"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 27, 2014

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၃)



၁၃၇၆ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်။



"ထီးထမ်းလမ်းလျှောက် စင်ကာပူ"တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာက လေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။




ည ၇ နာရီခွဲမှာ တွေ့ရတဲ့ စင်ကာပူကမြန်မာရွာကြီးအနီးဝန်းကျင်၏ မှောင်ရီပျိုးစမြင်ကွင်း။
(ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



မြန်မာပြည်မှ တူမလေးတစ်ယောက် စင်ကာပူကိုအလည်လာဖို့ရှိလို့ မနေ့ညနေပိုင်းက လင်ကိုယ်မယားနှစ် ယောက် မြို့ ထဲကိုသွားကြရတယ်။ ဒီလိုရက်မျိုး ဒီအချိန်မျိုးမှာ ရထားစီးပြီး မြို့ ထဲကို သွားလေ့မရှိလို့ နဲနဲ လေး အဆင်မပြေဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးသွားတာမို့ အချိန်အနည်းငယ်ပိုပြီး ကြာသွားတာကလွဲလို့ ဘာမှတော့အကြောင်းမထူးပါဘူး။ 

ပုံမှန်အားဖြင့် မိမိတို့ မြို့ ထဲကိုသွားရင် ရထားစီးခဲပါတယ်။ ၂ ထပ် ဘတ်စ်ကားကြီးကို ဇိမ်ကျကျနဲ့စီးကြတာ များပါတယ်။ ဂိတ်ကနေစီးတာဖြစ်လို့ ကိုယ်ကြိုက်တဲ့နေရာကို ရွေးထိုင်ပြီး စကားလေးတပြောပြောနဲ့ သွား ကြတာ။ တစ်ခါတစ်လေ ကားပေါ်မှာ တစ်ရေးတစ်မောအိပ်ရင်း သွားကြတာ။ 




ဂျူရောင်းအိစ်ဘူတာ၏ဆည်းဆာအလှ .. ညနေ ၆ နာရီ ၅၈ မိနစ်။
(ဓာတ်ပုံ - ဖိုးတာ၊ ဇူလိုင်လ ၂၀၁၄)




မနေ့ကတော့ အချိန်ကုန်သက်သာအောင်လို့ အသွားကိုရထားစီးပြီး အပြန်မှဘတ်စ်ကားစီးမယ်လို့ စီစဉ်ခဲ့ တယ်။ ဒါနဲ့ အိမ်ကနေ တက္ကစီစီးပြီး ဂျူရောင်းအိစ်ဘူတာကိုသွားပြီး ဘူတာပလက်ဖောင်းပေါ်ကိုလည်း ရောက်ရော ခရီးသည်တွေက တင်းကျမ်း (ဒင်းဂျန်း)ကြီးပါပဲလား။ ဒါနဲ့မူလအစီအစဉ်အတိုင်း အဲဒီကနေ မြို့  ထဲကိုသွားမယ့်အစား ခရီးသည်နည်းတဲ့'ဘူးကစ်ဘာတော့'ဘူတာဖက်ကိုပဲ လမ်းကြောင်းပြောင်းပြီး တစ်ဘူ တာ စီးလိုက်တယ်။ ဘူကစ်ဘာတော့ဘူတာမှာဆင်းပြီး ဘတ်စ်ကားအမှတ်(၆၁) ကို ပြောင်းစီးကြတယ်။

ရထားကို ကျပ်ကျပ်ညပ်ညပ် မစီးချင်တာနဲ့ ရထားစီးသွားရင် မိနစ် ၄၀ လောက်ပဲကြာမယ့်ခရီးကို ဘတ်စ် ကားနဲ့ ၁ နာရီ ၁၀ မိနစ်ကြာ စီးခဲ့ရတယ်။’  

ခရီးသွားချိန်ကြာပေမယ့် ကိုယ်မရောက်တာကြာပြီဖြစ်တဲ့နေရာအချို့ ကို ပြန်ပြီးရောက်ရလို့ အပြောင်းအ လဲတွေ တွေ့ခဲ့ရပါတယ်။ တစ်ချို့ နေရာတွေက မိမိ တစ်ချိန်က နေ့စဉ်အလုပ်သွားခဲ့တာဖြစ်လို့ အမှတ်တရ လေးတွေဖြစ်ရပါတယ်။ 


စီးတီးဟောအနားက မြန်မာရွာကြီးကိုရောက်တော့ ည ၇ နာရီထိုးပြီးစအချိန်ဖြစ်ပေမယ့် နေအလင်းရောင် ရှိနေပါသေးတယ်။ ဒါကြောင့် ဆင်းတဲ့မှတ်တိုင်ဖက်ကနေ ပဲနင်းစူးလားပလာဇာဖက်ကို ကားလမ်းမကူးခင်  ဓာတ်ပုံတစ်ပုံရိုက်ပါတယ်။ မြန်မာရွာကြီးက မိတ္တုကူးတဲ့ဆိုင်ပိတ်သွားလို့ Funan Centre ဖက်ကိုသွားပြီး မိမိ၏မှတ်ပုံတင်ကာဒ်ပြားကို မိတ္တုကူးရပါတယ်။ 





မြန်မာရွာကြီး၏နောက်ကျောဖက်တစ်နေရာ။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



ဝက်သုံးထပ်သားဟင်း၊ ဒညင်းသီးပြုတ်၊ ငါးခူကြော်၊ ချည်ပေါင်ဟင်းချိုတို့နဲ့ ...(ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



မြနန်းနွယ်ဆိုင်မှာ တူမအတွက် စာပို့ရန်ပေးထားပြီးတဲ့ အခါ ရနံ့သစ်စားသောက်ဆိုင်မှာ ကုလားပဲခြမ်းနဲ့ ဆိတ်သားဟင်း၊ ၀က်သုံးထပ်သားနဲ့ခရမ်းချည်သီးချက်၊ ဒညင်းသီးပြုတ်၊ ငါးခူကြော်၊ ချည်ပေါင်ဟင်းချိုတို့နဲ့ ညစာစားကြတယ်။ ည ၈ နာရီခွဲမှာ အမှတ် ၁၉၇ ဘတ်စ်ကားကြီးစီးပြီး ပြန်လာခဲ့တာ ည ၁၀ နာရီမှာမှ အိမ် ကိုပြန်ရောက်ခဲ့ပါတော့တယ်။

















No comments:

Post a Comment