"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 9, 2023

စပ်မိစပ်ရာများ (၂) - ဖြူသီ မို့မို့ ရာဇာဝင်းတင့် {1}

 



အခုတလော ဖေ့စ်ဘွတ်မှာစာမျက်နှာများမှာ အဆိုတော်ဖြူသီတို့သားအမိနဲ့ ရာဇာဝင်းတင့်တို့ရဲ့ သီဆို
တင်ဆက်မှုလေးတွေကို မကြာခဏတွေ့မြင်နေရတော့ စင်ကာပူနိုင်ငံကိုမထွက်လာမီနှစ်များက သူတို့
နှင့်သိကျွမ်းခင်မင်ရင်နှီးခဲ့ရတာကို အမှတ်တရရှိမိပါတယ်။

အဲဒီအချိန်ကာလတွေတုန်းက အဆိုတော်ဖြူသီ၏ခင်ပွန်းဖြစ်သူ ဦးအောင်မြင့်ရဲ့ မိဖများ၏လုပ်ငန်းဖြစ်
တဲ့ လူပျံတော်ပတ္တမြားသွေးဆေး(အမှုန့်/အဆီ)က အထူးအောင်မြင်ကျော်ကြားခဲ့သလို အဆိုတော်ဖြူ
သီရဲ့ သီချင်းများကလဲ လူကြိုက်များရေပန်းစားနေတဲ့အချိန်လဲဖြစ်နေခဲ့ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန် ကြည့်မြင်တိုင်ရှိ အရိုးရောဂါအထူးကုဆေး
ရုံကြီးကို ၁၉၈၁ ခုနှစ်နှစ်ကုန်လောက်က  မိမိ ပြောင်းရွေ့ လာပြီးတဲ့အချိန်တုန်းကပါ။ 

အဲဒီအချိန်က မိမိက ရွှေဘုံသာလမ်း အထက်ဘလောက်မှာရှိတဲ့ အောင်ရတနာဆေးခန်မှာ ညနေပိုင်း
ဆေးခန်းထိုင်ခဲ့တာပါ။ ဆေးခန်းကိုဦးစီးလုပ်ကိုင်တဲ့ ဦးအောင်သိန်းက ဆက်သွယ်ပေးတာကြောင့် ဒေါ်
ဖြူသီ၏အမေနှင့်ယောက္ခမ ၂ ဦးကို ၂ နှစ်ကျော် ၃နှစ်ကြာ အိမ်လူနာတွေအဖြစ်းသွားရောက်ကုသပေး
ခဲ့ရတာ။   






ဒေါ်ဖြူသီ၏ခင်ပွန်းဦးအောင်မြင့်ရဲ့ မိခင် ဒေါ်ငြိမ်းငြိမ်းက ဗဟန်းမြို့ နယ်မှာရှိတဲ့ တာဝါလိန်းလမ်း(ယ
ခုအခေါ် ဗိုလ်ချုပ်ပြတိုက်လမ်း)ကခြံထဲမှာ သူ့သားမိသားစုနှင့်အတူနေထိုင်ပါတယ်။ ဒေါ်ဖြူသီ၏မိ
ခင်ဒေါ်ကျင်ရွှေက ဒေါ်ဖြူသီ၏အမမိသားစုနဲ့ ကမာရွတ် ဦးထွန်းလင်းခြံလမ်းမှာနေတာပါ။ ဦးအောင်
မြင့်၏ဖခင်ဦးမောင်မောင်က မရှိရှာတော့ပါဘူး။

မိမိက ဒီအဖွား ၂ ဦးကို အကြောအဆစ်နဲ့သက်ဆိုင်သည့်ကုသမှုများပြုလုပ်ပေးရတာဖြစ်လို့ အဖွား
၂ ဦး၏မိသားစုဝင်များနဲ့ပါ ရင်းနှီးခဲ့တာ။ 

ဒီနေရာမှာ တခုကြွားချင်မိတာကတော့ မိမိကို အရိုးရောဂါကုဆေးရုံမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ ဆေး
ခန်းတွေမှာဖြစ်စေ ကားနဲ့ မှန်မှန်အကြိုအပို့လုပ်ပေးတာဖြစ်လို့ ကားအမျိုးအစားကောင်းအမျိုးမျိုးစီး
ခဲ့ရတာပဲဖြစ်ပါတယ်။ 
အဲဒီအချိန်က လူပျံတော်ပတ္တမြားဆေးတိုက်မှာ ကိုယ်ပိုင်ကား ၄-၅ စီးထက်မနဲရှိပါတယ်။

