"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 15, 2023

မေ့မေ့လျော့လျော့ဖြစ်ခြင်း (၂)

 


အခန်း (၂) တွင် မှတ်ဥာဏ်နှင့်သက်ဆိုင်သည့်အခက်အခဲများ သို့မဟုတ် ပြသနာများအကြောင်း

ကို ရှင်းပြထားသည်။

တကယ်က အလုံးစုံမှတ်မိသောမှတ်ဥာဏ် (perfect memory) သည် တောင့်တမျှော်လင့်စကောင်း

သောမှတ်ဥာဏ်အမျိုးအစား(desirable)မဟုတ်သကဲ့သို့ ရှိကိုရှိထားရမည့်မှတ်ဥာဏ်မျိုး(necessary)

လည်း မဟုတ်ပါချေ။

သို့တစေ နေ့တဒူဝကိစ္စများကိုပြုလုပ်ရန်အတွက်လိုအပ်သော စကားလုံးများ၊ အမည်များ၊ အချက်

အလက်များ၊ နေရာဌာနများ အစရှိတို့ကို ဦးနှောက်ထဲတွင် အလုံအလောက်ပြည့်ပြည့်စုံစုံ မှတ်သား

သိမ်းဆည်းထားရန်ကား အသေအချာလိုအပ်လေသည်။ 

မိမိတို့အနေဖြင့် ဥပမာ သော့ကို မည်သည့်နေရာတွင်မေ့ကျန်ခဲ့သည်ဆိုသည့်ကိစ္စမျိုးကို ပြန်ပြီးသ

တိပြုမှတ်မိရန် စိတ်ကတွေးတောစဉ်းစားနိုင်ရမည်ဖြစ်သည်။

အကယ် ထိုသို့ပြုလုပ်ရန် ကြိမ်ဖန်များစွာပင် အမြဲလိုလိုမစွမ်းဆောင်နိုင်ဘဲဖြစ်ပြီး မိမိ၏ရပ်တည်ရှင်

သန်လုပ်ကိုင်မှုကိုထိခိုက်နေပြီဆိုက နားလည်ကျွမ်းကျင်သူများ၏အကူအညီကို ရယူရန်လိုအပ်နေပြီ

ဖြစ်သည်။

'မှတ်ဥာဏ် မကောင်းဘူး' ဟု လူအများကပြောပြောနေခြင်းသည် ပစ္စည်းများ 'ဟိုဟာမေ့ ဒီဟာမေ့'

(သတိမေ့)ဖြစ်ခြင်းကို ဆိုလိုပေသည်။

အမှန်က မှတ်ဥာဏ်နှင့်သက်ဆိုင်သည့်တခြားသောပြသနာအမျိုးအစားတွေ အများအပြားရှိနေပါ

သေးသည်။


                 

















No comments:

Post a Comment