအဖုံးတွင် ယခုစာအုပ်သည် - 

  • ကြွက်သားများသန်စွမ်းလာစေခြင်း
  • နာကျင်မှုများမှ သက်သာစေခြင်း
  • အားသစ်အင်သစ်များ တိုးပွားလာစေခြင်းတို့နှင်အတူ ဆိုင်ယာတီကာဝေဒနာများမှ ကောင်းစွာပြန်         လည်ကျန်းမာထူထောင်ပေးနိုင်မည့်လေ့ကျင့်လှုပ်ရှားနည်းများကို ပြည့်ပြည့်စုံစုံလမ်းညွှန်သင်ကြား            ပြသထားသည်ဟု စာအုပ်ရေးသားသူများကဆိုထားကြသည်။


ဆက်လက်ပြီး လေ့ကျင့်လှုပ်ရှားနည်းများနှင့်ပတ်သက်ပြီး -

  • ဆိုင်ယာတီကာဝေဒနာများမှ မည်သို့သက်သာမှုရရှိစေနိုင်ကြောင်းကို ခြုံငုံသုံးသပ်ရှင်းပြခြင်း
  • အန္တရာယ်ကင်းပြီးထိရောက်မှုရှိသော လေ့ကျင့်ခန်းသရုပ်ပြပုံများ
  • လေ့ကျင့်လှုပ်ရှားမှုတစ်မျိုးစီအား မည်သို့ပြုလုပ်ရမည်ဆိုသည့် အသေးစိတ်လမ်းညွှန်ချက်များ 
  • အနားယူဖြေလျှော့ခြင်းနှင့်စိတ်နိုးကြားတက်ကြွစေခြင်း
  • ကျန်းမာရေးနှင့်လုပ်ကိုင်နိုင်စွမ်းတို့ပြန်လည်ထူထောင်ပေးရန် ကြံ့ ခိုင်တောင့်တင်းရေးရှုထောင့်မှ             ချည်းကပ်နည်း အစရှိသည်များပါရှိကြသည်။



                      














No comments:

Post a Comment