"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, July 21, 2023

စိတ်ကျန်းမာရေးနှင့် အကြောအဆစ်ကုဆေးပညာ (၂)

 


စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အကြောအဆစ်ကုပညာရပ်၏အခန်းကဏ္ဍ (Physiotherapy in

Mental Health) သည် အထူးပြုဘာသာရပ်(Speciality within physical therapy) တခုဖြစ်သည်။ 

ယင်းကို ကျန်းမာရေးဌာနများ၊ စိတ်ကျန်းမာရေးဌာနများ၊ စိတ်ရောဂါကုဆေးပညာ(Psychiatry)နှင့်

ဆိုက်ကိုဆိုမက်တစ်ဆေးပညာ(Psychosomatic medicine)တို့တွင် အသုံးပြုပါသည်။ 


စိတ်ကျန်းမာရေးဆိုင်ရာအကြောအဆစ်ကုဆေးပညာသည် လူကိုပဓာနပြု (person-centered)

လျက် ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးတို့၏စိတ်ကျန်းမာရေးအခြေအနေအရပ်ရပ်(အနည်းအပါး၊ 

အလယ်အလတ်၊ အပြင်းအထန်) ကို ကုသပေးရန် ရည်ရွယ်ထားသည်။

စိတ်ကျန်းမာရေးဆိုင်ရာအကြောအဆစ်ကုပညာရှင်သည် ကျန်းမာရေးပညာပေးလှုံ့ ဆော်ခြင်း၊ ကြို

တင်ကာကွယ်ခြင်း၊ ကုသမှုပေးခြင်းနှင့်ပြန်လည်ထူထောင်ပေးခြင်းတို့ကို တဦးချင်းအလိုက်ဖြစ်စေ၊ 

အစုအဖွဲ့အလိုက်ဖြစ်စေ လုပ်ဆောင်းပေးပါသည်။






သို့ဖြစ်ရာ စိတ်ကျန်းမာရေးဆိုင်ရာအကြောအဆစ်ကုပညာရှင်၏အဓိကတာဝန်မှာ လူနာများအနေ

ဖြင့် အကောင်းဆုံးကျန်းမာနေစေခြင်း၊ လက်ရှိလှုပ်ရှားလုပ်ဆောင်မှုများကိုဆက်လက်ထိန်းထားပြီး 

တချိန်ထဲမှာပင် မြှင့်လည်းမြှင့်တင်ပေးခြင်းနှင့်ကိုယ်လက်လေ့ကျင့်မှုများပြုလုပ်ရန် အားပေးကူညီ

သင်ပြပေးခြင်းတို့ဖြစ်ကြသည်။












No comments:

Post a Comment