"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 26, 2011

ဗုဒ္ဓမြတ်စွယ်တော် ဖူးမျှော်မ၀ လှူဒါန်းမဆုံး

ဓါတ်ပုံ - The New Light of Myanmar။

ဒီကနေ့မြန်မာနိုင်ငံမှာ ရဟန်းရှင်လူပြည်သူအများအပြားတို့သည် တရုတ်ပြည်ကနေ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက်ပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို နေ့စဉ်မပြတ်လာရောက်ဖူးမျှော်လျက်ရှိ နေကြပါတယ်။ မိမိတို့တတ်အားသ၍ လှူဒါန်းခြင်းများလည်း ပြုလုပ်လျက်ရှိနေကြပါတယ်။

ဓါတ်ပုံ -The New Light of Myanmar။

ဗုဒ္ဓမြတ်စွယ်တော်သည် ပထမက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်လိုဏ်အတွင်း အရှေ့ အရပ်ရှိ မဟာမဏိမယ ဂေါတမဗုဒ္ဓပ#dမာရတနာ ကျောက်စိမ်းရုပ်ပွားတော်မြတ်ရှေ့ ü နိုဝင်ဘာ ၂၁ ရက်နေ့ထိ သီတင်းသုံးခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့တွင် နေပြည်တော်မှ ရန်ကုန်မြို့ သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအ ခါ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းü သီတင်းသုံးမူနေပါတယ်။
 

ဓါတ်ပုံ - The New Light of Myanmar ။

ဗုဒ္ဓမြတ်စွယ်တော်ကို နံနက်မိုးလင်းမှ ညပိုင်းအထိ နေ့စဉ်မပြတ် စည်ကားသိုက်မြိုက်စွာလာရောက်ဖူး မျှော်ပူဇော်ကြသည့် ဘာသာတရားရိုသေကိုင်းရှိုင်းမှုရှိလှသော မြန်မာလူမျိုးများအားတွေ့မြင်ရသည့် တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌလည်းဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ရေးဥက္ကဋ္ဌလည်းဖြစ်သည့် Ven. Chuan Yinနဲ့ သာသနာရေးဗြူရိုညွှန်ကြားရေးမှူးချုပ် Mr Cong Guo Qing တို့က အတော်လေးကို အံ့ သြ၀မ်းသာပီတိဖြစ်ကြရတယ်လို့ သိရှိရပါတယ်။   


No comments:

Post a Comment