"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 2, 2023

စပ်မိစပ်ရာများ (၁) - ဒေါက်တာမောင်မောင်အေး၏ဇနီး ကွယ်လွန်သွား

 


SOURCE:
The Straits Times (16/6/32)


ဇွန်လ ၁၆ ရက်နေ့ထုတ် 'သ စထရိတ်စ်တိုင်းမ်စ်'သတင်းစာ(နာရေး)မှာ မြန်မာပြည်ကနေ စင်ကာပူ

နိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်ခဲ့သည့် ခွဲစိပ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်

အေး[MBBS (RGN), M.Sc (Zoo), FRCS (ENG), FRCS (EDIN), FRCS (GLAS), FACS]၏ဇနီး 

ဒေါ်လှလှဝင်းသည် စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံ၌ ကွယ်လွန်သွားသည့်နာရေးကို ဖတ်ရ

သည်။ 

ဇွန်လ ၁၄ရက်က ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး သမီး၊ သားနှင့်မြေး ၅ ယောက်ကျန်

ခဲ့ကြောင်းသိရသည်။

ဆရာကြီး ဒေါက်တာမောင်မောင်အေးသည် စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံ၌ပင် ယခုနှစ် ဧပြီ

လ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်းကို ဤကျွန်းသာယာဘလော့တွင် ဧပြီလ ၁၆ ရက်နေ့က 

 သတင်းဆောင်းပါးတင်ခဲ့ပါသည်။ 

ဆရာကြီးကွယ်လွန်ချိန်ကလည်း အသက်(၉၁)နှစ်ဖြစ်သည်။













မိမိမှတ်မိသလောက်ဆိုပါက ၁၉၉၀ ခုနှစ် မေလတွင် မိမိ စင်ကာပူနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ပြီး

၁၉၉၂ ခုနှစ်တွင် မြန်မာပြည်သို့ မိသားစုနှင့်အတူ ပထမဆုံးအကြိမ် အလည်ပြန်ဖြစ်ခဲ့ပါသည်။ 

ရန်ကုန်မှာရှိနေစဉ် မိမိတာဝန်ထမ်းဆောင်ခဲ့ဖူးသည့်သမိုင်းမသန်မစွမ်းလူနာများဆေးရုံ(Hospital for 

the Disabled)မှဆေးရုံအုပ်ကြီး ဆရာကြီးဒေါက်တာဦးလှဖေအား သူ့အိမ်သို့သွားရောက်ဂါရ၀ပြုနှုတ်

ဆက်ခဲ့သည်။ (ဆေးရုံအမည်အား ထိုစဉ်က တရားဝင်အမည်အတိုင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။) 

ဆရာကြီးဦးလှဖေက စင်ကာပူတွင်သူ၏သူငယ်ချင်းဖြစ်သူ ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦး

မောင်မောင်အေး အလုပ်လုပ်နေထိုင်လျက်ရှိကြောင်းပြောကာ သူမြန်မာလိုရေးထားသည့်စာအုပ်(၁

အုပ်လား ၂ အုပ်လားမမှတ်မိတော့ပါ)ကို ဆရာကြီးဒေါက်တာမောင်မောင်အေးကို သူ့ကိုယ်စားလက်

ဆောင်ပေးရန်ပြောခဲ့ပါသည်။ 











ဆရာကြီးထံသွားရောက်တွေ့ဆုံနိုင်ရန် ဆရာမကြီးဒေါ်လှရီက ဆရာကြီး၏သမီးဖြစ်သူဒေါ်မာဂရက်

နှင့်ဆက်သွယ်စီစဉ်ပေးခဲ့သည်။ 

သူ့တပည့်ဖြစ်သူမိမိကို တွေ့ရသောအခါ ဆရာကြီးက ၀မ်းသာအားရဖြစ်ပြီး သူ့အိမ်နှင့် ၂အိမ် ၃အိမ်

ကျော်ရှိလက်ဘက်ရည်ဆိုင်သို့ခေါ်သွားသဖြင့် လက်ဘက်ရည်သောက်ရင်း ဆရာတပည့်နှစ်ဦးစကား

စမြည်ပြောခဲ့ကြသည်ကို အမှတ်ရမိနေပါသေးသည်။


မိမိစင်ကာပူသို့ပြန်ရောက်သောအခါ ဆရာကြီးဦးလှဖေကလက်ဆောင်ပေးခိုင်းလိုက်သည့်စာအုပ်ကို 

ဆရာကြီးဒေါက်တာမောင်မောင်အေးနေထိုင်ရာ ဘူးကစ်ပန်ဂျန်နေအိမ်သို့သွားရောက်ပေးခဲ့ရာ ဆရာ

ကြီးကတော်က မိမိနှင့်ဇနီးအား လိမ္မော်ရည်ဖျော်တိုက်ခဲ့သည်ကို သတိတရရှိပါသည်။











ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment