"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, February 5, 2024

တသက်လုံးရယ်တဲ့ ဖတ်မှတ်လေ့လာ

 









ကျနော်တို့အားလုံး ကျနော်တို့ရဲ့ ပညာရေးနောက်ခံအခြေအနေ(educational backgrounds)တွေထဲ

မှာပဲ ပိတ်လှောင်မိနေကြတာဖြစ်တယ်။

ကျနော်တို့ကျောင်းကထွက်လာတော့ သင်ယူလာတဲ့ပညာရပ်နယ်ပယ်လောက်ကိုပဲသိတာလေ။ အဲ

ဒါကလွဲလို့ တခြားသောသိပ္ပံပညာရပ်တွေအကြောင်းဆိုရင် ဘာမှသိကြတာမဟုတ်ဘူး။ ဒီတော့က

ကျနော်တို့ရဲ့ လုပ်ကိုင်နိုင်စွမ်းက အကန့်အသတ်ရှိနေတာ အသေအချာပဲ။   

ဒီအခြေအနေကိုကျော်လွှားနိုင်ဖို့က ပညာရပ်အသစ်တခုခုကို နေ့စဉ်နေ့တိုင်းလေ့လာသင်ယူနေဖို့လို

လာပါတယ်။ 

ကျနော်ရဲ့ ဘွဲ့ ရကျာင်းသားတွေကို ကျနော်အမြဲမှာကြားလေ့ရှိတာက "မောင်တို့မယ်တို့ အခုကျောင်း

ကရရှိသွားတဲ့ပညာဆိုတာက ဘွဲ့ ရပြီးကျောင်းကထွက်သွားကြတဲ့နောက်ပိုင်းမှာ မိမိဖာသာဆက်ပြီး

သင်ယူလေ့လာကြဖို့အတွက်ပဲဖြစ်တယ်"လို့ပါ။


ကျနော်ဆိုရင် ကျနော်တသက်လုံးအသုံးပြုလာခဲ့တာတွေအတော်များများဟာ ကျနော်ကျောင်းဆင်း

ပြီးနောက်မှ တည်ထွင်လာခဲ့တာတွေဖြစ်တယ်။ 

ဒါကြောင့် နောက်ဆုံးပေါ်အသိပညာတွေနဲ့အမြဲလိုလိုထိတွေ့ မှုရှိနေစေနိုင်ဖို့ စဉ်ဆက်မပြတ်ကိုဖတ်

မှတ်လေ့လာနေရတာပဲလေ။ 

(ပါမောက္ခ Louis E. Brus ၂၀၂၃ ခုနှစ် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုရှင်၊ ကိုလမ်ဘီယာတက္ကသိုလ်၊ 

မေရိကန်)                                    


















No comments:

Post a Comment