"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, February 6, 2022

စာကြည့်တိုက်နှင့်စာအုပ်များ (၅) Fitness and Health

 



Fitness and Health စာအုပ်သည် ယင်းကိုစိတ်ဝင်စားသည့်ကျောင်းသူကျောင်းသားများ၊ ကိုယ်လက်ကြံ့ ခိုင် 
ကျန်းမာရေးပညာရှင်များ(Fitness professionala)၊ ကိုယ်လက်ကြံ့ ခိုင်လေ့ကျင့်မှုကို အားသန်လိုက်စားနေကြ  
သူများ(Fitness enthusiasts)အနေဖြင့် လှုပ်ရှားလေ့ကျင့်ခြင်းနှင့်ကျန်းမာခြင်းတို့၏ဆက်စပ်နေမှုကို ပြည့်ပြည့်    
စုံစုံနားလည်သဘောပေါက်သိရှိပြီး ကျန်းမာကြံ့ ခိုင်မှုရည်မှန်းချက်များရရှိနိုင်သည့်အခြေခံများချပြရန်ဖြစ်သည် ဟု ယခုစာအုပ်ကိုပြုစုရေးသားသူများကဆိုထားသည်။

သို့အတွက် Fitness and Health နယ်ပယ်တွင်အထူးကျွမ်းကျင်သူပညာရှင်များဖြစ်သည့်စာရေးသူများက ..

(၁) ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို လူ့ခန္ဓာကိုယ်က မည်ကဲ့သို့တုန့်ပြန်ကြောင်း

(၂) ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများသည် ကျန်းမာရေးကိုမည်သည့်အကြောင်းများကြောင့် အကျိုးဖြစ်စေ  
နိုင်ကြာင်း

(၃) ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ အေရိုးဘစ်နှင့်ကြွက်သားများကြံ့ ခိုင်မှု(aerobic and muscular fitness) တို့ကို မြှင့်တင်ပေးနိုင်ကြောင်း

(၄) ကျန်းမာရေးနှင့်ညီညွတ်သည့် ခန္ဓာကိုယ်အလေးချိန် (healthy weight) ရရှိထိန်းထားပေးနိုင်ကြောင်း

(၅) အလုပ်နှင့်အားကစားတို့တွင် လုပ်ကိုင်နိုင်မှုစွမ်းရည် (performance) ကိုတိုးပွားစေကြောင်း နှင့်

(၆) ခွန်အားပြည့်အသက်ရှင်နိုင်စွမ်း (vitality) ကို ဖွံ့ ဖြိုးစေနိုင်ကြောင်းများကို ဤစာအုပ်တွင် ခြေခြေမြစ်မြစ် 
အသေးစိတ်ရှင်းပြဆွေးနွေးပေးထားပါသည်။















 























ယခု မိမိ၏လက်ထဲတွင်ဖတ်နေသည့် Fitness and Health စာအုပ်(7th Edition) သည် အစမှအဆုံးပြန်လည်
 ပြင်ဆင်ဖြည့်စွက်တည်းဖြတ်ရေးသားပြုစုထားသောစာအုပ်ဖြစ်သည်။ 

အရေးကြီးသောကျန်းမာရေးဆိုင်ရာအလေ့အထများကို မည်သို့ပြောင်းလဲစေပြီး ဘ၀တစ်ခုလုံးအပေါ်အကျိုး    သက်ရောက်မှုရှိစေရန် အဓိကရည်ရွယ်ထားသည်။   

ယခုစာအုပ်ကိုရေးသားသူ ဘရိုင်ယန်ရှပ်ကီး (Brian Sharkey) သည် ၁၉၇၄ ခုနှစ်တွင် Physiological Fitness  and Weight Control အမည်ရှိ သူ၏ပထမဆုံးစာအုပ်ကို ထုတ်ဝေခဲ့သူဖြစ်သည်။ 

ထိုနောက် အနှစ် ၃၀ ကြာသည်အထိ စာအုပ်ကို ၅ ကြိမ်မြောက် တစ်ကိုယ်တော်ထုတ်ဝေခဲ့ပြီး စတိဗ်ဂတ်စ်ကီးလ်နှင့်ပူးတွဲလျက် စာအုပ်ကို ၆ ကြိမ်မြောက်ဆက်လက်ထုတ်ဝေခဲ့သည်။ 



ရုပ်ပိုင်းကြံ့ ခိုင်ရေး

လူတစ်ဦးတစ်ယောက်စီ၏ Physical Fitness Perception ဆိုသည်မှာ သူ့မှာရှိနေသည်ဟုခံစားမိသော ၁) အား  ကစားစွမ်းဆောင်နိုင်မှု(sport competence) ၂) ကြွက်သားသန်စွမ်းမှု ၃) အားအင်ရှိမှုနှင့် ၄) ခံနိုင်ရည်ရှိမှုအစရှိ     သည့်ရုပ်ပိုင်းကြံ့ ခိုင်ရေးဆိုင်ရာအရည်အသွေးများ (physical fitness abilities) ဖြစ်ကြသည်။  

ရုပ်ပိုင်းကြံ့ ခိုင်ရေးဆိုင်ရာအရည်အသွေးများတွင် အစိတ်အပိုင်းကြီး ၅ ပိုင်းပါရှိသည်။ 

၁) ခန္ဓာကိုယ်ဖွဲ့စည်းမှု (Body composition) 
အဆီ၊ ပရိုတိန်း၊ သတ္တုဓာတ်နှင့်ရေတို့ အဓိကပါရှိသည်။
၂) ပျော့ပြောင်းရှည်ဆန့်နိုင်မှု (flexibility)
၃) ကြွက်သားသန်စွမ်းမှု (muscular strength)  
၎) ကြွက်သားခံနိုင်ရည်ရှိမှု (muscular endurance) 
၅) နှလုံးနှင့်အဆုတ်တို့၏ကြွက်သားများသို့အောက်ဆီဂျင်ပို့ပေးနိုင်မှု(cardiorespiratory endurance)


ကျန်းမာရေးကိစ္စတွင် ခန္ဓာကိုယ်ဖွဲ့စည်းမှုသည် အရေးကြီး၏။

ထိုကြောင့် ဆရာဝန်များသည် လူနာတစ်ဦး၏ကိုယ်အလေးချိန်တွင် အဆီပါဝင်မှုပမာဏ(ရာခိုင်နှုံး)ကို သိရှိရန် ခန္ဓာကိုယ်ဖွဲ့စည်းမှုကို စစ်ဆေးကြည့်ရှုတတ်ကြသည်။

အလားတူ ရုပ်ပိုင်းကြံ့ ခိုင်ရေးကို ၀န်ဆောင်မှုပေးကြသည့် Fitness industry တွင်လည်း လေ့ကျင့်ကစားသူတို့     ၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုအခြေခံလျက် ကြံ့ ခိုင်မှုအရည်အသွေးကို လေ့လာတွက်ချက်ကြရသည်။

ဥပမာ အသက်အရွယ်၊ အရပ်အနိမ့်အမြင့်နှင့်ကိုယ်အလေးချိန်ချင်းတူသောသူနှစ်ဦးတွင် အဆီပါဝင်မှုအနည်း  အများနှင့်ကြွက်သားပမာဏတို့တွင် ကွာခြားမှုရှိနိုင်လေသည်။ 

ယင်းကွာခြားမှုကိုအကြောင်းပြုပြီး ထိုသူနှစ်ဦးတွင် မတူညီသောကျန်းမာရေးပြသနာများ ကြုံတွေ့ ခံစားကြမည်    ဖြစ်သည်။




ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment