"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, July 20, 2023

မျှော်တလင့်လင့် ကိုဗစ်-၁၉ စွမ်းဆောင်ဆု(၁)


COVID- 19 Resilience Medal


 

စင်ကာပူနိုင်ငံမှာဆိုလို့ရှိရင် သြဂုတ်လ ၉ ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့(National Day)

ကျင်းပလေ့ရှိပါတယ်။ 

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ မလေးရှားနိုင်ငံကနေ လွတ်လပ်ရေး(Inde-

pendence) ရခဲ့တဲ့အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့လို့သတ်မှတ်ပြီးကျင်းပခဲ့တာပါ။







စင်ကာပူနိုင်ငံသည် မိမိတို့မြန်မာနိုင်ငံမှာလို လွတ်လပ်ရေးနေ့နဲ့အမျိုးသားနေ့ဆိုပြီး ၂ ရက်သီးခြား

မရှိပါဘူး။ အမျိုးသားနေ့တနေ့ထဲပဲရှိတာ၊ ကျင်းပတာ။ 

မြန်မာလူမျိုးတွေအနေနဲ့က စင်ကာပူအမျိုးသားနေ့ဟာ လွတ်လပ်ရေးနဲ့ပိုပြီးတူနေပါတယ်။

ဒီနေ့မှာပဲ စင်ကာပူအစိုးရက မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတော်၏ဘွဲ့ထူး၊ ဂုဏ်ထူးနဲ့ဆုတံဆိပ်များချီးမြှင့်

လေ့ရှိပါတယ်။


ယခုနှစ်မှာတော့ နှစ်စဉ်ချီးမြှင့်နေကျ ဘွဲ့ထူး၊ ဂုဏ်ထူးနဲ့ဆုတံဆိပ်များအပြင် နိုင်ငံတော်၏ဆုတံဆိပ်

အမျိုးအစားသစ် (New Special State Award) တမျိုးကို ထည့်သွင်းချီးမြှင့်သွားမှာဖြစ်ပါတယ်။ 











ဒီအထူးဆုတံဆိပ်ကို စင်ကာပူနိုင်ငံ၏ကိုဗစ်ရောဂါကာကွယ်ကုသရေးမှာ ရှေ့ တန်းကနေတိုက်ရိုက်

ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို လာမည့်နှစ်အမျိုးသားနေ့တွင်ချီးမြှင့်ပေးအပ်မည့်အကြောင်းကို ပြီး

ခဲ့တဲ့ ၂၀၂၂ ခုနှစ် အမျိုးသားနေ့မှာ ၀န်ကြီးချုပ်လီစင်လွန်းက သူရဲ့ အမျိုးသားနေ့မိန့်ခွန်းထဲမှာထည့်

သွင်းပြောကြားခဲ့တာပါ။ 







ပြီးခဲ့တဲ့နှစ် ဒီရက်ပိုင်းတွေလောက်က မိမိ၏ဌာနမှူး(Physiotherapy Head of Department)က မိမိ

အား အထက်ပါဆုအတွက်ဆေးရုံကနေတဆင့် ထောက်ခံချက်ပေးထားကြောင်းကို မိမိအားပြော

လာခဲ့ပါတယ်။ 

အကြောင်းက ဒီလိုရယ်ပါ။

စင်ကာပူမှာ ကိုဗစ်ရောဂါဆိုး သိသိသာသာကြီးအရှိန်မြင့်မားစပြုလာတဲ့(Dorscon yellow level)

အခြေအနေဖြစ်သော ၂၀၁၉ နှစ်ကုန်လောက်ကစပြီး မိမိသည် ဆေးရုံ၏အထူးဖျားနာကြပ်မတ်

ဆောင်သို့ရောက်ရှိသွားရာ တနေ့တခြားတိုးလာသည့်ကိုဗစ်လူနာများနှင့် အကြိတ်အနယ်နပန်း

လုံးခဲ့ရသည်။ 

သမားတော်ကြီးက မိမိအားလွှဲအပ်ထားသည့် လူနာဆောင် ၃ ဆောင်မှကိုဗစ်လူနာအားလုံးအား 

အဆုတ်နှင့်အသက်ရူလမ်းကြောင်းကုသမှု(Chest Physiotherapy)ကို တကိုယ်တော်လက်စွမ်းပြ

လျက် ကုသလုပ်ကိုင်ပေးခဲ့ရတော့တာ။ 




ဒီနေရာမှာ Chest Physiotherapyနဲ့ပတ်သက်လို့ကြားဖူးနားဝမရှိထားကြသူများအတွက် မိမိတို့
အကြောအဆစ်ကုပညာရှင်များ(Physiotherapist)က အဆုတ်နဲ့အသက်ရူလမ်းကြောင်းကုသမှု
ကို ဘာအတွက် ဘာ့ကြောင့်ပြုလုပ်ပေးရတာလဲဆိုတာ အနည်းငယ်ရှင်းပြလိုပါတယ်။






ဆေးပညာနယ်ပယ်မှာ စီပီတီ (၀ါ) ချက်စ်ပီတီ (CPT or Chest PT) ရယ်လို့ အတိုကောက်ခေါ်
ဝေါ်လေ့ရှိသည့် အဆုတ်နှင့်အသက်ရူလမ်းကြောင်းကုသမှုကို အများက နားလည်လွယ်အောင်
အတိုချုပ်ပြောရမယ်ဆိုရင် အဆုတ်များရှိလေအ၀င်အထွက်လမ်းကြောင်းတွေကိုသန့်ရှင်းပေး
တာလို့ပြောနိုင်ပါတယ်။

ဒီလိုကုသပေးတာကို အေစီတီ (ACT - airway clearance technique) လို့ခေါ်ပါတယ်။ 







Chest Physiotherapy လို့ခေါ်တဲ့ အဆုတ်နှင့်အသက်ရူလမ်းကြောင်းကုသမှုပြုလုပ်ပေးရခြင်း၏

ရည်ရွယ်ချက် (၅) ချက်ရှိပါတယ်။ 

၁) အဆုတ်၏အသက်ရူလမ်းကြောင်းများမှာစုဝေးနေတဲ့အရည်များနှင့်အကျိအချွဲများ(secretions)

ထုတ်ပစ်ရာတွင်အဆင်ပြေစေရန်

၂) အဆုတ်၏လုပ်ငန်းဆောင်တာများကို ပြည့်ပြည့်၀၀လုပ်ဆောင်နိုင်စေရန် (ဥပမာ၊ အပြင်ကရှူ 

သွင်းတဲ့သန့်ရှင်းတဲ့လေနဲ့ခန္ဓာကိုယ်ထဲကညစ်ညမ်းတဲ့လေများ အလဲအလှယ်ပြုခြင်း)  

၃) အသက်ရှူခြင်းကိုလုပ်ပေးနေတဲ့ကြွက်သားများ(respiratory muscles)ရဲ့ စွမ်းအင် ဒါမှမဟုတ် 

အောက်ဆီဂျင်လိုအပ်မှု(work of breathing- WOB) အား သက်သာစေရန်

၎) လေ့ကျင့်လှုပ်ရှားမှုခံနိုင်စွမ်း(exercise tolerance) ပိုမိုကောင်းမွန်လာစေရန်

၅) နောက်ဆက်တွဲရောဂါထွေမှုများမှ ကာကွယ်ပေးရန်













အဆုတ်နဲ့အသက်ရှူလမ်းကြောင်းတွေအကြောင်းပြောတဲ့အခါတိုင်း ကွယ်လွန်သွားပြီဖြစ်တဲ့ဆေး

တက္ကသိုလ်(၁)က မိမိတို့၏ခန္ဓာဗေဒ(Anatomy)ဆရာ ဒေါက်တာဦးမျိုးမြင့် (နောင်တွင် အရိုးနှင့်

လက်ပိုင်းဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်)ကို အမြဲလိုလို

အမှတ်တရဖြစ်မိပါတယ်။ 

မိမိတို့အကြောအဆစ်ဘာသာရပ်ကျောင်းသူကျောင်းသားများသည် ဆေးဘက်ပညာသိပ္ပံကျောင်း 

တတိယနှစ်မှာ ရန်ကုန်ပြည်လမ်းဘေးက လိပ်ကုန်း(ဂုံး)ကြီးရှိတဲ့ဆေးတက္ကသိုလ်(၁)မှာ ခန္ဓာဗေဒ

ဘာသာကို ၁ နှစ်သင်ကြားခဲ့ကြရတာဖြစ်တယ်။

အဲဒီမှာ လူသေအလောင်းကိုလက်တွေ့ခွဲစိတ်ပြီး အရိုး ကြွက်သားနဲ့အဆုတ်တွေအကြောင်းကို အ

ဓိကသင်ပေးခဲ့တာပါ။ 












ဆက်ပြီးရေးပါဦးမည်။




No comments:

Post a Comment