မိမိကို အကြိုအပို့လုပ်ပေးတဲ့ကားတွေက မှတ်မိသလောက်ပြောရရင် မာစီဒီး၊ ဗော်လ်ဗို၊ လဲန်းရိုဗာ
ကားများဖြစ်ပါတယ်။ အမြဲမောင်းတဲ့ကားဆရာ ၂ ဦးကတော့ ကိုအေးနဲ့ကိုညီလေးတို့ဖြစ်ကြတယ်။
သူတို့နှစ်ဦးကို လူပျံတော်ပတ္တမြားမိသားစုနဲ့အတူ အမှတ်တရရှိပါတယ်။
























ဒေါ်ဖြူသီ၏အချစ်ရေးနှင့်မိသားစုအကြောင်း မိမိကြားထား သိထား မြင်ထားတာလေးတွေကို နဲ
နဲပြောပြချင်ပါတယ်။ ၀မ်းသာကြည်နူးစရာကောင်းလို့ပါ။

ဒေါ်ဖြူသီနှင့်ခင်ပွန်းဦးအောင်မြင့်တို့၏အချစ်ဇာတ်လမ်းက 'မမထားနှင့်အပါ' လို့ပြောနိုင်ပါတယ်။ 

မိမိတို့ ၈ တန်း ၉ တန်းလောက်တုန်းက လူကြိုက်များခေတ်စားခဲ့တဲ့ ရုပ်ရှင်ကားရဲ့ အမည်လေးပါ။
မြင့်မြင့်ခင်က'မမထား'(၂၈နှစ်)၊ ညွှန်းဝင်းက'အပါ'(၁၈နှစ်)အဖြစ်သရုပ်ဆောင်ကြကာ ၁၉၆၃ ခုနှစ်
ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။ လွမ်းမောဖွယ်မေတ္ထာဇာတ်လမ်းလေးဖြစ်တာကြောင့် ကြည့်ရှုတဲ့လူ
ငယ်များအနေနဲ့ သဲသဲလှုပ်ဖြစ်ခဲ့ကြတာ။

ဦးအောင်မြင့်အိမ်မှာ စာလာသင်ပေးနေတဲ့ဆရာမဒေါ်ဖြူသီနှင့်ကျောင်းသားလေးမောင်အောင်မြင့်
တို့ကလဲ နှစ်ဦးသံယောဇဉ်နှောင်တွယ်ရာကနေ တူနှစ်ကိုယ်မေတ္ထာသက်ဝင်ခဲ့တဲ့အချစ်ဇာတ်လမ်း 
ပါ။ 
ဒေါ်ဖြူသီက ဦးအောင်မြင့်ကို အိမ်မှာ 'အောင်' 'အောင် ရေ'လို့ခေါ်တာ မကြာခဏကြားခဲ့ရတာဖြစ်
လို့ အိမ်ထောင်ကျပြီး သမီး ၃ ယောက်ရှိလာတဲ့အထိ သူတို့အချစ်က နုပျိုနေဆဲလို့ခံစားမိပါတယ်။
အဲဒီအချိန်က သမီးအကြီး ၂ ယောက်ဖြစ်သည့် 'မာမာ'နှင့်'တာတာ'တို့က အပျိုအရွယ်ရှိနေပါပြီ။ 

အဆိုတော်မို့မို့က အငယ်ဆုံးပါ။





















လူပျံတော်ပတ္တမြားမိသားစုနဲ့မိမိတို့မိသားစု သိကျွမ်းခင်မင်ရင်းနှီးခဲ့တာဟာ ပဋ္ဌာန်းဆက်လို့ပြော
ရမှာပါ။ ပထမအနေဖြင့် ဆရာ-လူနာဆက်ဆံရေးကနေ မိသားစုနှစ်ခု၏ဆက်ဆံရေးအထိဖြစ်လာ
ခဲ့တာမျိုးပါ။

ပဋ္ဌာန်းဆက်ဆိုတာနဲ့ပတ်သက်ပြီး မနာပဒါယီ ဆရာတော်အရှင်ဝိစိတ္တက အောက်ပါအတိုင်းမိန့်
တော်မူခဲ့တာကို ကြားနာဖူး မှတ်သားခဲ့ဖူးပါတယ်။

   "လူတွေတစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နေလို့ရတယ်ဆိုတာ...

     (၁) အတိတ်ဘဝက အကြောင်းပဋ္ဌာန်းဆက်ရှိလို့ရယ်
     (၂) လက်ရှိဘဝမှာ တစ်ဦးအကျိုးကိုတစ်ဦးက ဆောင်နေကြလို့ရယ် ...
     

