"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, February 3, 2024

စင်ကာပူNUHဆေးရုံ အေအိုင်ဖြင့်ရောဂါရှာနိုင်ပြီ

 












အမျိုးသားတက္ကသိုလ်ဆေးရုံ(National University Hospital - NUH)မှ ဆရာဝန်များသည် ဥာဏ်
ရည်တု(Artificial intelligence-AI) ရောဂါစစ်ဆေးရေးကရိယာကိုအသုံးပြုပြီး လေဖြတ်လူနာများ 
၏အရေးပေါ်အခြေအနေကို တစ်မိနစ်ပင်မကြာစေပဲသိရှိပြီး အချိန်မီကုသမှုပေးနေပြီဖြစ်သည်။ 

ထိုကြောင့် အချိန်ကြာမြင့်ဖင့်နှေးခြင်းကြောင့်ဖြစ်လာနိုင်သည့် မသန်စွမ်းမှုကြီးကြီးမားမားဖြစ်ခြင်း
နှင့်သေဆုံးခြင်းတို့ကိုရှောင်လွှဲကာ အရေးပေါ်ကုသမှုပေးရန်အချိန်ပိုရရှိလာသည်။ 

ဥပမာ၊ လူနာ၏ဦးနှောက်အတွင်းမှအဓိကသွေးကြောကြီးအတွင်းသွေးခဲဖတ်ပိတ်ဆို့သဖြင့်ဖြစ်လာ
သည့်လေဖြတ်ခြင်း(acute ischaemic stroke)ကို စောစီးစွာသိရှိခြင်းကြောင့် ယင်းပိတ်ဆို့မှုအားဖွင့်
ပေး(Endovascular treatment)လျက်အောက်ဆီဂျင်နှင့်အာဟာရပြတ်တောက်မှုမရှိစေပဲ ဦးနှောက်
ဆဲလ်များသေကျေပျက်စီးခြင်းမှကာကွယ်နိုင်လာပြီဖြစ်သည်။ 

ယင်းနှင့်ပတ်သက်ပြီး NUHမှ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအကြီးတန်းအတိုင်ပင်ခံဆရာဝန်ကြီး 
ဒေါက်တာ'လဲနပ်ယိုး'က "ဦးနှောက်ရဲ့ သွေးကြောအတွင်းမှာ သွေးခဲဖတ်ပိတ်ဆို့နေတာကို မဖွင့်ပေး
ဘူးဆိုရင် တမိနစ်ကြာတိုင်း ကြာတိုင်း ဦးနှောက်ဆဲလ်အရေအတွက် ၁.၉ သန်း သေကျေပျက်စီးကြ 
ရပါတယ်၊ ဒါကြောင့်ပိတ်ဆို့နေတဲ့သွေးကြောကို မြန်နိုင်သလောက်မြန်မြန်ဖွင့်ပေးနိုင်လေလေ လူနာ
အခြေအနေကောင်းလေလေပါပဲ" ဟုရှင်းပြခဲ့သည်။

 







No comments:

Post a Comment