"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 17, 2011

မြန်မာပြည်က ပြန်ခဲ့တယ်

မန်မာပြည်အသွား ချန်ဂီလေဆိပ်မှာ။ 


ယခုလ ၄ ရက်နေ့က မြန်မာပြည်ကို မရည်ရွယ်ပဲ ပြန်ဖြစ်ခဲ့တယ်။


"ဒီနှစ်တော့ မပြန်ဖြစ်ဖူး"လို့ "ပြန်ဦးမှာလား"လို့မေးတဲ့သူတိုင်းကို ပြောခဲ့ဖြစ်သေးတာ။ ရက်ရှည် အလုပ် ပိတ်ရက်မှာ ၀န်ထမ်းအနေဖြင့် နိုင်ငံရပ်ခြားကို ခရီးသွား/မသွား ကြိုတင်ရေးဖြည့်သတင်းပေးရတဲ့ ပညာ ရေးဝန်ကြီးဋ္ဌာနက form မှာ ဘယ်မှခရီးမသွားဘူးလို့ ရေးထည့်လိုက်တယ်။ 
ကိုယ့်အထက်လူကြီးကိုလည်း ဒီ ဒီဇင်ဘာလမှာ ခွင့်ရက်ရှည်မယူတော့ဘူး၊ တစ်ပတ်မှာ ၂ ရက်လောက် စီပဲ ခွင့်ယူမယ်လို့ ပြောထားပြီးပြီ။

သို့ပေမယ့် အိမ်ရှင်မရဲ့ "ကြီးမေကြီး" နေထိုင်မကောင်းဘူးဆိုတော့ မပြန်လို့မဖြစ်ပြန်ဘူး။ မထိုင်နိုင်တော့ ဘူး၊ အိပ်ယာပေါ်လဲနေတယ်၊ အစားအစာလဲ မ၀င်တော့ဘူးတဲ့။  

ဒါနဲ့ မိမိတို့ဇနီးမောင်နှံ လေယာဉ်လက်မှတ်ဝယ်ပြီး ကတိုက်ကရိုက်ပဲ သွားခဲ့ကြရတယ်။ ကိုယ်ကြိုက်တဲ့ ရက် ကိုယ်ကြိုက်တဲ့အချိန်တွေ မရွေးနိုင်ဘူး။ ရရာရက် ရရာအချိန်ပဲ သွားနိုင်အောင်စီစဉ်လိုက်ရတယ်။ ဆွေမျိုးတွေ မိတ်ဆွေအပေါင်းအသင်းတွေအတွက် အခါတိုင်းလို လက်ဆောင်ပစ္စည်းတွေလည်း ၀ယ်ချိန် မရခဲ့ဘူး။


















မြန်မာပြည်အသွား ချန်ဂီလေဆိပ်မှာ။

ချန်ဂီလေဆိပ်အတွင်းမှ ခရစ္စမတ်အကြိုပြင်ဆင်ထားရှိမှု အလှပြကွက်တစ်ခု။


စင်ကာပူကနေ မြန်မာပြည်ကို တစ်ခါမှမစီးဘူးတဲ့ ညအချိန်ကြီး လေယာဉ်စီးပြီးသွားဖူးတာ ဒါပထမ ဆုံးပဲ။  ည ၇ နာရီ ၄၀ မိနစ်မှာ စင်ကာပူကထွက်ပြီး ည ၉ နာရီ ၁၅ မိနစ်မှာ ရန်ကုန်ရောက်တယ်။