     ဒီအကြောင်း(၂)ပါးကြောင့် ဆုံနေကြရတာပါ။ ဒါကိုပဲ ပဋ္ဌာန်းဆက်ရှိလို့၊ ရေစက်ရှိလို့လို့ပြော

     ကြတာပါ။

     တကယ်တော့ ပဋ္ဌာန်းဆက်ကို လျှော့တွက်လို့ မရဘူး။ အချိန်မတန်သေးလို့ ရေစက်မဆုံဖြစ်
     ကြသေးပေမယ့် အချိန်တန်ရင်တော့ ဘယ်မှာပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆုံဖြစ်ကြတာပါ
     ပဲ။ 
     ဒါကြောင့် အကြောင်းပဋ္ဌာန်းဆက်ရှိလို့ ဆုံနေကြရတဲ့ဘဝမှာ ဆုံနိုင်ခွင့်တွေ တွဲလက်ဆက်
     နိုင်ဖို့ တစ်ဦး၏အကျိုးကိုတစ်ဦးက လိုလားတဲ့မေတ္တာဓာတ်နဲ့အတူ တွဲယှက်ခရီးဆက်ကြဖို့ပဲ 
     မဟုတ်လား။" 

ဒါနဲ့စကားမစပ် ပဋ္ဌာန်းဆက်ဆိုလို့ ဒီကနေ့ နေ့ခင်းအလုပ်ကအပြန် ဘတ်စ်ကားမှတ်တိုင်မှာရပ်
စောင့်နေရင်း ပေါက်ပေါက်ရှာရှာတွေးမိတာလေးကို ပြောပြချင်ပါတယ်။

မှတ်တိုင်မှာ တစီးပြီးတစီးထိုးရပ်လာတဲ့ဘတ်စ်ကားတွေကို ဘာရယ်မဟုတ်ကြည့်မိရာက မာစီဒီး
တံဆိပ်နဲ့ဘတ်စ်ကား၊ ဗော်လ်ဗိုတံဆိပ်နဲ့ဘတ်စ်ကားတွေတွေ့ရတော့ သက်မဲ့ဖြစ်တဲ့သူတို့တွေနဲ့
လဲပဲ ပဋ္ဌာန်းဆက်ရှိရပြန်တာမျိုးပါလားလို့တွေးကာ စိတ်ထဲမှာပြုံးမိရသေးတော့။ 
သြော် ပဋ္ဌာန်းဆက် ပဋ္ဌာန်းဆက် ...။

















စင်ကာပူကိုရောက်ပြီးနောက် ၁၉၉၂ ခုနှစ်မှာ မိမိတို့မိသားစု မြန်မာပြည်ကို ပထမဆုံးအခေါက်အ

လည်ပြန်တုန်းက တာဝါလိန်းခြံထဲက ဒေါ်ဖြူသီတို့အိမ်ကို အလည်ရောက်ခဲ့ပါတယ်။ ဦးအောင်မြင့်

နဲ့မိသားစုကိုတွေ့ဆုံနှုတ်ဆက်နိုင်ခဲ့ပေမယ့် မိမိ၏လူနာဖြစ်သူအမေငြိမ်း(ဦးအောင်မြင့်၏မိခင်) က

ကွယ်လွန်သွားပြီဖြစ်လို့ မတွေ့ရတော့ပါဘူး။


မြန်မာပြည်ကမထွက်လာခင် သမီးငယ်ငယ်တုန်းက ဒေါ်ဖြူသီတို့အိမ်မှာ ၂ ခါ ၃ ခါလောက်အိပ်ခဲ့ဖူး

တာကြောင့် ဦးအောင်မြင့်က အခု သမီးကိုတွေ့တော့ ဘဘတို့အိမ်ကိုလာအိပ်ဦးမလားမေးပါတယ်။

သမီးက မအိပ်ချင်ဘူးပြောတာကြောင့် လာအိပ်ရင် မုန့်ဖိုး ၅ ကျပ်ပေးမယ်ပြောလို့ အားလုံးရယ်ကြရ

သေးတာ။ အဲဒီအချိန်က ကလေးမုန့်ဖိုး ၅ ကျပ်က တန်ဖိုးရှိခဲ့ပါတယ်။ 


ဒီနောက်ပိုင်းမှာ ဒေါ်ဖြူတို့မိသားစု စင်ကာပူကို ဦးအောင်မြင့်မျက်စိကုဖို့လာတော့ ပင်နင်းဆူးလားပ

လာဇာနားက Peninsula Excelsior ဟိုတယ်မှာ သွားတွေ့ခဲ့တာနောက်ဆုံးဖြစ်ပါတယ်။ ဓာတ်ပုံတွေ

မှတ်တရရိုက်ထားတာရှိပါတယ်။ အချိန်ရတဲအခါမှာ ရှာပြီးတင်ပေးပါဦးမယ်။















ဆက်ပြီးရေးပါဦးမည်။




No comments:

Post a Comment