"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 13, 2015

မြန်ဌာနီ ထိုအလွမ်း


၁၃၇၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ သောကြာနေ့



FB

မြန်ဌာနီ ထိုအလွမ်း




ရေခြားမြေခြားကိုရောက်ပြီးနောက် အမိမြန်မာပြည်သို့ အကြိမ်ကြိမ်ပြန်လည်ခဲ့ဖူးသည်။

၁ နှစ် ၁ ခေါက် ပြန်သည့်အခါပြန်တတ်သလို ၂ နှစ်ကြာမှ ၁ ခေါက်သာပြန်ခဲ့သည်လည်း ရှိပါ၏။
အနည်းဆုံး ၁၀ ရက်မှ ၁ လ ကြာသည်အထိ နေခဲ့ဖူးသည်။

အမိအဖတို့ရှိစဉ်က သူတို့ရှိရာ ကန့်ဘလူသို့သာ တန်းတန်းမတ်မတ်သွားလေ့ရှိပြီး အပြန်တွင် ဖခင်ဘက်မှဆွေမျိုးများရှိသော ရွှေဘိုမြို့ သို့ တစ်ခေါက်တလေ ၀င်လည်တတ်သည်။ မြို့ ဒေါင့် စေတီဘုရားဖူးသည်။ အောင်မြေနင်းသည်။ ငယ်ငယ်က ကျောင်းနေဖက်သူငယ်ချင်းအချို့ ကို တွေ့သည်။ မိမိကြိုက်သော ရွှေဘိုနန်းကြီးမုန့်တီ၊ မုန့်ပျားသလက်နှင့်ထပ်တစ်ရာစားသည်။

ဘာပဲပြောပြော ကန့်ဘလူမုန့်တီလောက်တော့ ဘယ်မြို့ ကမုန့်တီကိုမှ မကြိုက်လှ။ ဒေါ်ခမုန့်တီနှင့် ဒေါ်လှမင်းတို့၏မုန့်တီလက်ရာများ။

မန္တလေးမြို့ ကို မသွားမဖြစ် မီးရထားဖြင့်ဖြတ်သွားရသည်ကလွဲပြီး ညအိပ်နေပြီးလည်ပတ်ခြင်း အလွန်နည်းလေ့ရှိသည်။

ဒါ့ကြောင့် မန္တလေးမြို့ ကို လည်လည်ဖယ်ဖယ်မရှိလှ။ ဘူတာကြီးနှင့်ဆေးရုံကြီးလောက်သာ သွား တတ်ပါ၏။ ဒီနောက်ပိုင်း ၁၀ နှစ်ကျော်လောက်ကမှ မန္တလေးမြို့ မှာ ညအိပ်ပြီး ဘုရားကြီးကိုဖူးပြီး မန္တလေးတောင်တက်ကာ ဘုရားဖူးတတ်သည်။ မြို့ ဟောင်းရှိ အဒေါ်နှင့်ညီအစ်ကိုမောင်နှမ၀မ်းကွဲ များထံ သွားလည်သည်။

ဆေးရုံကြီး အကြောအဆစ်ကုဌာနရှိ သူငယ်ချင်း မိတ်ဆွေများကို သွားတွေ့သည်။

တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကန့်ဘလူသား ငယ်သူငယ်ချင်း ကိုခင်မောင်မြင့် (စာရေးဆရာ မာန်မြင့်)မိသားစု။ 


နောက်ပြီး အလုပ်သင်ဆရာဝန်ဘ၀က မိမိနှင့်မော်လမြိုင်ဆေးရုံကြီးတွင် ရင်းနှီး ခဲ့သော မော်လမြိုင်သား မေ့ဆေးဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးဒေါက်တာကိုဟန်ဌေးတို့နှင့် တွေ့ဆုံလေ့ရှိ၏။

သူတို့လိုက်ပို့ရာလိုက်သွားပြီး သူတို့ကျွေးသည်များ စားရသည်။

တစ်ခါတစ်ရံမှာ မိမိဇနီး၏ဇာတိ မုဒုံမြို့ ကို သွားလည်တတ်သည်။ မိမိတို့ဇနီးမောင်နှံနှစ်ဦး ပထမဦး ဆုံး တွေ့ဆုံဖူးခဲ့သည့် မုဒုံကန်ကြီးဘုရားကိုတော့ မရောက်ရောက်အောင် သွားကြပါသည်။ 


မိမိတို့ တွေ့ဆုံစဉ်က ငုပင်ကြီး မရှိရှာတော့သော်လည်း ယင်းနေရာလေးကိုဖြင့် မှတ်မှတ်ရရ မိမိတို့နှစ်ဦး သွားဖြစ်အောင် သွားကြလေ့ရှိသည်။

သည်သို့ သည်သို့ မြန်မာတိုင်းဌာနီကို အမြဲတစေလွမ်းနေရပါ၏။


ပြန်ပြီး အလည်သွားလိုလှပါ၏။

အခေါက်ခေါက်ပြန်ပြီးလည်ခဲ့သော်လည်း ထပ်၍ထပ်၍သာ လည်ချင်သွားချင်နေပါ၏။

သို့မို့ကြောင့် ....




  • Tin Maung Aye အဖော်ရတာပေါ့။
    Like · Reply · 2 · May 15 at 10:16am
  • Ko Myo Zin မုဒုံ ကန်ကြီးဘုရား မှာ ဆရာတို့ တွေ့ တဲ့ ဇာတ်လမ်းတော့ စိတ်ဝင်စားလာပြီ ဆရာရေ့
    Unlike · Reply · 2 · May 15 at 3:07pm
    • Tin Maung Aye မုဒုံကန်ကြီးကဇာတ်လမ်းကို "ကျောက်စိမ်းရတုသို့ တိုင်လေပြီ" အမည်နဲ့ ကျနော်တို့၏ ၃၅ နှစ်မြောက်မင်္ဂလာအထိမ်းအမှတ်အဖြစ် ကျွန်းသာယာဘလော့ကနေကူးပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့ပြီးပါပြီ ဆရာကိုမျိုးဇင်။ မဖတ်လိုက်ရဖူးဆိုရင် ပြန်တင်ပေးပါ့မယ်ဗျာ။
  • Phyo Thant Maw သမီးကပိုဝမ်းသာပါတယ်ဆရာ။ ဆရာတို့စကားတွေနားထောင်ရတာနဲ့တင် တကယ်ပျော်နေမိတယ်
    Unlike · Reply · 1 · May 16 at 1:08am
  • Zin Lei Oo အဟီး မရတော့ဘူး လွန်သွားပြီ ၊ အမူလွန်လို့ ။ smile emoticon
    Unlike · Reply · 1 · May 16 at 7:00am






No comments:

Post a Comment