လေယာဉ်က စင်ကာပူကထွက်တာနဲနဲနောက်ကျလို့ ရန်ကုန်ရောက်တာ နဲနဲလေးနောက်ကျသွားခဲ့တယ်။ ၁၅ မိနစ်လောက်ပါပဲ။ ဟိုကိုရောက်တော့ လာကြိုတဲ့သူတွေပြောပြလို့ ရယ်ရသေးတယ်။ စာရေးသူတို့စီး လာတဲ့လေယာဉ်မဆိုက်ခင်လေးမှာ လေဆိပ်ကကျေညာပါသတဲ့။ ည ၁၁နာရီမှာမှ လေယာဉ်ရောက်မယ် လို့။ ဒါနဲ့ လာကြိုကြတဲ့သူတွေအကြား အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားပါလေကော။ ခဏနေမှ “ဘွာခတ်” ပြီး မကြာခင်ဆိုက်ရောက်မယ့်အကြောင်း ပြန်ပြီးကျေညာခဲ့ပါသတဲ့။

ဇနီးရဲ့အစ်ကိုနဲ့ ယခင်လေဆိပ်စားသောက်ဆိုင်မန်နေဂျာဒေါ်ဒါးဒါးတို့ ခရီးသည်ဆိုက်ရောက်ခန်းထဲမှာ လာကြိုကြတယ်။ အစ်ကိုက ညမှာကားမောင်းမရတာနဲ့ ဦးသောင်းက မောင်းပေးရတယ်။ ဟိုတယ်ကို မသွားသေးပဲ အစ်ကိုတို့အိမ်မှာ အစ်မရဲ့အထူးလက်ရာညစာ ကြက်သားနဲ့အာလူး၊ သရက်သီးသုတ်၊ ပုစွန် တုပ်ကျော်၊ မယ်ဇလီဟင်းချိုနဲ့ အစိမ်းကျော်တို့ကို စကားတပြောပြောနဲ့ မြိန်ရေရှက်ရေစားကြတယ်။ 


မြန်မာပြည်က ပထမဆုံးမြန်မာထမင်းဟင်းလေ။

















စားသောက်ပြီးတဲ့အခါ ဇနီးရဲ့ တူမလေးမစန္ဒာ စီစဉ်ပေးထားတဲ့မြို့ ထဲကဟိုတယ်ကိုသွားခဲ့ကြတယ်။ ဟို တယ် ကလည်း မိမိတို့သွားတိုင်းတည်းခိုနေကြဖြစ်လို့ ၀န်ထမ်းအမျိုးသားအမျိုးသမီးလေးတွေနဲ့ ခင်မင် သိကျွမ်းကြပြီးသား။ လိုလေးသေးမရှိအောင် ၀န်ဆောင်မှုပေးတတ်ကြမြဲ။


ရန်ကုန်ရောက်ပြီးနောက်တစ်နေ့မှာ ကိုကြည်ဇော်ရဲ့ ဇနီးဝေေ၀က ရွှေတိဂုံဘုရားကို သူတို့ကားနဲ့လိုက် ပို့ပေးတယ်။ ဘုရားဖူးပြီးတော့ သံလွင်လမ်းမှာရှိတဲ့ ဝေေ၀တို့အိမ်ကို သွားလည်ကြတယ်။ ကိုကြည်ဇော် က ME ဖြေဖို့စာဖတ်နေတာဖြစ်လို့ ခဏတဖြုတ်ပဲစကားပြောပြီး လှည်းတန်းဈေးဘက်ကို ထွက်ခဲ့ကြပြန် တယ်။ အဲဒီဈေးထဲမှာ အထည်ရောင်းတဲ့ မိမိတို့ဇာတိကန့်ဘလူက အေးအေးဝင်းနဲ့ညိုညိုဝင်းညီအစ်မ တွေရှိကြတယ်။ အေးအေးဝင်းက အညာကိုပြန်နေလို့ မတွေ့ခဲ့ရဘူး။ သူ့ညီမညိုညိုဝင်းကိုပဲတွေ့ခဲ့ရတာ။ သူ့အမပြန်လာတဲ့အခါ မိမိတို့စင်ကာပူကိုမပြန်ခင် နောက်တစ်ခါလာခဲ့ပါဦးတဲ့။ ကန့်ဘလူမုန့်တီ(သုတ်) လုပ်ကျွေးချင်လို့ပါတဲ့။ ဒါပေမယ့် အချိန်မရတာနဲ့ နောက်တစ်ခါမသွားဖြစ်ခဲ့တော့ဘူး။      


လှည်းတန်းကနေမှ The Voice Weekly ဂျာနယ်တိုက်ရှိတဲ့ သမ္မတဟိုတယ်ကိုသွားပြီး အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့တွေ့ပြီး Mr Lee Kuan Yewရဲ့  နောက်ဆုံးလက်ရာစာအုပ်My Lifelong Challenge: Singapore's Bilingual Journey ကို လက်ဆောင်းပေးရင်း စကားစမြည်ပြောဖြစ်တယ်။ သူက သူတို့ ထုတ်ဝေတဲ့ ဒီဇင်ဘာလထုတ် Living Color မဂ္ဂဇင်းနဲ့ ၂၀၁၀ ခုနှစ် ဧပြီလက ကန့်ဘလူမြို့ မှာပြုလုပ်ခဲ့တဲ့ အသက် ၆၀ ပြည့်ပင်စင်ယူသွားကြသော ဆရာဆရာမကြီးများပူဇော်ကန်တော့ပွဲ စီဒီခွေတစ်ခွေတို့ကို မိမိအား လက်ဆောင်ပေးပါတယ်။ 






















မြတ်ရွှေတိဂုံ ဘုရားဖူး


ရွှေတိဂုံရင်ပြင်ရှိ ဘုရားဖူးများ။ (ဓါတ်ပုံ - ဖိုးတာ)

စာရေးသူ၏မွေးနေ့ စနေထောင့်မှာ ရေချမ်းကပ်လှူနေကြသူများ။ (ဓါတ်ပုံ - ဖိုးတာ)








ရွှေတိဂုံစေတီမှ "သိမ်ကြီးဈေးနှစ်ပြားတန်ဆောင်း"။


မြန်မာပြည်ကို ပြန်ရောက်တဲ့အခါတိုင်း ပထမဆုံးလုပ်ဖြစ်တာက သိင်္ဂုတ္တရကုန်းတော်ပေါ်တက်ပြီး ရွှေတိ ဂုံဘုရားဖူးရတာပဲ ဖြစ်တယ်။   


ရန်ကုန်ရောက်တော့ မိတ်ဆွေကိုတင်မြင့်က Traders Hotel မှာ Zimmer ကုမ္ပဏီက Sport Rehabili-tation နဲ့ပတ်သက်ပြီး workshop တစ်ခုလုပ်မယ်၊ အကြောအဆစ်ကုပညာရှင်တွေ (Physiotherapists) လာကြမယ်။ Physical medicine specialist တစ်ချို့ လည်းလာကြလိမ့်မယ်။ လာခဲ့ပါလားလို့ စာရေးသူ အားဖိတ်ပါတယ်။ စာရေးသူက ရောက်စဆိုတော့ အလုပ်များမှာဖြစ်လို့ မလာနိုင်တဲ့အကြောင်းပြောရ တယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ အကြောအဆစ်ကုပညာရှင်ဆရာကြီးဦးထွန်းအောင်ဇံ(MCSP UK)နဲ့ တယ်လီဖုန်းပြောဖြစ်တော့ သူက "ဆရာဦးတင်မောင်အေး လာဖြစ်အောင်လာစေချင်တယ်။ ဆရာ့ကို ကလေးတွေကလည်းတွေ့ချင်နေကြတယ်"လို့ပြောတာနဲ့ ဇနီးနဲ့တိုင်ပင်ပြီး ရောက်သွားဖြစ်ခဲ့တယ်။ 














ဇင်းမားကုမ္ပဏီမှ ကိုယ်စားလှယ်က ရှင်းလင်းပြောပြနေစဉ်။
ဝဲမှ - ဆရာကြီးဦးထွန်းအောင်ဇံ၊ ဗိုလ်မှူးဒေါ်မိမိရီ၊ စာရေးသူ၊ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်တစ်ဦးတို့ Workshop မစ,မီအမှတ်တရ။


ဆူးလေဘုရားလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က Traders Hotelနား ခဏခဏဖြတ်သွားခဲ့ဖူး ပေမယ့် ဟိုတယ်ထဲကို တစ်ခါမှမရောက်ဖူးဘူး။ ဒါ့ကြောင့် အရိုးဆေးရုံမှာလုပ်နေတဲ့ အကြောအဆစ် ကုပညာရှင်သက်ဇာခြည်က “ဆရာ့ကို ကျမကားနဲ့လာကြိုပေးမယ်” လို့ပြောတုန်းက “ဆရာ ကားပါလာ မယ်။ လာကြိုဖို့မလိုဘူး။ ဟိုတယ်ဧည့်ကြိုခန်းမ (lobby)မှာပဲ ဆရာ့ကိုစောင့်ပေးပါ“လို့ ပြောရတယ်။ နေ့ ၁ နာရီထိုးခါနီးမှာ workshop လုပ်မယ့်ဟိုတယ်ကိုရောက်သွားတော့ သက်ဇာခြည်ကိုမတွေ့တာနဲ့ ဖုန်း ဆက်တဲ့အခါ ဆရာကြီးဦးထွန်းအောင်ဇံကိုကားနဲ့ကြိုပြီး ဟိုတယ်ကိုလာနေပြီဖြစ်ကြောင်း သူကပြောပါ တယ်။ စကားပြောမဆုံးခင်မှာ ဟိုတယ်လှေကားဆီလာနေတဲ့ ဆရာဦးကြီးမောင်ကိုတွေ့တာနဲ့ သူနဲ့ပဲ workshop ရှိရာ ပထမထပ်ကိုတက်ခဲ့ကြတယ်။ 


အကြောအဆစ်ကုပညာရှင်အတော်များများရောက်နေကြတာ တွေ့ရတယ်။ ဧည့်သည်ဖြစ်တဲ့စာရေးသူကို တစ်ဦးပြီးတစ်ဦးလာနှုတ်ဆက်ကြ စကားပြောကြ အမှတ်တရဓါတ်ပုံရိုက်ကြနဲ့ ပျော်စ ရာကောင်းလှပါ တယ်။ ၁၀ ဦးမှာ ၈ ဦးလောက်က ကိုယ့်ထက်ငယ်ရွယ်သူများဖြစ်ကြတယ်။    














Cryotherapy ဖြင့် အကြောအဆစ်ထိခိုက်မှုဝေဒနာကုသနည်းအား လက်တွေ့ပြနေစဉ်။


တွေ့ခဲ့သည့် မိတ်ဆွေများနဲ့ ရောက်ခဲ့သည့်နေရာများ


မိမိတို့တည်းခိုတဲ့ဟိုတယ်မှ မနက်စောစောလမ်းလျောက်ပြီး ဆူးလေဘုရားကို သွားဖူးခဲ့ကြတယ်။









 




ဆူးလေဘုရားအနီး မဟာဗန္ဓုလလမ်းထောင့်က သုံးပန်လှလဖက်ရည်ဆိုင်မှာ မိမိကမုန့်တီသုတ်စားပြီး ဇနီးက မုန့်ဟင်းခါးစားတယ်။ ပြီး လဘက်ရည်သောက်ကြတယ်။ စားသောက်ပြီးတော့ ဆူးလေဘုရား ဖက်ကို လမ်းကူးသွားခဲ့ကြတယ်။ ကုန်းကျော်တံတားပေါ်တက်ရမှာပျင်းလို့ အောက်ကပဲ သွားလိုက်ကြ တာ။ စောသေးတော့ ကားတွေရှင်းပါတယ်။ 










သနခါးပါးကွက်လူးထားတဲ့ လဖက်ရည်ဆိုင်က လူငယ်လေးနှစ်ဦးကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သေး တယ်။


သုံးပန်လှမှာ မုံ့တီသုပ်စားကောင်းတဲ့အကြောင်းကို ရွှေဘိုမြို့ မှရန်ကုန်ကို ခေတ္တရောက်နေတဲ့ သူငယ် ချင်းကိုကျော်ဝင်းအားပြောပြတော့ သူလည်းအဲဒီဆိုင်မှာသွားပြီးစားဦးမယ်ဆိုလို့ လိပ်စာပေးခဲ့ရသေး တယ်။ ရွှေဘိုသူရွှေဘိုသားနဲ့ ကန့်ဘလူသူကန့်ဘလူသားတွေက များသောအားဖြင့် ကျွန်တော်တို့အ ခေါ်"မုန့်တီ" (အောက်ပြည်အောက်ရွာကအခေါ် မုန့်တီသုတ်)ကို သိပ်ကြိုက်ကြတာ။ 


ဟိုလွန်ခဲ့တဲ့အနှစ် ၂၀ ကျော်လောက်ကတော့ နန်းကြီး(မုန့်တီ)သုတ်စားချင်ရင် မြေနီကုန်းကဗိုလ်မှူးချုပ် အောင်ကြီးဆိုင်ကို သွားစားလေ့ရှိတယ်။ နန်းကြီးအမျှင်တုတ်တုတ်ကို ငြုတ်ဆီရွဲရွဲ(ရဲရဲ)နဲ့ အပေါ်ဖက်မှာ ကြက်သားမွှာထည့်ထားကာ ပဲမှုန့်မွှေးမွှေးလေးပုံပေးပြီးစားခဲ့ရတာကို သတိရတိုင်း ယနေ့တိုင်သရေကျ မိဆဲပါ။  
















ဆူးလေဘုရား စနေထောင့်မှာ အိမ်ရှင်မ ကန်တော့နေစဉ်။
ဆူးလေဘုရားမှာ အိမ်ရှင်မက၀တ်ပြုကန်တော့နေတုန်း စာရေးသူကဘုရားကိုလှည့်ပတ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ 





မြို့ တော်ခန်မရှေ့ တွင်...။


ဆူးလေဘုရားအား မဟာဗန္ဓုလပန်းခြံဖက်မှ ဖူးတွေ့ရပုံ။



ရန်ကုန်က ရွှေမြို့ တော် ချစ်တီးစားတော်ဆက်မှာ....။


မြန်မာပြည်ကို ရောက်တုန်းရောက်ခိုက်မှာ မြန်မာအိန္ဒိယချစ်တီးအစားအစာကိုလည်း မလွတ်တမ်းစားခဲ့ တယ်။ ကုလားပဲဟင်း(ဒါးလ်)က ပူနွေးပြီးမွှေးနေတာပဲ။ ထမင်းပူပူမှာ ကုလားပဲဟင်းပူပူ ဆမ်းပြီးစားရ တာ မြိန်ရေရှက်ရေပါ။ 


ရန်ကုန်၊ နေပြည်တော်၊ မုဒုံနဲ့ မော်လမြိုင်ခရီးစဉ်မှာ နေပြည်တော်က ဥပ္ပါတသန္တိ စေတီတော်နှင့် သထုံ က ရွှေစာရံဘုရားကို ၀င်ရောက်ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ 


နေပြည်တော်ကိုရောက်ပြီး နောက်တစ်နေ့ညနေပိုင်းမှာ ဇနီးရဲ့ တူမ မစန္ဒာနဲ့တူမောင်ကိုထွေးတို့ မောင်နှ မက ဥပ္ပါတသန္တိဘုရားကိုလိုက်ပို့ပေးကြတယ်။ စာရေးသူက အဖျားလေးရှိနေတာနဲ့ လိုက်မသွားဖြစ်ဘူး။ ဇနီးရဲ့  အကို(ဗိုလ်မှူးကြီးကြည်ထွန်း - ငြိမ်း)ရယ်၊ စာရေးသူရဲ့ ညီ တင်မောင်ထွေးရယ် မိမိတို့ ၃ယောက် ဟိုတယ်မှာ စကားပြောကျန်ခဲ့ကြတယ်။ ညီလေးတင်မောင်ထွေးက သာစည်မှာအစိုးရအလုပ်နဲ့ရှိနေတာ မို့ စာရေးသူခေတ္တရောက်နေတဲ့နေပြည်တော်ကို ကားစီးလုံးငှားခဲ့ပြီး သူ့မိသားတစ်စုလုံးလာတွေ့ကြတာ။ 



















ဥပ္ပါတသန္တိ စေတီတော်။


ဥပ္ပါတသန္တိဘုရားရင်ပြင်တော်မှာ အမှတ်တရ။



ဘုရားဖူးရင်း ဆင်ဖြူတော်ကိုလည်း ၀င်ကြည့်ခဲ့ကြသေးတယ်။

ဟိုတယ်အခန်းထဲမှာ ညီအကိုမောင်နှမများ စကားလက်ဆုံကျနေကြစဉ်။


နေပြည်တော်ရှိ တုံဂပူရီဟိုတယ်အတွင်းက ပန်းချီကားချပ်ကြီးရှေ့ မှာ အမှတ်တရ။

ပေါင်မြို့ နယ်နဲ့ သထုံမြို့ နယ်ကြားက ကားလမ်းတွေပါ။ ချောလို့ ... မွေ့လို့ ..။




သထုံရွှေစာရံဘုရား။

သထုံရွှေစာရံဘုရားမှာ ပန်းကပ်လှူပူဇော်ခဲ့။





ဇနီးဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မုဒုံနဲ့ မော်လမြိုင်မြို့ ကအပြန်ခရီးမှာတော့ ပဲခူးအထွက်ကရွှေအုန်းပင်ဆိုင်မှာ မြန်မာထမင်းဟင်းနဲ့အစားအစာကောင်းတွေ (ငါးရံ့ အူဟင်း၊ ဆိတ်သားဟင်း၊ ကြက်သားဟင်း၊ ငါးရံ့  ခြောက်ဖုတ်၊ မုံလာဥချဉ်ရည်ဟင်း)ကို စိတ်တိုင်းကျစားခဲ့ကြတယ်။ ရွှေအုန်းပင်ဆိုင်မှာ လွန်ခဲ့တဲ့ ၃ နှစ် က တစ်ခါစားဖူးခဲ့သေးတယ်။   


နောက်တစ်နေ့မှာတော့ ကားဆရာကိုရဲထွန်းနောင်ကို အာဇာနည်ဗိမာန်နားက ရွှေဘဆိုင်အပို့ခိုင်းပြီး ကြက်သားကြော်ချက်၊ ငါးရံ့ အူဟင်း၊ ငါးရှဥ့်ဟင်း၊ ပုဇွန်သုတ်နဲ့ မြင်းခွာရွက်သုတ်တွေ စားကြတယ်။    





