"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, February 16, 2024

သတ်ဖြတ်ခြင်းနှင့်ကယ်ဆယ်ခြင်း

 


သူ့ကိုယ်သူ အမျိုး ဘာသာ သာသနာပြုမင်းဆိုသူကြီးရဲ့ 
မျက်စိရှေ့ မှာပဲ လက်လွတ်စပယ်ကြီးကိုဖြစ်သွားခဲ့တာ။



အခုဘ၀နဲ့နောင်သံသရာအဆက်ဆက်မှာ 
မခံရဲတာမရှိ
တ၀ကြီးမြိန်ရေရှက်ရေ ခံလိုက်ပေအုံးတော့ပေါ့ကွာ။




***


          



 

ဒီကနေ့ သတင်း ၂ ပုဒ်ကို တချိန်တည်းဖတ်ရသည်။

တပုဒ်က စိတ်မကောင်းစရာပါ။
၁၉၉၆ ခုနှစ်ကကျောင်းသားလှုပ်ရှားမှုများတွင် ရဲရဲတောက်ပါဝင်လှုပ်ရှားခဲ့သဖြင့် စစ်တပ်၏မတရား
ထောင်ဒဏ် ၂၄ နှစ်ကျခံနေရသော "နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး"ကို စစ်ကောင်စီက ရက်
စက်စွာ အကြောင်းမဲ့ပစ်သတ်ခဲ့ပြီး မိဖမောင်ဘွားများ သက်ရှိထင်ရှားရှိနေသည်ကိုသိလျက်ဖြင့် လူ
မသိသူမသိ ပိုင်ရှင်မဲ့အလောင်းတလောင်းအဖြစ် သဂြိုလ်ပစ်လိုက်ခြင်းဖြစ်သည်။













လူငယ်များ၏တောက်ပသည့်အနာဂတ်တွေကို
မိုက်ကန်းအောက်တန်းကျစွာ ရိုက်ချိုးပစ်သည်။
လူငယ်များ၏ဘ၀နှင့်အသက်တို့ကို အညွှန့်ချိုးသတ်ပစ်သည်။
အဲဒါ အမျိုးယုတ်စစ်ကောင်စီ

































နောက်သတင်းတပုဒ်ကတော့ ...

သုတို့ကိုယ်ကိုသူတို့ စတဲန်းဒတ်အာမီ (Standard army)ဟု လေလုံးထွားခဲ့သလောက် အခြားတဖက်
မှာက တိုက်တိုင်းခွက်ခွက်လန်ရှုံးလားရှုံး၊ တိုင်းရင်းသားတပ်နှင့် PDF တော်လှန်ရေးစစ်သည်များနှင့်
ရင်ဆိုင်ရလေတိုင်း မျက်ကလဲဆန်ပျာ အလံဖြူထောင်လားထောင်၊ ရင်ဆိုင်မတိုက်ရဲဘဲ လက်နက်ချ
ချင်တိုင်းချကြ၊ ခြေဦးတဲ့ရာကို သွေးရူးသွေးတန်းအသက်လုထွက်ပြေးလားပြေးနေသည့်စစ်ကောင်စီ
က ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအစရှိသည့် ဟိုဟာမှူးဒီဟာမှူးဆိုသောအရာရှိနှင့်စစ်သားတွေကို ရက္ခိုင့်
တပ်တော်မှစစ်သည်များက လူသားချင်းစာနာစွာ စစ်ကျင့်ဝတ်သိက္ခာနှင့်အညီ နှလုံးသားကြီးကြီးဖြင့်
ရေထဲက ဆယ်ယူကယ်ပေးနေကြသည့်သတင်း(အောက်ပုံ)ဖြစ်သည်။







   

















No comments:

Post a Comment