မိမိသည် မြန်မာပြည်မှမထွက်လာခင်အခါတုန်းက မစ္စတာလီကွမ်းယူကို နိင်ငံရေးသမားဘ၀မှ စင်ကာ ပူနိုင်ငံ၏ခေါင်းဆောင်ဖြစ်လာသူတစ်ဦးအဖြစ် အနည်းအပါးလေးမျှသာ သိရှိခဲ့သည်။
သို့တစေ စင်ကာပူနိုင်ငံသို့ မိမိရောက်လာသည့်ပထမဆုံးနှစ်ဖြစ်သည့် ၁၉၉၀ ခုနှစ် သြဂုတ်လတွင် သူ၏ အမျိုးသားနေ့မိန့်ခွန်း(National Day Rally Speech) ကို စပြီးနားထောင်ပြီးသောအခါ သူ၏အမျှော်အမြင် ရှိမှုနှင့်နိုင်ငံရေးရင့်ကျက်မှုများကို တစ်ကြိမ်တည်း တစ်ထိုင်တည်းဖြင့် လေးစားသွားခဲ့မိပါသည်။
ယင်းမိန့်ခွန်းသည် စင်ကာပူနိုင်ငံဝန်ကြီးချုပ်အဖြစ် စင်ကာပူနိုင်ငံအမျိုးသားနေ့တွင် မစ္စတာလီကွမ်းယူ နောက်ဆုံးပြောခဲ့သောမိန့်ခွန်းလည်းဖြစ်ခဲ့သည်။
အကြောင်းကတော့ မစ္စတာလီကွမ်းယူ၏၀န်ကြီးချုပ်ရာထူးကို ထိုစဉ်က ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ မစ္စတာဂို ချောက်တောင်က ၁၉၉၀ ခုနှစ် နိုဝင်ဘာ၂၈ ရက်တွင် အရိုက်အရာဆက်ခံခဲ့သောကြောင့်ဖြစ်သည်။
သို့တစေ မစ္စတာလီကွမ်းယူသည် အစိုးရအဖွဲ့မှလုံးဝအနားယူလိုက်ခြင်းကားမဟုတ်ပေ။ မစ္စတာဂိုချောက် တောင်၏အစိုးရအဖွဲ့တွင် သြဇာတိက္ကမကြီးမားလှသည့် အကြီးတန်းဝန်ကြီး (Senior Minister) အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြန်ပါသည်။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment