"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 2, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် မြန်မာနိုင်ငံရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်သည် နိုဝင်ဘာ ၃၀ ရက်ညနေ ၄ နာရီခွဲတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပါတယ်။


ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြစဉ်။ (ဓါတ်ပုံ - The New Light of Myanmar)

သမ္မတကြီးဦးသိန်းစိန်နှင့် မစ္စစ်ဟီလာရီ ကလင်တန်။ (ဓါတ်ပုံ - The New Light of Myanmar)


မစ္စစ်ကလင်တန်နဲ့အတူ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်၊ ဒီမိုကရေစီလူ့အ ခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုက်ကယ်ပိုစနာ၊ မြန်မာ နိုင်ငံအထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး မစ္စတာဒဲရစ်မစ်ချယ်တို့ ပါရှိခဲ့ကြပါတယ်။  


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က မစ္စစ်ကလင်တန်နှင့်ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။  


ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ ..... (ဓါတ်ပုံ - The New Light of Myanmar)


No comments:

Post a Comment