"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, February 9, 2024

လွမ်းရမိတာလေးတွေ MINDS [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၄ ]

 


MINDS က မိမိအတွက် အမှတ်တရနှုတ်ဆက်ပွဲလုပ်ပေးခဲ့တာ မမေ့နိုင်စရာလေးပါ။





အော် ဘာလိုလိုနဲ့ မိမိ၏စင်ကာပူနိုင်ငံကပထမဆုံးအလုပ်မှအနားယူခဲ့တာဟာ အခုဆိုရင် ၇ နှစ်ကြီး

များပင် ရှိခဲ့ပါပြီလား။ 

အဲဒီအချိန်က စင်ကာပူနိုင်ငံရဲ့ တရားဝင်အနားယူရတဲ့အသက်(Retirement age)က ၆၂ နှစ်ဆိုပေမယ့် 

မိမိက ၆၈ နှစ်ပြည့်တဲ့ ၂၀၁၆ ခုနှစ်ကုန်ရောက်တော့မှပဲ အနားယူဖြစ်ခဲ့တော့တာ။ 

အလုပ်ကနေ တရားဝင်အနားယူရမည့်အသက်ရဲ့ နောက်နှစ်တွေကိုလဲပဲ မိမိကဆက်ပြီးလုပ်ဦးမယ်လို့

မပြောရဘဲ မိမိ၏အလုပ်ရှင် MINDS (Movement for the Intellectually Disabled of Singapore) က 

လိုလိုချင်ချင်ကို ၁ နှစ်ချင်းဆက်ခန့်ပေးနေလို့ ၆ နှစ်တိတိထပ်ပြီးလုပ်ခဲ့ရသေးတာဖြစ်တယ်။ 


အဲဒီတုန်းက အလုပ်ကအနားယူပြီးတဲ့နောက် ၀န်ထမ်းဟောင်းကိုပြန်ပြီးဆက်ခန့်နိုင်တဲ့ အစိုးရကတ

ရားဝင်ခွင့်ပြုထားသည့် အသက်(Re-employment age) က ၆၇ နှစ်ပါ။ 

၂၀၂၂ ခုနှစ် ဂျူလိုင် ၁ ရက်နေ့တွင်မှ Retirement ageကို ၆၂ နှစ်ကနေ ၆၃ နှစ်အထိ၊ Re-employ-

ment age ကို ၆၇ နှစ်ကနေ ၆၈ နှစ်အထိ အစိုးရကတရားဝင်ကြေညာပြီး တိုးပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒီလုပ်သက်စံချိန်သစ်ကိုလဲ မိမိချိုးခဲ့ရသေးတာပါ။













အလုပ်ကအနားယူဖို့အရေးကလဲ Allied Health Profession(AHP)အဖွဲ့ညွှန်ကြားရေးမှူးက "မစ္စတာ

အေး တပတ်ကို ၃ ရက်ပဲ အချိန်ပြည့်လာလုပ်ပေးပါလား။ ဒါမှမဟုတ် မနက်ခင်းတပိုင်းကို နေ့စဉ်လာ

လုပ်ပေးပါဦးလား"စသဖြင့်အမျိုးမျိုးဈေးဆစ်နေတဲ့ကြားက တောင်းတောင်းပန်ပန်နဲ့ဇွတ်ကြီးကိုငြင်း

ပြီးထွက်ခဲ့ရတော့တာ။ 

ဒါတောင် AHP Director က အလုပ်ကအနားယူသွားပေမယ့် MINDSကလိုအပ်တဲ့အခါတွေမှာ တခါ

တခါတော့ပြန်လာပြီးလုပ်ပေးရမယ်ဆိုလို့ မိမိလက်ခံသဘောတူခဲ့ရပါသေးတယ်။ 

တကယ်လဲခေါ်လို့ သုံး-လေးကြိမ်လောက် ၂ ပတ် သို့မဟုတ် ၁ လကြာစီ Locum Physiotherapist 

အနေနဲ့ ပြန်သွားပြီး လုပ်ပေးခဲ့ရပါသေးတယ်။ ထန်းတက်လက်မှတ်ရထားမိခဲ့တာများတော့ ပြောကို

မပြောလိုက်ချင်တော့ပါဘူး။ 

အဲ ဆေးရုံမှာလုပ်နေပါပြီဆိုတော့မှပဲ ပြန်အခေါ်မခံရတော့တာ။ သွားပြီး လုပ်မပေးရတော့တာ။ 