မုဒုံကန်ကြီးဘုရား။


ကန်ကြီးဘုရားတွင် ငယ်သူငယ်ချင်းများနှင့်အတူ အိမ်ရှင်မမှ ရေချမ်းကပ်လှူခဲ့။


ကန်ကြီးဘုရားတန်ဆောင်း။






မုဒုံကိုရောက်တဲ့အခါတိုင်း မိမိနဲ့ဇနီးဖြစ်သူတို့ လူပျိုအပျိုဘ၀မှာ နဖူးစာရွာလည်ပြီးတွေ့ဆုံခဲ့ကြတဲ့ ကန် ကြီးဘုရားကို အမှတ်တရ ရောက်အောင်သွားလေ့ရှိကြတယ်။ မိမိတို့နှစ်ဦးက ကန်ကြီးဘုရားရဲ့ အရှေ့  ဖက်တန်ဆောင်းနားက ငုပင်အောက်မှာ ပထမဦးဆုံးစပြီးတွေ့ခဲ့ကြတာ။ အခု အဲဒီငုပင်က မရှိရှာတော့ ဘူး။ ပုံမှာမြင်ရတဲ့အတိုင်း အနားကညောင်ပင်ကြီးပဲရှိတော့တာ။ မိမိတို့နဲ့အတူပါလာတဲ့ ဇနီးရဲ့ သူငယ် ချင်း အပျိုကြီးမသုံးဦးအဖို့ ရယ်စရာစကား ပြောစမှတ်ဖြစ်သွားရတယ်။ ငုပင်ကြီးမရှိတော့ သူတို့အားလုံး ယောကျာင်္း မရနိုင်တော့ဘူးတဲ့လေ။         


မုဒုံမှာ ဆွမ်းကပ်လှူ

စင်ကာပူကနေမသွားခင်ကတည်းက မုဒုံမှာရှိနေတဲ့ညီမများထံ ဖုန်းဆက်ပြီး ဘုန်းကြီးငါးပါးကို အာရုံဆွမ်းကပ်မယ့်အကြောင်းနဲ့ ဘိုးဘွားရိပ်သာမှအဖိုးအဘွားတွေအတွက်ပါ ပို့ပေးမယ့်အကြောင်း အိမ်ရှင်မက ကြိုတင်ပြောပြထားခဲ့တယ်။ လိုအပ်တာ တွေ ၀ယ်ခြမ်းပြင်ဆင်ထားဖို့လည်း စီစဉ်ပေးရတယ်။  






ရဟန်းသံဃာများ အာရုံဆွမ်းဘုန်းပေးကြစဉ်။


ရဟန်းသံဃာများ အချိုပွဲဘုန်းပေးကြစဉ်။

'ကြီးမေကြီ'းအနားမှာ ဇနီးနဲ့သူ့ညီမနှစ်ဦး ၀န်းရံထားကြလျက်...။ 

ရပ်ရွာထဲက ဆွမ်းကျွေးအကူမိတ်ဆွေများ။


ဝေလီဝေလင်းမှာ အိုးသူကြီးရဲ့  မုန့်ဟင်းခါးအိုး။

မုဒုံဘိုးဘွားရိပ်သာမှာ မုန့်ဟင်းခါးအလှူ။


မော်လမြိုင် စာပေဟောပြောပွဲ



မော်လမြိုင်မြို့ တစ်နေရာက စာပေဟောပြောပွဲဆိုင်းဘုတ်။



မော်လမြိုင်ကိုရောက်ပြီးနောက်တစ်နေ့မှာ မိတ်ဆွေဆရာဦးခင်ထွန်းထံ ဖုန်းဆက်တော့ သတင်းကောင်း တစ်ခုကြားရတယ်။




မောင်ငံရပ်မှာရှိတဲ့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်အတွင်းက ဟောပြောပွဲအပြင်အဆင်။


"ခင်ဗျားရောက်နေတုန်း ဒီမှာစာပေဟောပြောပွဲရှိတယ်ဗျ။ မနက်ဖန်မှာ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာမကြီးဒေ၀ီသန့်စင်တို့ စပြီးဟောပြောကြမယ်"လို့ ဦးခင်ထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီစာပေဟောပြောပွဲကြီးကို ဦးခင်ထွန်းကပဲ ဦးဆောင်ဦးရွက်ပြုပြီးလုပ်ခဲ့တာ။ ဒီနှစ်ဆန်းက သူနဲ့ မလေး ရှားနိုင်ငံ ကွာလာလန်ပူမြို့ မှာတွေ့ကြတုန်းကလည်း သူက အဲဒီစာပေဟောပြောပွဲအကြောင်း မိမိအား ပြောပြခဲ့သေးတယ်။  





