"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, February 15, 2024

အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား (၄)

 


အားကစားလေ့ကျင့်လိုက်စားခြင်း အမျိုးမျိုးရှိကြသည့်အထဲတွင် မိမိအကြိုက်နှစ်သက်ဆုံးအားက

စားတခုသည်ကိုပြောပါဟုမေးလာခဲ့သော် လက်ဝှေ့ထိုးကစားခြင်း(Boxing)ဟု မိမိ မတုံ့မဆိုင်းဘဲ

အသအချာဖြေမိပါမည်။

လက်ဝှေ့ထိုးကစားခြင်းကို ကြည့်ရှုဖို့လည်းနှစ်သက်သည်။

ကိုယ်တိုင်ပါဝင်ထိုးသတ်ကစားရန်လည်းနှစ်သက်ခဲ့သည့်အလျောက် တတ်ကျွမ်းသည့်ဆရာနှင့်

လက်တွေ့လေ့ကျင့်သင်ကြားကစားခဲ့ဖူးပါသည်။ 


မိမိတို့လက်ဝှေ့ကစားခဲ့သည့် ၁၉၆၀ ခုနှစ်ကာလများက ယခုခေတ်ကဲ့သို့ လက်ဝှေ့ကစားနည်းကို

ကျန်းမာရေးအတွက် လေ့ကျင့်ကစားခြင်းမျိုး(full-body workout)မရှိဘဲ စင်ပေါ်မှာပြိုင်ပွဲဝင်ထိုး

သတ်ကစားရသည့် Amateur boxing မျိုးသာရှိပါသည်။ 


 မိမိ ဒုတိယမြောက်စိတ်ဝင်စားအနှစ်သက်ဆုံးအားကစားမှာ အလေးမကစားခြင်းဖြစ်သည်။ 

ဤအားကစားကိုတော့ ခန္ဓာကိုယ်ကျန်းမာကြံ့ ခိုင်ရေးအတွက်သာ မိမိပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲ

ဝင်ရန်အတွက် ရည်ရွယ်ခဲ့ခြင်းမရှိပါ။

Amateur boxing  ကို ၂ နှစ်သာကစားခဲ့ဖူးသော်လည်း အလေမကစားခြင်းကဲ့သို့သောကိုယ်

လက်ကြံ့ ခိုင်ရေးလ့ကျင့်မှုများကိုကား အမြဲလိုလိုကစားဖြစ်ခဲ့ပါသည်။






















No comments:

Post a Comment