"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 26, 2011

ပြည်မြန်မာ သတင်းတိုထွာ


၂ ရက် ဒီဇင်ဘာ ၂၀၁၁။                                               နတ်တော်လဆန်း ၇ ရက် ၁၃၇၃ ခုနှစ်။

ကျွန်တော် ပြန်ကချင်ပါတယ်လို့ပြောတဲ့ ဇာဂနာ

လာမည့်လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ဇာဂနာနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ အကဲ ဖြတ်ဒိုင်လုပ်ကြမယ့်လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ သီးလေးသီးတို့နဲ့အတူ စွယ်စုံရအနုပညာ ရှင်လို့နာမည်ရနေတဲ့ဇာဂနာက ပါဝင်ကပြမယ်လို့ ကြားသိရပါတယ်။   


၁ ရက် ဒီဇင်ဘာ ၂၀၁၁။                                               

သောက်တော်ရေခွက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံရိပ်ပေါ်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ် မဉ္ဇူသကလမ်းနေ ဦးထွန်းလှ၏နေအိမ်ကဘုရားစင်မှာရှိတဲ့သောက်တော် ရေခွက်တွင် နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က တရုတ်ပြည်ကပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်ပေါ်နေသဖြင့် လာရောက်ဖူးမျှော်သူများ စည်ကားလျက်ရှိတယ်ဆိုပါတယ်။   

အဲဒီဗုဒ္ဓမြတ်စွယ်တော်ပုံရိပ်ပေါ်ရာသို့ ဒေသအာဏာပိုင်များ၊ ရုပ်မြင်သံကြားနှင့် ဂျာနယ်သတင်းထောက် များ သွားရောက်ကြပြီး သောက်တော်ရေခွက်ကိုသွန်မှေက်စစ်ဆေးကြည့်ရာ ဘာမှမတွေ့ရဟုဆိုပါတယ်။ သောက်တော်ရေပြန်ကပ်တဲ့အခါ မြတ်စွယ်တော်ပုံရိပ်ပေါ်မြဲပေါ်နေကြောင်း သိရှိရပါတယ်။    


မြန်မာ့အလင်းသတင်းစာ။ ၂၆ ရက် နိုဝင်ဘာ ၂၀၁၁။

.............


၃၀ ရက် နိုဝင်ဘာ ၂၀၁၁။

မဲဆောက်မှာ စာပေဟောပြောပွဲ ကျင်းပမယ် 

 
ဓါတ်ပုံ - မိုးမခ။

မြန်မာပြည်က စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ဆရာမ နုနုရည်(အင်းဝ)တို့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပထမဆုံး လာရောက်ဟောပြောမယ့် စာပေဟော ပြောပွဲကို ဒီဇင်ဘာလ ၄ ရက်(တနင်္ဂနွေ)နေ့ ညနေ ၄ နာရီတွင် တောရကျောင်းထဲမှာကျင်းပမယ်လို့ ကြားသိရပါတယ်။

.............


၂၆ ရက် နိုဝင်ဘာ ၂၀၁၁။

ပြည်သူနှင့်တပ်မတော် လက်တွဲကြည်ဖြူ  

ပြည်သူပြည်သားအားလုံးက ပြည်သူတွေဖြစ်ကြသလို တပ်မတော်ကလည်း ပြည်သူထဲကပြည်သူပဲဖြစ် တယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်က ယခုလိုပြောကြားသွားကြောင်း ဖတ်ရှုသိရှိရပါတယ်။

“တပ်မတော်ဆိုတာလည်း ပြည်သူတွေပါပဲ။ ကျွန်မတို့အားလုံးကလည်း ပြည်သူတွေပဲ။ အားလုံးက ပြည် သူအချင်းချင်း ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက် ဘာလို့လက်တွဲမလုပ်နိုင်ရမှာလဲ။ လုပ်နိုင်ရမယ်။”

 
ရန်ကုန်မြို့ တော် ဖွံ့ဖြိုးရေးစီမံကိန်း

အစိုးရရုံးစိုက်ရာနိုင်ငံတော်ရဲ့ မြို့ တော်မဟုတ်တော့တဲ့ စီးပွားရေးမြို့ တော်ရန်ကုန်ကို များပြားလာတဲ့လူ ဦးရေနဲ့လျော်ညီစေပြီး မြို့ အင်္ဂါရပ်များဖြင့် ပြည့်စုံစေဖို့အတွက် အစိုးရ၀န်ကြီးဋ္ဌာနများ၊ NGO များနဲ့လက် တွဲကာ ရန်ကုန်မြို့ တော်ဖွံ့ဖြိုးရေးစီမံကိန်း (Yangon City Development Plan)ကို နှစ်(၃၀)ပြင်ဆင်လုပ် ကိုင်သွားမယ်လို့ သိရပါတယ်။


ရထားလက်မှတ်ခများ  ၃ ဆမှ ၁၀ ဆအထိ တက်ပြီ

ရန်ကုန်မြို့ ပတ်ရထားလက်မှတ်ခနဲ့ ခရီးဝေးသွားရထားလက်မှတ်ခများကို ယခုနှစ်နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ဆမှ ၁၀ ဆအထိ တက်သွားပြီဖြစ်ကြောင်းကို မီးရထားပို့ ဆောင်ရေးဝန်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 



ကြော်ငြာမှာ ဘွဲ့ဖော်ပြချင်သူများ သတိပြုရန်

မင်္ဂလာဆောင်တို့ မွေးနေ့တို့ ဆုမွန်ကောင်းတောင်းပေးတာတို့မှာ မိမိတို့ရဲ့ အမည်နောက်က ဘွဲ့ ထည့် ပြီး ဖော်ပြလေ့ရှိသူများ သတိပြုကြရဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့်တော့ နိုင်ငံခြားကို အလည်အ ပတ်ပဲဖြစ်ဖြစ် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် သွားရန်အစီအစဉ်ရှိသူများဖြစ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ က အဲဒီကြော်ငြာတွေမှာပါတဲ့ဘွဲ့ စာရင်းတွေကို နာမည်တို့ လိပ်စာတို့နဲ့တကွ စာရင်းပြုစုမှတ်တမ်းတင်ထားတာကြောင့်လို့ဆိုပါတယ်။ 

နိုင်ငံကူးလက်မှတ်လျောက်တဲ့အခါမှာ ယခင်လို ၉ တန်းအောင် ၁၀ တန်းအောင်ဆိုပြီး လိမ်လို့မရနိုင် တော့လို့ပါ။

No comments:

Post a Comment