ဆရာလယ်တွင်းသားစောချစ်(အလယ်)အား ဆရာဦးခင်ထွန်း(ယာ)မှ ကြိုဆိုလာစဉ်။


ဆရာလယ်တွင်းသားစောချစ် ဟောပြောနေစဉ်။

ဦးခင်ထွန်းအိမ်ကို အလည်ရောက်ရင်း စာပေဟောပြောပွဲအကြောင်းပြောကြတော့ ဦးခင်ထွန်းရဲ့ ဇနီး မမခင်က "ဒီကို ဦးတင်မောင်အေးလာမယ်မှန်းကြိုသိရင် ဦးတင်မောင်အေးကိုပါ ထည့်ပြီးဟောပြော ခိုင်းရရင်ကောင်းမှာ" လို့ပြောပါတယ်။








ဖွားအုန်းရွှေ


အသက် ၉၉ နှစ်ရှိပြီး ကျန်းကျန်းမာမာ သွားသွားလာလာရှိဆဲ ဖွားအုန်းရွှေနဲ့အမှတ်တရ။




မိမိတို့ဇာတိမြို့ က မိတ်ဆွေကိုသောင်းကြည် စင်ကာပူကိုလာသွားတုန်းက အသက်တစ်ရာပြည့်ခါ နီးပေ မယ့် ကျန်းမာရေးကောင်းနေဆဲဖြစ်တဲ့ ဖွားဖွားဒေါ်အုန်းရွှေအကြောင်းကိုပြောပြသွားလို့ နောက်တစ်ခါ မြန်မာပြည် ကိုပြန်လာတဲ့အခါ ဖွားအုန်းရွှေအား သွားရောက်ကန်တော့လိုကြောင်း ပြောခဲ့ဖြစ်တယ်။ 


ဒါကြောင့်အခုတစ်ခေါက်ရန်ကုန်ရောက်တော့ ကိုသောင်းကြည်အားဖုန်းဆက်ပြီး ဖွားအုန်းရွှေထံပို့ပေးဖို့ အကူအညီ တောင်းရတယ်။ သူကလည်းကတိပေးထားတဲ့အတိုင်းလိုလိုချင်ချင်ပို့ပေးရှာပါတယ်။ သူက ကားတစ်စီး၊ စာရေးသူတို့က ကားတစ်စီးဖြစ်နေလို့ သူ့ကားကို ဆောက်လုပ်ရေးရုံးချုပ်မှာထားခဲ့ပြီး ကား တစ်စီးနဲ့ ဖွားအုန်းရွှေရှိရာ အင်းစိန်ကိုသွားခဲ့  ကြတယ်။ ဟိုရောက်တော့ ဖွားအုန်းရွှေနဲ့သမီးမမသောင်း (ဒေါက်တာဒေါ်သောင်းခင်)တို့ကိုတွေ့ရတယ်။ ဖွားအုန်းရွှေရဲ့  ခင်ပွန်းဖြစ်သူ ဆရာကြီးဦးဘနွယ်ရဲ့ ဖခင် က စာရေးသူရဲ့ အမေဖက်ကအဖွားနဲ့ မောင်နှမအရင်းတော်တာလို့ အဖွားက ဆွေမျိုးစပ်ပြသေးတယ်။ ကန့်ဘလူကဆွေမျိုးတွေအကြောင်းပြောကြပြီး အမှတ်တရဓါတ်ပုံလည်းရိုက်ခဲ့တယ်။

















1 comments:


Robert said...
Thanks so much for this posting of Myanmar trip, Saya Aye! It's great and interesting just like the writing of former Saya "Theik-Pan Maung Wa". It flows smoothly and nicely! (Robert Tin)

No comments:

Post a Comment