မှတ်မှတ်ရရဆိုလို့ရှိရင် ဟို ကျနော်တို့တတွေငယ်ငယ်တုန်းက ကျောက်ဆေးထိုးတာနဲ့ ပလိပ်ရောဂါ
ကာကွယ်ဆေးထိုးခဲ့ရတာတွေကလွဲလို့ နောက်ထပ်ဘာကာကွယ်ဆေးမှမထိုးခဲ့ရဘူးလို့ထင်ပါတယ်။
အဲဒီခေတ်အဲဒီအချိန်ကာလက ဆေးထိုးတုန်းကဖြစ်လာခဲ့တဲ့အမာရွတ်အမှတ်အသားလေးတွေက
တော့ သေရာပါတဲ့အထိပါပဲ။
တချို့ တွေမှာဆို အဲဒီကာကွယ်ဆေးတွေထိုးလို့ဖြစ်လာတဲ့အမာရွတ် (Scar)များဟာ ရွံစရာကောင်း
လောက်တဲ့အထိကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ကြရတာ။
ဘာပဲဖြစ်ဖြစ်ပေါ့။ ရောဂါဖြစ်ပြီးသေတာထက်တော့ အမာရွတ်ဖြစ်တာကို လက်ခံရမှာပါ။
ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ကျောက်ရောဂါ ပလိပ်ရောဂါ အစရှိတဲ့ကပ်ရောဂါတွေကြောင့်
လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။
ဥပမာ ၁၉၀၆ ခုနှစ် တစ်နှစ်ထဲမှာပဲ ပလိပ်ရောဂါကြောင့် လူပေါင်းရှစ်ထောင်ကျော် (၈၆၃၇ ဦး) သေ
ဆုံးခဲ့ကြရတယ်လို့ မှတ်တမ်းများအရသိရပါတယ်။
ပြောချင်တာက
ကျနော်ဟာ ကျောင်းပြီးကထဲက ဆေးရုံတွေမှာ ကူးစက်နိုင်တဲ့ရောဂါပေါင်းစုံရှိတဲ့လူနာများနဲ့ နေ့စဉ်
လိုလို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ရပေမယ့် ဘာကာကွယ်ဆေးမှမထိုးနှံခဲ့ရပါဘူး။
အမှန်အတိုင်းဝန်ခံရရင် ကိုယ်တိုင်က ထိုးရကောင်းမှန်းလဲ သတိမထားမိခဲ့သလို အလုပ်ကလဲ(ဆေး
ရုံနဲ့ကျန်းဦးစီးလို ကျန်းမာရေးဝန်ကြီးဌာနတွေ) လမ်းညွှန်ခိုင်းစေတာမျိုး မရှိခဲ့ပါဘူး။
တစ်ခါ ၁၉၉၀ ခုနှစ်မှာ စင်ကာပူနိုင်ငံကိုရောက်လာပြီး အလုပ်လုပ်တော့လဲ ဆေးရုံမှာလုပ်တာမဟုတ်
လို့ ဘာကာကွယ်ဆေးမှ မထိုးခဲ့ရပါ။
အဲဒီနောက် ၂၀၁၆ ခုနှစ်ကုန်မှာ စင်ကာပူနိုင်ငံမှာပဲ မူလအလုပ်ကနေအနားယူပြီး ၂ နှစ်အကြာဖြစ်တဲ့
၂၀၁၉ ခုနှစ်တွင် ဆေးရုံကြီးတစ်ခုမှာ ငှားရမ်းပညာရှင် (Locum Physiotherapist) အဖြစ်အလုပ်လုပ်
တဲ့အခါမှာတော့ တစ်သက်လုံးမထိုးထားခဲ့တဲ့ ရောဂါကာကွယ်ဆေးတွေကို အလုပ်အရ မထိုးမနေကြီး
ထိုးရပါတော့တယ်။
ထိုးမယ့်ထိုးရတော့လဲ တစ်နေ့ထဲ တစ်ချိန်ထဲမှာ လက်မောင်လေး ၂ ဖက်ပဲရှိတာကို ဘယ်တစ်ဖက်
ညာတစ်ဖက် နှစ်ဖက်စလုံးကို မညှာမတာ တစ်ခါထဲ အထိုးခံလိုက်ရသေးတာ။
(ဟဲ ဟဲ .. တကယ်က မိမိကို ဆေးမထိုးခင်မေးပြီး မိမိကသဘောတူတော့မှ ထိုးပေးတာရယ်ပါ။)
ဟုတ်တယ်လေ။
မြန်မာပြည်ကလာခဲ့တာပဲ။
ဒီလောက်တော့ ဘယ်မှုပါ့မလဲ။
မဟုတ်ရင် နောက်တစ်လုံးအတွက် နောက်တစ်ရက်ပြန်လာနေရဦးမှာ။
ဆက်ပြီးရေးပါဦးမယ်။
No comments:
Post a Comment