မိမိ အခု အချိန်ပိုင်း(Part-time Physiotherapist) လုပ်နေတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီး (Institute 

of Mental Health-IMH)မှာ ယာယီငှားရမ်းအကြောအဆစ်ကုပညာရှင်(Locum Physiotherapist)

အဖြစ် ၂၀၁၈ နှစ်ကုန်ကစပြီး အလုပ်လုပ်တာကလဲ အခုဆိုရင် ဒီမှာအလုပ်လုပ်နေတာ ၅ နှစ်ကြာ

ခဲ့ပြီပဲလေ။ Locum Physiotherapist အနေနဲ့က အချိန်ပြည့်လုပ်ခဲ့ရပါတယ်။




MINDS လို့လူအသိများတဲ့ ဥာဏ်ရည်နိမ့်သူများပြုစုပျိုးထောင်ရေးအဖွဲအစည်း (Movement for 

the Intellectually Disabled of Singapore) အကြောင်းကိုပဲ ဆက်ပြောပါမယ်။ 

တနည်းပြောရရင် မိမိအပေါ်မှာရှိခဲ့တဲ့ MINDS ရဲ့ ကျေးဇူးတရားများကိုအောက်မေ့ကြည့်တာပါ။ 


တချို့ ကိုပဲ ဥပမာထားပြောကြည့်ပါမယ်။


မိမိ၏မူရင်းလစာအပြင် Housing allowance ဆိုတာကို ထပ်ဆောင်းပေးပါတယ်။ မိမိအတွက်ဒေါ်

လာ ၆၀၀နဲ့ မိသားစုအတွက် ဒေါ်လာ ၆၀၀၊ စုစုပေါင်း ဒေါ်လာ ၁၂၀၀ လစဉ် အပိုရခဲ့ပါတယ်။ 

ထိုစဉ်က Lakeside ဘူတာနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ Block 518  ၄ ထပ်က 3-Room flat ကို မိမိ

တို့မိသားစုအတွက် တအိမ်လုံးငှားတာ တလကိုဒေါ်လာလေးရာကျော်လောက်ပဲပေးခဲ့ရပါတယ်။ 

တကြိမ်တခါမှ လူငှားတင်မထားဘဲ နေထိုင်ခဲ့တာပါ။ 

ပြောချင်တာက ရတဲ့လခနဲ့နေလို့ရတဲ့ခေတ်ကာလဆိုတာပါပဲ။ 




၁၉၉၃ နှစ်ကုန်ခါနီးမှာ PR (Permanent Resident) ရလို့ Block 518  ၁၃ ထပ်က 4-Room A flat ကို

ဝယ်ဖြစ်ခဲ့ပါတယ်။

နောက်တခါမှာ ၁၉၉၀ ခုနှစ် မေလက မိမိ စင်ကာပူကိုရောက်ပြီး အောက်တိုဘာလမှာ မိမိ၏မိသားစု

လိုက်လာတော့ ဇနီးနှင့်ကလေး ၂ ယောက်အတွက်လေယာဉ်ခကို မိမိကမတောင်းရဘဲ MINDS က

အပြည့်အ၀ကျခံပေးပါတယ်။

ပြီတော့ မိသားစုကို လေဆိပ်မှာသွားကြိုဖို့အတွက်လဲ Tampines Home(MINDS)က Social Worker 

မစ္စတာ'ဂျေ'ကို အဲဒီကအလုပ်ကားနဲ့ကူညီကြိုပေးဖို့ခွင့်ပြုပေးခဲ့ပါသေးတယ်။ 


ဒါ့အပြင် အာရှ(ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်)၊ ဥရောပ(ဖင်လန်၊ နယ်သာလန်)နဲ့တောင်အာဖရိကနိုင်ငံမှာ

ကျင်းပခဲ့သည့်ညီလာခံတွေကိုသွားတက်ဖို့ရယ်၊ မိမိ၏သုတေသနစာတမ်းများဖတ်ကြားဖို့ အခွင့်အ

ရေးတွေပေးတဲ့အပြင် ညီလာခံမှတ်ပုံတင်ကြေး၊ လေယာဉ်၊ ဟိုတယ်နဲ့နေ့စဉ်အသုံးစရိတ်များကိုလဲ 

အပြည့်အ၀ထောက်ပံ့ပေးခဲ့သေးတာ။






ဒါတွေ ဒါတွေကြောင့် ကျေးဇူးကမ္ဘာပါနော် MINDS ရေ။   






No comments:

Post a Comment