"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, July 11, 2023

မေ့မေ့လျော့လျော့ဖြစ်ခြင်း (၁)

 


အသက်အရွယ်အားဖြင့် ၇၅ နှစ်အတွင်းရောက်ရှိလာပြီဖြစ်သည့် မိမိသည် မကြာမကြာဆိုသလို မေ့

လျော့ခြင်းများရှိလာသည်။

အခုလေးတင်ကပဲ လက်မှာကိုင်ထားသောပစ္စည်းတခုကို ဘယ်နေရာတွင်ချထားမိမှန်မသိသဖြင့် အ

ခုတခါပြန်ရှာနေမိတတ်သည်။

ကိုယ့်မျက်နှာတွင်တတ်ထားသည့်မျက်မှန်ကို တတ်ထားလို့တတ်ထားမှန်းသတိမေ့ပြီး ဟိုနေရာဒီနေ

ရာတွေမှာ ရှိနိုးနိုးလိုက်ကြည့်မိသည့်အဖြစ်မျိုးလည်း တကြိမ်မက ကြုံဖူးခဲ့ပြီ။

တခါတခါ တနေရာရာမှာ ပစ္စည်းတခုခုယူဖို့သွားရင်း ထိုနေရာသို့ရောက်သောအခါ ဘာယူဖို့လာမှန်း

ယုတ်တရက် မတွေးတတ်တာလည်းဖြစ်ရသေးတော့။

ထိုအခါ 'သတိ'ဆိုသည့်အရာ၏တန်ဖိုးကို ယခင်အခါများကထက် ပိုမိုသိလာသည်။ ဂရုပြုအလေး

ထားလာမိသည်။ 

တခါတရံသာမဟုတ်မူပဲ အချိန်တိုင်းနှင့်အခါများစွာတို့တွင် သတိမပြတ်ရှိရန် အားထုတ်မှုပြုရသည်။


ထိုကြောင့် ဒီကနေ့ စာအုပ်အဟောင်းဆိုင်သို့ရောက်သွားသောအခါ သတိမေ့လျော့ခြင်းကို ကျော်

လွှားလျက် မိမိ၏မှတ်ဥာဏ်ကို အကောင်းဆုံးအသုံးပြုနိုင်မည့်နည်းများကို လမ်းညွှန်ထားသည့် 

Beat Memory Loss (the complete guide to making the most of your memory) ဆိုသည့် စာ

အုပ်ကိုတွေ့ရသဖြင့် ကိုယ့်ကိုယ်ကိုကုစားကြည့်ရန် ၀ယ်ခဲ့ပါသည်။



 


























စာအုပ်၏မူရင်းဈေးနှုန်းမှာ စင်ကာပူငွေ ၁၃ ဒေါ်လာနှင့် ၉၀ ဆင့်ဖြစ်ပြီး မိမိဝယ်လာသည့်အဟောင်း

ဈေးနှုန်းမှာ ၃ ဒေါ်လာသာပေးရသည်။

စာအုပ်အဖုံးနှင့်အတွင်းစာမျက်နှာများ၏အပြင်အဆင်မှာ သပ်ရပ်စနစ်ကျပြီး ပညာရပ်ဆိုင်ရာစာအုပ်

တအုပ်၏ကြန်အင်လက္ခဏာများနှင့်ညီညွတ်သည်ဟုခံစားနှစ်သက်မိပါသည်။


အကြောင်းအရာများကို အခန် (၄) ခန်းဖွင့်ရေးထားသည်။


အခန်း (၁) တွင် မိမိတို့အကြမ်းဖျင်းအားဖြင့်နားလည်ထားသည့်မှတ်ဥာဏ်အကြောင်းကို မှတ်သား

သိမ်းဆည်းထားမှု (database) မျိုးသက်သက်သာမဟုတ်ကြောင်းနှင့် ယင်းမှာမှတ်ဥာဏ်၏တစိတ်

တဒေသသာဖြစ်ကြောင်း၊ အမှန်တကယ်က  မှတ်ဥာဏ်သည် အတွေးများ၊ စိတ်ခံစားလှုံ့ဆော်မှုများ၊

ထင်မြင်ယူဆမှုများ၊ လက်တွေ့လုပ်ကိုင်မှုများအစရှိသည့်အစိတ်အပိုင်းများပါ အတွင်းကျကျချိတ်

ဆက်လျက်ရှိသော ဦးနှောက်၏အဆင့်မြင့်စနစ်တရပ်(dynamic system)ဖြစ်ကြောင်းဖွင့်ဆိုထားပါ

သည်။






























No comments:

Post a Comment